Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဥပဒေစိုးမိုးရေးလက်တွေ့ ကျဖို့၊ တရားရုံးတွေ စီမံခန့်ခွဲရေး( ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံမေးမြန်းခြင်း)

$
0
0
ဥပဒေစိုးမိုးရေးလက်တွေ့ ကျဖို့

မေး-ကျွန်တော်တို့တိုင်းပြည်မှာ ဒီမိုကရေစီဖြစ်ထွန်းဖို့ နဲ့ ပတ်သက်လို့ ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေရှိလာဖို့ လိုတယ်။အမြစ်တွယ်ဖို့လိုတယ်။ခိုင်ခိုင်မာမာ ဖြစ်လာဖို့လိုတယ်စသဖြင့်ပြောကြတာရှိပါတယ်။တိုင်းပြည်မှာ အဲဒီအင်စတီကျူးတွေရဲ့ အခြေအနေက ဘယ်လို ဘယ်ပုံ ရှိနေပါသလဲ။အဲဒါတွေ ရှိနေပြီလို့ကော ယူဆပါသလား

ဖြေ-ကျွန်မတို့ကတော့ ပထမဦးဆုံး စရမှာတော့ ဥပဒေရေးရာ။ကျွန်မတို့ အနေနဲ့ ဒီတိုင်းပြည်မှာ ဥပဒေစိုးမိုးရေး ရှိပြီလားဆိုရင်မမြင်ရသေးဘူးလို့ ဆိုရမှာပေါ့။ ဥပဒေစိုးမိုးရေးကို ဦးတည်တယ်ဆိုတာကတော့ သမ္မတ ကိုယ်တိုင်က မိန့်ခွန်းထဲ မှာပြောခဲ့ပြီးပြီ။ဒါပေမဲ့ ဦးတည်တယ် ဆိုရုံနဲ့တော့မပြီးသေးဘူး။လက်တွေ့ကျကျ ပြနိုင်ဖို့ လိုမယ်။ အဲဒီတော့ ဒီမိုကရေစီ စနစ်ထူထောင်မယ်ဆိုလို့ ရှိရင် ဥပဒေစိုးမိုးရေးက အင်မတန်မှ အရေးကြီးပါတယ်။နောက်တစ်ခုအရေးကြိးတာ က စောစော ကပြောတဲ့ ဟာတွေနဲ့ဆက်နွယ်နေပါတယ်။မတူတဲ့သဘောထားတွေ ရှိတယ်ဆိုတာလက်ခံတာ။ အဲဒါက ဒီမိုကရေစီရဲ့ အခြေခံတန်ဖိုးတစ်ခုပဲ။လက်မခံနိုင်ဘူး ငါတို့ နဲ့ သဘောထားခြင်း အားလုံးက တူရမယ်ဆိုရင် အဲဒါ ဒီမိုကရေစီ မဟုတ်တော့ဘူး။ဒါကတော့အပြန်အလှန်ပေါ့။ကျွန်မတို့ အနေနဲ့လည်း လက်ခံရမယ်။

