
ဘင်္ဂလီတွေက မြန်မာနိုင်ငံထဲကို ခိုးဝင်နေကြပါတယ်။သူတို့ဟာ မြန်မာနိုင်ငံထဲရောက်တော့ ရိုဟင်ဂျာလို့ ပြောကြပါတယ်။
ဘင်္ဂလာဒက်ရှ် အစိုးရက ရိုဟင်ဂျာဟာ သူ့နိုင်ငံငံသား မဟုတ်ဘူးလို့ ပြောနေပြန်ပါတယ်။
လူဦးရေ ပေါက်ကွဲနေတဲ့ ဘင်္ဂလာဒက်ရှ် အစိုးရကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ လုပ်နေသလား သံသယ ဖြစ်လာရပါပြီ။
ဒီလိုအရှုပ်အထွေး ပြဿနာတွေကို မြန်မာနိုင်ငံက ဘာမှ မဆိုင်ဘဲ အပိုသက်သက် တာဝန်ယူလာနေရပါတယ်။
ဒီလိုမျိုး ပြည်ပကနေ ခိုးဝင်လာနေတာကြောင့် ဘာတွေ ထိခိုက်သွားသလဲ ဆိုရင် ......
၁။အချုပ်အခြာ ထိခိုက်မှု ပြဿနာ၊
၂။အစိုးရအတွက် အပိုထပ်ဆောင်းတဲ့ ဝန်ထုပ်ဝန်ပိုး၊
၃။တရားပဒေ စိုးမိုးမှုကို ထိခိုက်စေတဲ့ ပြဿနာ၊
၎။ ဒေသခံ မြန်မာပြည်သူတွေနဲ့ ပဋိပက္ခ၊
၅။ ယဉ်ကျေးမှု၊ လူမျိုးရေးနဲ့ ဘာသာရေးကို ထိခိုက်စေတဲ့ ပြဿနာ၊
၆။ သွေးနှောခံရတဲ့ ပြဿနာ၊
၇ ။လာဘ်ပေးလာဘ်ယူမှု ပေါ်ပေါက်နိုင်တဲ့ ပြဿနာ၊
၈။ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အထင်လွဲခံရတဲ့ ကိစ္စ၊
၉။မွတ်ဆလင် အစွန်းရောက်တွေရဲ့ ထိုးနှက်မှု...
၁၀ ။တိုင်းပြည်ဘဏ္ဍာ အပိုကုန်ကျရတာ ... စတဲ့ ပြဿနာပေါင်း များစွာကို ခါးစည်း ခံယူနေသလို ဖြစ်ရပါတယ်။
မြန်မာနိုင်ငံကို တိုးတက်အောင် လုပ်ရမယ့် အချိန်တွေမှာ ဒီလိုပြဿနာတွေဘက်ကို လှည့်ပြီး လုပ်နေရတာဟာ တန်ဖိုးရှိတဲ့ အချိန်တွေ အလဟဿ ဖြုန်းတီးရာ ရောက်နေတာကြောင့် တိုးတက်မှု နှောင့်နှေးရပါတယ်။ ပြည်သူနဲ့ အစိုးရတို့မှာလည်း နစ်နာဆုံးရှုံးမှုတွေ တော်တော်များများ ရှိနေရပါတော့တယ်။
ဒီအတိုင်း ဆက်လွှတ်ထားလိုက်လို့ကတော့ နောက်နောင် မြန်မာနိုင်ငံမှာ စီးပွားဖွံ့ဖြိုး ကြီးပွားတိုးတက်လေ ပြည်ပကနေ ခိုးဝင်နေထိုင်သူတွေ များလာလေ ဖြစ်နေဦးမှာပါပဲ။
ဒါကြောင့် ဒီကိစ္စမှာ ဘာကိုမှ အားနာ ငဲ့ညှာ ထောက်ထားစရာ မလိုဘဲ တရားဥပဒေဘောင်အတွင်းက ပြတ်ပြတ်သားသား အမြန်ဆုံး ရှင်းသင့်ပြီလို့ ဆိုချင်ပါတယ်။
လွင်အောင်စိုး
၅-၁၁-၂ဝ၁၂
ကိုးကားသတင်း - -- ကလေးမြို့ ကျောက်တစ်လုံးအနီး ဘင်္ဂါလီ (၁၉) ဦး ဖမ်းမိ......

