Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

" ကမ္ဘာကိုပြောင်းဖို့ အတွက် သရဖူပြောင်းဖို့ လိုမလား "

$
0
0
နိုဝင်ဘာလ ၆ ရက်နေ့ ( မြန်မာပြည်တွင်မူ နိုဝင်ဘာ ၇ ရက် နံနက်ပိုင်း ) သည် အမေရိကန်ပြည်ထောင်စုအတွက် အရေးကြီးသောနေ့ရက်တစ်ခုဖြစ်သည်။


ယင်းနေ့နီးလာသည်နှင့်အမျှ လက်ရှိသမ္မတ အိုဘားမားနှင့် ၄င်းကိုစိန်ခေါ်သူ ရီပါပလီကန်ပါတီမှ မစ်ရွန့်နေးတို့၏ အားပြိုင် မှုမှာ သူတင်ကိုယ်တင်အကျိတ်အနယ်ရလာဒ်များဖြင့် စိတ်လှုပ်ရှားဖွယ်ဖြစ်လာခဲ့သည်။

ကမ္ဘာကြီးနှင့် အမေရိကန်ကို ပြောင်းလဲပေးမည်ဟူသော စကားဖြင့် အမေရိကန်ပြည်သူများကို ဆွဲဆောင်ခဲ့သော လက်ရှိသမ္မတ ဘာရတ်အိုဘားမားအတွက်မူ ယခုရွေးကောက်ပွဲသည် သူ၏ အနာဂတ်ပင်ဖြစ်ပြီး မကြာသေးခင်က ဖြစ်ပွားခဲ့သော စန္ဒီမုန်တိုင်းဒဏ်သင့်ပြည်နယ်အချို့၏ မကျေနပ်မှုက ၄င်း၏ မဲဆွယ်စည်းရုံးမှုနှင့် လူကြိုက်များမှုအပေါ် အချိန်ကိုက်ချည့်နဲ့စေသည် ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

၁၇၈၇ခုနှစ်မှစခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲသက်တမ်းနှစ်ပေါင်း ၂၂၈ နှစ် အတွင်း ယခုရွေးကောက်ပွဲသည် ၅၇ ကြိမ်မြောက်ဖြစ်သည်သာမက ၂၀၀၈ခုနှစ်တွင် အမေရိကန်နိင်ငံ၏ ၄၄ ဦးမြောက် သမ္မတဖြစ်လာသည့် အိုဘားမားသည် သမ္မတအဆက်အဆက်အနက် အသက်အငယ်ဆုံးနှင့် ပထမဆုံးလူမည်းသမ္မတဖြစ်ပြီး မနက်ဖြန်တွင် သူသည်ပင် ဒုတိယအကြိမ်သမ္မတရာထူးကို ဆက်ခံ၍ ၄၄ဦးမြောက်သမ္မတအဖြစ်ပင်ဆက်ရှိနေမည်လား။ ပြိုင်ဘက်ဖြစ်သူမစ်ရွန်နေးက ၄င်းကိုအလဲထိုး၍ အမေရိကန်သမိုင်းတွင် ၄၅ဦးမြောက်သမ္မတအဖြစ် မှတ်တမ်းတင်နိုင်မည်လားဆိုသည်ကိုမူ လက်ရှိအချိန်အထိ မည်သူမှ အတပ်မပြောနိုင်သေးပေ။

သို့ရာတွင် သူတို့နှစ်ဦးစလုံးအနေဖြင့် လက်ရှိရွေးကောက်ပွဲအား ဓါးသွားပေါ် ထိုင်နေရသည့် အခြေအနေဟု တူညီစွာရှုမြင်ထားကြသည်။ကမ္ဘာ့နိုင်ငံများ၏ သဘောထားတွင်လည်း ကွဲလွဲမှုများရှိပြီး ယင်းသည်ပင် ရွေးကောက်ပွဲ ကို ပိုမိုသက်ဝင်စေသည်။