ကျွန်မတို့နဲ့ သဘောထားခြင်းမတူတဲ့ဟာတွေ ရှိတယ်ဆိုတာလက်ခံရမယ်။အဲဒိအတိုင်းပဲ တစ်ဖက်နဲ့ တစ်ဖက်လက်ခံရမယ်။ ဒါပေမယ့်ဒီမိုကရေစီရဲ့လုပ်ပုံလုပ်နည်းအရဆိုရင်မတူတဲ့သဘောထားတွေကိုဘယ်သူကညှိလဲဆိုရင် ပြည်သူကညှိတာပဲ။ ပြည်သူရဲ့သဘောထားကလွှမ်းမိုးရမယ်။အဲဒါကတော့ ပြည်သူ့ဆန္ဒလွှမ်းမိုးပြီဆိုရင် မတူညီတဲ့အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေ ကြားထဲမှာ ညှိနိုင်တာ မညှိနိုင်တာထက်ပြည်သူက ညှိသွားမယ်။ပြည်သူက ဆုံးဖြတ်သွားမယ့်သဘောရှိတယ်။ အဲဒီတော့ ပြည်သူကိုစည်းရုံးရမှာပေါ့။ကိုယ်ရဲ့အမြင်ကို လက်ခံစေချင်ရင်။အဲဒီတော့ ကျွန်မတို့ က ဒီမိုကရေစီ ဘာဖြစ်လို့ယုံကြည်သလဲ ဆိုတာကိုပြည်သူက လက်ခံအောင်လုပ်နိုင်မှ ပြည်သူကလည်း ဒီစနစ်ကို အင်တိုက် အားတိုက် အားပေး ထောက်ခံမှာ။ ပြိးတော့ ဒီလိုအဆောက်အအုံတွေရှိလာဖို့ ဆိုတာဟာ ဥပဒေစိုးမိုးရေးက အရေးကြီးတယ်။ မတူညီတဲ့သဘောထားတွေကိုလက်ခံနိုင်ဖို့က အရေးကြိးတယ်။ဥပမာလွှတ်တော်ထဲမှာ၊ လွှတ်တော်ထဲမှာ ဘယ်လောက်ထိ ပြောနိုင် ဆိုနိုင် လဲ။ အာဏာရနေတဲ့ပါတီနဲ့ ဆန့်ကျင်တဲ့ သဘောထားတွေကိုဘယ်လောက်ထိ ပြောနိုင်ဆိုနိုင်လဲ၊ဘယ်လောက်ထိ ထိရောက်အောင်လို့သယ်ဆောင်နိုင်သလဲဆိုတာ ဒါတွေက အများကြီးစကားပြောတယ်။

တရားရုံးတွေ စီမံခန့်ခွဲရေး

မေး-ဥပဒေစိုးမိုးရေး ရရှိဖို့ အတွက်ကိုကော ဘယ်သူတွေက ဘယ်လို လုပ်နိုင်မလဲ။

ဖြေ-ဥပဒေစိုးမိုးရရှိဖို့ အတွက်က အလုပ်နိုင်ဆုံးကတော့အစိုးရပဲ။ ဘာဖြစ်လို့လဲဆိုတော့ တရားရုံးတွေကနေ စ ရမှာမဟုတ်လား။ တရားရုံးတွေကို ဘယ်သူတွေစီမံခန့်ခွဲလဲ။တရားရုံးတွေကို ပြည်သူကနေ သွားပြီးတော့ စီမံခန့်ခွဲလို့ မရဘူး ။နိုင်ငံရေးပါတီတွေက လည်း သွားပြီး စီမံခန့်ခွဲလို့မရဘူး။အစိုးရက စီမံခန့်ခွဲရမှာ။တရားရုံးတွေကနေ စရမှာ။ တရားရုံးတွေက ဆုံးဖြတ်ချက်တွေဟာ တရားဥပဒေနဲ့ ညီရဲ့ လား။အဲဒီဟာကနေ စပြီးတော့ ကြည့်ရမှာပေါ့။လူတွေကို ဖမ်တယ်မဟုတ်လား။ တရားဥပဒေနဲ့ အညီဖမ်းတာ မဟုတ်ရင် တရားရုံးက တရားဥပဒေနဲ့အညီ ဆုံးဖြတ်ချက်ချရင် အဲဒီလူတွေ လွှတ်ရမယ်လေ။အဲဒီတော့ အဓိကကတော့ တရားရုံးတွေရဲ့ စီမံခန့်ခွဲမှုပဲ။ ဒါက ဥပဒေ၊ ဒါက အစိုးရကကိုင်ရမယ့်ကိစ္စ။

ပြည်သူ့ခေတ်ဂျာနယ်၊အတွဲ ၂ ၊အမှတ် ၆၂ ၊ ၂၉ ၊ စက်တင်ဘာ ၊ ၂၀၁၁ မှ
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံမေးမြန်းခြင်း
via Ko Kyaw Aye & Khai soe lyn



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>