Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

"ဒီစကား"ဒေါ် အောင်ဆန်းစုကြည်

$
0
0
ယခု ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားအောင် ကြိုးစားနေရတဲ့အချိန်ပါ။ ဒီလိုအချိန်မျိုးမှာ လူကြိုက်များမှု စတားဖြစ်ရေးထက် အရေးကြီးတာက လုပ်သင့်လုပ်ထိုက်တာတွေကို လူမုန်းခံပြီး လုပ်နိုင်ဖို့ပါပဲ။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေကို ဖေဖေ့ရဲ့ လက်သုံးစကားအဆိုလေးကို ပြန်သတိပေးချင်ပါတယ်။ လုပ်ရဲတာက သတ္တိမဟုတ်ဘူး။ ခံရဲတာက သတ္တိတဲ့။ ဒါကိုတလွဲအဓိပ္ပာယ်မကောက်ပါနဲ့။ ဘာမှမလုပ်ဘဲ ဖြစ်သမျှသာခံဆိုတဲ့ သဘောမဟုတ်ပါဘူး။ ကိုယ်လုပ်ဖို့ရာ ဆုံးဖြတ်လိုက်တဲ့ အလုပ်ရဲ့အကျိုးဆက်တွေကို ခံရဲရမယ်လို့ ဆိုလိုတာပါ။ ကန္တာရခရီးလမ်းကို ပန်းခင်းထားတဲ့ စတားလမ်းလို့ မထင်မိကြပါစေနဲ့။ သိသိကြီးနဲ့ ရွေးပြီးလျှောက်ခဲ့တဲ့လမ်းမို့ မညည်းမညူဆက်ကြရမှာပါ။ လမ်းခုလတ်က ၀င်ပြီး အကြော့သားလေးစတားလုပ်ချင်တဲ့ စိတ်တွေမွေးရင်တော့ ကျွန်မတို့နိုင်ငံကို အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုလူတွေကို အားမကျကြပါနဲ့။
တစ်နေ့လွှတ်တော်ထဲမှာ မျက်မှန်ကို စာရေးခုံပေါ်မှာ ကိုင်ထားတုန်းငုံ့ကြည့်လိုက်တဲ့အခါ ခန်းမအထက်မျက်နှာကြက်က မီးလုံးများမြောက်များစွာဟာ မျက်မှန်ရဲ့ မှန်သားတွေပေါ်မှာ ကြယ်ကလေးများ တောက်ပသလို လင်းလက်နေ တာတွေ့လိုက် ရပါတယ်။ ကြည်နူးဖွယ်ရာ မြင်ကွင်းလေးမို့ လွှတ်တော်အတွင်း ဘာတွေပြောနေကြတယ်ဆိုတာကို သတိမပြုနိုင်တော့ဘဲ ကြယ်ကလေးများအကြောင်းကို အတွေးရောက်သွားပါတယ်။

“ကြယ်ကလေးတွေ” လို့ပြောလိုက်ပေမဲ့ ကြယ်တွေဆိုတာ တကယ်တော့ ကြီးမားတဲ့ ဂြိုလ်ကမ္ဘာကြီးတွေဖြစ်ပါတယ်။ မီးလျှံတွေဟုန်းဟုန်းတောက်နေလို့ ကျွန်မတို့ ကမ္ဘာက ကြည့်လိုက်တော့ လင်းလက်နေတာပါ။ စကြာဝဋ္ဌာကြီးရဲ့ ဝေးလံလှသော တစ်နေရာမှာရှိနေတဲ့ ကြယ်ကြီးအချို့ရဲ့ မီးလျှံတွေဟာ ငြိမ်းသွားတာကြာလှပါပြီ။ ဒါပေမယ့် အလင်းရောင်ရဲ့ အမြန်နှုန်းနဲ့တောင် အင်မတန်ကြာတဲ့ခရီးကိုဖြတ်ကျော်ခဲ့ရတာကြောင့် ဇစ်မြစ်ဖြစ်တဲ့ကြယ်ကြီးတွေ လောင်ကျွမ်းပျောက်ကွယ်သွားသည့်တိုင် ကျွန်မတို့အမြင်မှာတော့ တောက်ပဆဲအလင်းပွင့်လေးများလို မြင်နေရပါတယ်။

အခုခေတ်မှာ “စတား” ဆိုတဲ့ “ကြယ်” လို့အဓိပ္ပာယ်ပေါက်တဲ့ အင်္ဂလိပ်ဘာသာစကားလုံးကို တွင်တွင်သုံးကြပါတယ်။ ရုပ်ရှင်အနုပညာရှင်များနဲ့ ပတ်သက်လို့ အနောက်တိုင်းနိုင်ငံတွေမှာ စတင်သုံးစွဲခဲ့တယ်လို့ ထင်ပါတယ်။ စတားတွေဟာ အများအလယ်မှာ ရေပန်းစားပြီး အားကျစရာတွေဖြစ်လာတာကြောင့် ဒီစကားလုံးကို ရုပ်ရှင်အနုပညာပညာရှင်များ အပြင်၊ အကြောင်းကြောင်းကြောင့် လူအကြိုက်များ၊ ၀ိုင်းပြီးအားကျသြဘာပေးခံရသူတွေ ကိုလည်း “စတား” တွေလို့ခေါ်တွင်လာတာပါပဲ။ ယခုဆက်သွယ်ရေးတော်လှန်ရေးခေတ်ကြီးထဲမှာ ကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေသမျှကို လျင်မြန်စွာသိနိုင်မြင်နိုင်ဆိုတော့ “စတား”တွေကို လူအများက သိကြ၊ မြင်ကြရတာပေါ့။ အဲဒါကြောင့်ပဲ စတားရောဂါတွေ ထလာကြပါတယ်။