ယခုလအတွင်းကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပမည့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ အိုဘားမားတက်ရောက်ရန်ရှိနေပြီး ထိုင်းနိုင်ငံနှင့်မြန်မာသို့လာရောက်မည်ဟုသတင်းများထွက်ပေါ်နေရာ ဤရွေးကောက်ပွဲသည် အဆိုပါအခြေအနေများအတွက် အရေးပါနေပြီဖြစ်သည်။

အာဆီယံအနေဖြင့်အိုဘားမားဆက်လက်အနိုင်ရပါက အာရှပစိဖိတ်ဒေသတွင်စစ်ရေးအရ ပို၍ထိန်းသိမ်းနိုင်ရန်မျှော်မှန်းထားကြပြီး ထိုင်းနှင့် ပူးတွဲပြုလုပ်မည့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံကိုပါတက်ရောက်စေလိုသည့် ဆန္ဒအိုဘားမားတွင် ရှိသည်ဟု ခန့် မှန်းပြောဆိုကြသည်။

တရုတ်နိုင်ငံအတွက် အမေရိကန်နှင့် ဆက်ဆံရေးအပြောင်းအလဲသစ်တစ်ခုကိုမျှော်လင့်လျက်ရှိရာ မစ်ရွန်နေးသည် အဖြေတစ်ခုဖြစ်နိုင်မည်လားဆိုသည်မှာလည်းတတ်အပ်ပြော၍ မရနိုင်ပေ။

၂၀၀၀ ၊ ၂၀၀၄ နှင့် ၂၀၀၈ခုနှစ်များတွင် ဒီမိုကရက်တစ်ပါတီများသာ ဆက်တိုက်အနိုင်ရခဲ့သော အီလီနွိုက်စ်ပြည်နယ်၊ မက်ဆာချူးဆက်၊ မီချီဂန်၊နယူးဂျာဆီ၊ နယူးယော့်ခ်၊ပင်ဆယ်မေးနီးယားနှင့် ၀ါရှင်တန်။

ယင်းသုံးနှစ်တွင် ရီပါပလီကန်ပါတီမှာ အနိုင်ရခဲ့သည့် အာရီဇိုးနား၊ဂျော်ဂျီယာ၊ လူဝစ်စီယားနား၊ မစ်ဆိုရီ၊ တောင်ကာရိုလိုင်းနား၊တက္ကဆက်နှင့် အာတက်ပြည်နယ်များက ယခုပွဲတွင် အဆုံးအဖြတ်မဟုတ်။

ဘက်မကွဲပြားဘဲ အပြောင်းအလွဲဖြစ်နိုင်သည့် အိုဟိုင်ယို(၂၀၀၈- ဒီမိုကရက်တစ်နိုင်)၊ ဖလော်ရီဒါ( ၂၀၀၈ ဒီမိုကရက်တစ်နိုင်)၊ နီဗာဒါ( ဒီမိုကရက်တစ်)နှင့် အိုင်အိုဝါ ( ၂၀၀၈-ရီပါပလီကန်နိုင်) စသည့် ပြည်နယ်လေးခုက ၄င်းတို့နှစ်ဦး၏ ကံကြမ္မာအတွက်အရေးပါသည်။

ထို့်အတွက်လည်း နှစ်ဦးစလုံး ထိုပြည်နယ်များတွင် အပြင်းအထန်အနီးကပ် စည်ရုံးရေး ဆင်းနေကြ ရသည်။ အင်တာနက်ပေါ်တွင် ပြုလုပ်သည့် OPEN INTERNET VOTING အရမူ လက်ရှိတွင် မက်ဆာချူးဆက်ပြည် နယ်အုပ်ချုပ်ရေးမှူးဟောင်း၊ ရီပါပလီကန်သမ္မတလောင်း မစ်ရွန်နေးက အားသာနေကြောင်းမှတ်တမ်းများက ထုတ်ပြန်နေကြသည်။

Popular Myanmar News Journal



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>