Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရန်ကုန်မြို့တွင် ရမ်းကားမှုများပေါ်ပေါက်လျက်ရှိ

$
0
0
အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ကားတစ်စီးအား နိုဝင်ဘာလ ၃ ရက်နေ့ည ၁၁း၃၀ နာရီအချိန်က ပြည်လမ်း အင်းယားကန်ဘောင်ရှေ့တွင်တွေ့ရစဉ်-Photo.EMG
ရန်ကုန်မြို့ရှိ ညကလပ် (Night Club)

အစိုးရသစ်တက်လာပြီးနောက် အကျဉ်းသားများအား ၇ ကြိမ် လွှတ်ပေးခဲ့ပါသည်။ ၁၇.၅.၂၀၁၁ နေ့တွင် ၉၀၃ ဦး၊ ၁၂.၁၀.၂၀၁၁ နေ့တွင် ၅၆၈ ဦး၊ ၃.၁.၂၀၁၂ နေ့တွင် ၁၀၂၈ ဦး လွှတ်ခဲ့ပါသည်။ အဆိုပါ လွှတ်ပေးသူများထဲ တွင် ခိုး၊ ဆိုး၊ နှိုက်ဖြင့် ထောင်ကျနေသူ ကျား+မ ပေါင်း ၄၆၉ ဦး ပါဝင်လာခဲ့ပါသည်။

ယခု ရန်ကုန်မြို့တွင် (လှုပ်ရှားဝင်ထွက်နေသူများမပါ)လူဦးရေ ၆၆ သိန်းရှိပြီး ရာဇ၀တ်မှုများ ဖြစ်ပွားလျက်ရှိရာ တွင် အဆိုပါ ခိုး၊ လု၊ နှိုက်များသည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသော်လည်း ရိုးသားစွာလုပ်ကိုင်စား သောက်ခြင်းမပြုဘဲ ယင်းတို့၏ အမူအကျင့်တိုင်း ခိုး၊ လု၊ နှိုက် အလုပ်များသာ ဆက်လုပ်ပြီး မိလျှင်ခံမည် မိ၍ ထောင်ကျသွားပါကလည်း နောက်ထပ်လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်လျက်ရှိသူများပါရှိသည်။ သို့ဖြစ်၍ ခိုး၊ ဆိုး၊ နှိုက် အမှုများကို ကာကွယ်ရန် ပြည်သူများတွင်လည်း တာဝန်ရှိသဖြင့် တာဝန်ရှိသူနှင့် ပြည်သူတို့ပူးပေါင်းဆောင်ရွက် ရန်လိုမည်ဖြစ်ပါသည်။

ပြည်သူများအနေဖြင့် အေးချမ်းသာယာစွာ နေထိုင်နိုင်ရန် အဆိုပါ ခိုး၊ ဆိုး၊ နှိုက်သူများ၏ သတင်းကို တာဝန်ရှိ သူများထံ ပေးပို့နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါသည်။

ယခုနောက်ပိုင်း ရန်ကုန်မြို့ပေါ်တွင် ညဘက်၌ အုပ်စုဖြင့် မူးယစ်ရမ်းကား ရိုက်နှက်မှုများလည်း ပေါ်ပေါက်လျက်ရှိသည်။

အင်းယားကန်ဘောင်တွင် လူ ၁၇ ဦးက ဆိုင်ကယ် ၉ စီးနှင့်လာပြီး တွေ့သူများကို ရိုက်နှက်ခဲ့ခြင်း၊
ကမ္ဘာအေး ဘုရားလမ်း ပွင့်သစ်ဆန်း (ညဘက် KTV ၊ ကလပ်ပြန်တွေစားသည့်ဆိုင်)ရှေ့တွင် လမ်းသွားသူ ၃ ဦးအား လူငယ် ၉ ဦးမှ စကားများ ၀ိုင်းရိုက်သဖြင့် ၁ ဦးသေဆုံးခဲ့ခြင်းများဖြစ်ပေါ်ခဲ့ပါသည်။

လတ်တလော ရန်ကုန်တွင် ဖြစ်ပွားနေသည့် အုပ်စုလိုက်ယာဉ်များဖြင့် မူးယစ်ရမ်းကား၊ ဖျက်ဆီးရိုက်နှက်သတ် ဖြတ်မှုများသည် KTV နှင့် နိုက်ကလပ်တွင် ပြဿနာများဖြစ်ပွားခဲ့ပြီး အပြန်တွင် အုပ်စုဖြင့် ဖြစ်ပွားခြင်းဖြစ် ကြောင်းလည်း သတင်းများအရ သိရှိရပါသည်။