စတားရောဂါလို့ ကျွန်မပြောတာ အဓိပ္ပာယ်နှစ်မျိုးနဲ့ပါ။ တစ်မျိုးကတော့ စတားတွေအပေါ် စိတ်ဝင်စားအာရုံစိုက်တာ၊ စတားတွေအကြောင်းလေ့လာ၊ စတားတွေကို အတုခိုးတာတွေကို ဆိုလိုတာပါ။ ကိုယ်သဘောကျအားကျတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့ စိတ်အားထက်သန်တာကတော့ အပြစ်ကြီးမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကို ထိခိုက်လောက်အောင် အလွန်အကြူးဖြစ်ခဲပါတယ်။ ရောဂါဆိုပေမယ့် ရောဂါကြီးမဟုတ်ပါဘူးဆိုပါတော့။

စတားဖြစ်ချင်တဲ့ ရောဂါကတော့ ဆိုးနိုင်ပါတယ်။ အနုပညာလောကမှာ ဖြစ်ချင်တာကတော့ သဘာဝကျပါတယ်။ ရောဂါမလွန်ကျွံဖို့ပါပဲ။ ဒါပေမယ့် နိုင်ငံရေးလောကမှာ စတားဖြစ်ချင်လို့ကတော့ အန္တရယ်များပါတယ်။ ဒီမီဒီယာခေတ်ကြီးမှာ ထင်ပေါ်ကျော်ကြားမှုကို နိုင်ငံရေးလုပ်သူများ ပိုမိုအလေးထားကြသလို ဖြစ်လာပါတယ်။ အများပြည်သူ၊ ကမ္ဘာသူ ကမ္ဘာသားများရဲ့ ထောက်ခံမှုဆိုတာ မိမိအတွက်မဟုတ်ဘဲ မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်အတွက် ဖြစ်ရမယ်ဆိုတာကို အမြဲတစေမှတ်သားထားဖို့လိုပါတယ်။

ယခု ကျွန်မတို့တွေ ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ပါဝင်ဆောင်ရွက်ခဲ့ကြလို့ ပြည်တွင်းပြည်ပထောက်ခံအားပေးမှုတွေကို ရရှိနေကြတာပါ။ နှစ်ပေါင်းများစွာ မူပေါ်မှာရပ်တည်ပြီး ဖိနှိပ်ချုပ်ချယ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်တာကို လေးစားဂရုဏာထားတဲ့သဘောပါပဲ။ ထင်ပေါ်ကျော်ကြားမှုကို အပေါ်ယံကြောသာမြင်၊ အားကျပြီး စတားလုပ်ချင်တဲ့ စိတ်တွေမဖြစ်ဖို့ အရေးကြီးပါတယ်။

ယခု ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားအောင် ကြိုးစားနေရတဲ့အချိန်ပါ။ ဒီလိုအချိန်မျိုးမှာ လူကြိုက်များမှု စတားဖြစ်ရေးထက် အရေးကြီးတာက လုပ်သင့်လုပ်ထိုက်တာတွေကို လူမုန်းခံပြီး လုပ်နိုင်ဖို့ပါပဲ။ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ လူငယ်တွေကို ဖေဖေ့ရဲ့ လက်သုံးစကားအဆိုလေးကို ပြန်သတိပေးချင်ပါတယ်။ လုပ်ရဲတာက သတ္တိမဟုတ်ဘူး။ ခံရဲတာက သတ္တိတဲ့။ ဒါကိုတလွဲအဓိပ္ပာယ်မကောက်ပါနဲ့။ ဘာမှမလုပ်ဘဲ ဖြစ်သမျှသာခံဆိုတဲ့ သဘောမဟုတ်ပါဘူး။ ကိုယ်လုပ်ဖို့ရာ ဆုံးဖြတ်လိုက်တဲ့ အလုပ်ရဲ့အကျိုးဆက်တွေကို ခံရဲရမယ်လို့ ဆိုလိုတာပါ။ ကန္တာရခရီးလမ်းကို ပန်းခင်းထားတဲ့ စတားလမ်းလို့ မထင်မိကြပါစေနဲ့။ သိသိကြီးနဲ့ ရွေးပြီးလျှောက်ခဲ့တဲ့လမ်းမို့ မညည်းမညူဆက်ကြရမှာပါ။ လမ်းခုလတ်က ၀င်ပြီး အကြော့သားလေးစတားလုပ်ချင်တဲ့ စိတ်တွေမွေးရင်တော့ ကျွန်မတို့နိုင်ငံကို အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုလူတွေကို အားမကျကြပါနဲ့။

တကယ့်ကြယ်ဆိုတာ မီးလျှံတွေအားလုံးသေသွားပြီး ကာလရှည်ကြာစွာ အလင်းရောင်ကို ပေးနိုင်ပါတယ်။ လျှပ်တစ်ပြက် ၀င်းလက်သွားတာဟာ ကြယ်စင် မဟုတ်ပါဘူး။ အတုအပ စတားသာဖြစ်ပါလိမ့်မယ်။ ဒီတစ်ပတ်တော့ ဒီမျှသာ…..။

အောင်ဆန်းစုကြည်
(အတွဲ (၁)၊ အမှတ် (၄၁)၊ အောက်တိုဘာ ၂၉၊ ၂၀၁၂ ထုတ် ဒီလှိုင်းဂျာနယ်မှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ "ဒီစကား"



ဟိန်း ထိုက် ဈာန်



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>