Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပယ်ဖျက်ရေးနောက်ကွယ်မှာ ဘာတွေရှိသလဲ??????

$
0
0
နိုဝင်ဘာ ၆ရက်နေ့က ကျင်းပခဲ့သော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းမဲဆန္ဒနယ် အမှတ်(၇)မှ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ဦးတင်မြက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပယ်ဖျက်ရေးအဆိုကို တင်သွင်းခဲ့သည်။

အဆိုပါတင်သွင်းခဲ့သောအဆိုမှာ လ၀ကပြည်ထောင်စုဝန်ကြီး ဦးခင်ရီအပါအ၀င် ကိုယ်စားလှယ် (၁၀) ဦးက ပါဝင်ဆွေးနွေးပြီး ကန့်ကွက်သူများသဖြင့် အဆိုကို မှတ်တမ်းတင်ရန်သာဆုံးဖြတ်ခဲ့သည်။

ယခုတင်သွင်းသော အဆိုမှာ လက်ရှိဖြစ်ပေါ်နေသည့် ရခိုင်-ဘင်္ဂလီကိစ္စကို အခြေခံပြီး တင်သွင်းလာသည်ဟု ယူဆရပြီး၊ ဥပဒေပြင်ဆင်ခြင်းကိုအကြောင်းပြကာလူမျိုးခြားဘင်္ဂလီများအတွက်များစွာအခွင့်အရေးဖြစ်သွားနိုင်ကြောင်းနှင့်ထိုသို့ဖြစ်ပေါ်စေရန်အဆိုပါအဆိုရှင်၏နောက်ကွယ်တွင် နှပ်ကြောင်းပေးစေခိုင်းနေသူများရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေရေးဆွဲစဉ်က အချိန်များစွာရယူခဲ့ပြီး ပြည်သူကို ချပြအသိပေး
အကြံဥာဏ်များရယူကာ ရေးဆွဲအတည်ပြုနိုင်ခဲ့သော်လည်း ယခုအချိန်တွင် ပြည်တွင်းပြည်ပဘင်္ဂလီလိုလားသူများ၏ နှောင့်ယှက် စွက်ဖက်မှုများရှိလာနိုင်သောကြောင့် ထွက်ပေါ်လာနိုင်မည့် ဥပဒေမှာ နိုင်ငံခြားခိုးဝင်သူ လူမျိုးခြားဘာသာခြားများအတွက် အခွင့်အလမ်းများစွာရှိလာနိုင်ကြောင်း အမည်မဖော်လိုသူ ရခိုင်လူမျိုး နိုင်ငံရေးလေ့လာသူတစ်ဦးကပြောကြားသည်။

ဥပဒေပယ်ဖျက်ရေးအဆိုကို တင်သွင်းသည့် ကိုယ်စားလှယ် ဦးတင်မြမှာ ယခုတလောပြည်သူများကြားတွင် နာမည်ပျက်အဖြစ်ရိုက်ခက်နေသည့် မူဆလင် ဘင်္ဂလီလူမျိုး ၃ ဦး ပါဝင်သည့် ကြံ့ခိုင်ရေးပါတီမှဖြစ်ပြီး ထိုအဆိုကို ၄င်းတို့ကိုယ်တိုင် တင်သွင်းရန် မသင့်တော်သဖြင့် အဆိုပါ ကိုယ်စားလှယ် ဦးတင်မြကို အယောင်ပြ စည်းရုံး တင်သွင်းခိုင်းခြင်းဖြစ်နိုင်ကြောင်းနှင့် ၄င်းကိုယ်စားလှယ် ၃ ဦးမှာ ကြံ့ခိုင်ရေးပါတီအမတ်များအတွက် ငွေကြေးနှင့် အခြားအခွင့်အလမ်းများ မက်လုံးပေးပြီး ၄င်းတို့တင်သွင်းစေခြင်သော အဆိုများကို လူစားထိုး တင်သွင်းစေခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်နေကြပါသည်။

Photo by: ဧရာဝတီ
Post by: People Development for Knowledge



Viewing all articles
Browse latest Browse all 32865

Trending Articles