၂၈.၁၀.၂၀၁၂ ရက်နေ့ ၂၂း၃၀ အချိန် တရားလို ကိုကျော်မိုးခိုင်သည် ယင်း၏ ယောက်ဖဖြစ်သူ ကိုကျော်ဝင်းနိုင် အရိုက်ခံရ၍ ရန်ကုန်ဆေးရုံးကြီးတွင် ရောက်ရှိနေကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ ကိုကျော်ဝင်းနိုင် တွင် နဖူးပေါက်ပြဲဒဏ်ရာ၊ ယာမျက်လုံးညိုမဲရောင်ဒဏ်ရာများ ရရှိထား၍ မေးမြန်းရာ ယင်း၏ ၆ဂ/၃၃၇၃ land mrak အနက်ရောက်ကိုယ်ပိုင်ယာဉ်ဖြင့် အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်လာရာ ကုက္ကိုင်းမီးပွိုင့်အရောက် ကား ၂ စီး အတင်းလိုက်လာကြောင်း မြရိပ်ညိုမီးပွိုင့်တွင် လိုက်လာ သော ကား ၂ စီးညှပ်၍ ယင်းကို ကြည့်ရှုခဲ့ကြောင်း၊ ရွှေဂုံတိုင်မီးပွိုင့်အရောက် ယင်း၏ ကားအား ခဲဖြင့်ဆင်းထု သဖြင့် ဆက်လက်မောင်းနှင်လာရာ ဦးထောင်ဘိုအ၀ိုင်းနှင့် စစ်ရုံးဟောင်းရှေ့များတွင် ကားအားလိုက်တိုက်ကြောင်း၊ ဆူးလေဘုရားလမ်းနှင့် အနောက်ရထားလမ်းမီးပွိုင့်အရောက် မီးပွိုင့်မိနေစဉ် ယင်းကား ၂ စီး ပေါ်မှ လူ ၄/၅ ဦးခန့်ဆင်းလာပြီး ယင်းအားကားပေါ်မှဆွဲချကာ လက်သီးဖြင့်ထိုးပြီး တစ်ဦးမှ ရိုက်နှက်သဖြင့်နဖူးကွဲသွားကြောင်း၊ မည်သည့်အရာနှင့်ရိုက်သည်ကိုမသိကြောင်း၊ အခြားသူများမှ ယင်းကားမှန်အား ရိုက်ခွဲဖျက်ဆီး၍ ငွေကျပ်သိန်း ၃၀ ဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ သို့ဖြစ်၍ ဥပဒေအရ အရေးယူပေးရန် တိုင်တန်းချက်အရ ကျောက်တံတားရဲ စခန်း (ပ)၃၇၅/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။

၂၈.၁၀.၁၂ နေ့ ၂၃း၃၀ အချိန် ဆူးလေလမ်းနှင့် အနော်ရထာလမ်းမီးပွိုင့်တွင် ဦးကျော်မိုးခိုင်မောင်းလာသည့် ၆ဂ/၃၃၇၃ land mrak ယာဉ်မီးပွိုင့်မိနေစဉ်ုယာဉ် ၂ စီးပေါ်မှ လူ ၄/၅ ဦးဆင်းလာပြီး ဦးကျော်မိုးခိုင်အား လက် သီးနှင့်ထိုး တုတ်နှင့်ရိုက် ယာဉ်မှန်များကိုလည်း ရိုက်ခွဲဖျက်ဆီးခဲ့မှုတွင် ပါဝင်သည့် စည်သူမျိုးဇင်ကို ယင်းစီး သည့် ၇ဂ/၇၃၄၁ ယာဉ်နှင့်အတူ နိုဝင်ဘာ ၂ ရက်နေ့ ၂၃း၃၀ အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး ယင်းနှင့် ပါဝင်ကျူးလွန်ခဲ့သည့် စည်သူထွဋ်နေဇော်နှင့် ပြည့်ဖြိုးဟိန်း(ခ)ကိုဖြိုးတို့ ကို နိုဝင်ဘာ ၃ ရက်နေ့က ၁၄း၄၅ အချိန်တွင် ဖမ်းဆီးရမိခဲ့ပါ သည်။

အထက်ဖော်ပြပါ ဖြစ်စဉ်များသည် အရက်သေစာသောက်စား၍ ကေတီဗီနှင့် နိုက်ကလပ်များတွင် ကခုန်ကြရာမှ အစပြု၍ ကေတီဗီ၊ ကလပ်မှအပြန်တွင် ခိုက်ရန်ဖြစ်ပွားသည့် ဖြစ်စဉ်များဖြစ်ကြောင်း စိစစ်တွေ့ရှိရ သဖြင့် ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း ကေတီဗီဆိုင်များသည် လိုင်စင်ချပေးထား သော်လည်း သတ်မှတ်အချိန် ပိတ်သိမ်းခြင်းမရှိဘဲ ညဥ့် ၀၁း၃၀ နှင့် ၀၃း၃၀ အချိန်ထိ ဖွင့်လှစ်ဆောင်ရွက် လျက်ရှိရာမှ အဆိုပါဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပါသည်။ ညအချိန် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော နိုက်ကလပ်များတွင် ကခုန်ရာမှ တစ်ယောက်နှင့်တစ်ယောက် တွန်းတိုက်မိ၍ စကားများခိုက်ရန် ဖြစ်ပွားခြင်း၊ အတူပါ မိန်းကလေးများနှင့်ပတ် သက်၍ ရန်စခြင်း၊ အပြန်လမ်းတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ရိုက်နှက်မှု ဖြစ်စဉ်များဖြစ်ပွားလေ့ရှိကြောင်း တွေ့ရှိရသည်။ ညမိုးလင်းဆိုင်ဖွင့်လှစ်သည့် ဗဟန်းမြို့နယ်ရှိ ဆိုင်များတွင် မကြာခဏခိုက်ရန်ဖြစ်ပွားခြင်းများ ပေါ်ပေါက်လျက် ရှိကြောင်း သိရသည်။

မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်



Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>