ယခုပြသနာအား ...........တာဝန်ရှိသူများအမြန်ဆုံးဖြေရှင်းပေးပါ။
ကျေးရွာက ရွာသူရွာသားများနဲ့ ချစ်ခင် ရင်းနှီးစွာ
ပန်းတနော် မြို့နယ် အတွင်းမှ ခနွဲကဘို ကျေးရွာ လေးတွင် ကျေးရွာသားများ နှင့် အင်းသူကြီး ဘက်တော်သားများ ပြသနာ တစုံတရာ ဖြစ်ပွားမည်မှာ သေချာနေသလောက်ဖြစ်သည်။
ရွာသားများ နှင့် အင်းသူကြီး ဘက်တော်သားများ အကြား တင်းမာမှု အမြင့်မားဆုံး တခု ဖြစ်နေပေပြီ။ အင်းသူကြီးကလည်း ရဲတပ်ဖွဲ့ ငါးဆယ်ခန့်ကို သူ့ အင်းခြံဝင်းထဲတွင် လက်နက်များဖြင့် အစောင့်ချထားသည်။
ရွာအုပ်ချုပ်ရေး အဖွဲ့များက အပြစ်မဲ့ရွာသား ဆယ့်နှစ်ဦးကို အင်းသူကြီး အလိုတော် အတိုင်း မတရား အကွက်ဆင် ဖမ်းဆီးရန် လက်မှတ်များ လိမ်လည် ထိုးခိုင်းခြင်းကို ရွာသားများက ငြင်းဆိုနေကြသည်။။ အင်းသူကြီး ( လွှတ်တော် ကိုယ်စားလှည် ဧ၊် အကို ) ပိုင်ဆိုင်သော ရှော ခေါ် ချောင်းပိတ်ပြီး ငါးဖမ်းသည့် ငါးဖမ်းနေရာကို ထိုရွာသား ဆယ့်နှစ်ဦးက ဖျက်ဆီးရန် ကြံစည်ကြိုးပမ်းပါသည် ဟူသော ခံဝန်ချက် စာရွက်ကို ကျေးရွာ အုပ်ချုပ်ရေးမှူးက အတင်း လက်မှတ်ထိုးခိုင်ခြင်း ခံရသည့် ကျေးရွာသားဆယ့်နှစ်ဦး ဘက်တွင် မည်သူမျှ မရှိ။ ကာကွယ်ပေးသူမရှိ၊
ယနေ့ ကျနော်တို့ ရောက်သွားသော အခါတွင် ကျေးရွာသားတို့မှာ လွန်စွာ အားတက်သွားပြီး သူတို့ ၁၈ နှစ် တိုင်တိုင် ခါးစည်း ခံနေရသော မတရားမှုများကို ရင်ဖွင့် တိုင်တန်းပါတော့သည်။
ထိုကျေးရွာသည် ဒေသမှ အင်းသူကြီးများဧ။် ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်မှုအောက်တွင် အင်းသူကြီး နံမည်ကိုပင် မပြောရဲအောင် ကြောက်လန့်ခြောက်ခြားနေကြရှာသည်ကို သနားစဖွယ်တွေ့ရသည်။
လူလူချင်း အပြစ်ရှိရှိ မရှိရှိ ဖမ်းဆီး ရိုက်နှက်ခြင်း ခံရတတ်ပြီ။ သူတို့ ကျေးရွာတရွာလုံး ငါး ဖါး မစားနိုင်ကြရှာပါ ဖမ်းဆီးခွင့် မရှိပါ။ အလွန်ဝေးကွာသော ကျေးရွာများတွင် သွားေ၇ာက်ပြီး သားငါး ၀ယ်စားနိုင်သူများသာ ငါး စားနိုင်ကြသည်။ အင်းသူကြီးက အရာရာကို ချုပ်ကိုင်ထားသော ဘ၀များအောက်တွင် ဆင်းရဲ ပင်ပန်းကြောက်လန့်စွာဖြင့် နေနေရသော သူတို့ ဘ၀များကို ကြည့်ရင်း သံတိုင်၊ မရှိသော်လည်း ထောင်သား ဘ၀ နှင့် တူသည့် ခေါင်ဖျားသော ကျေးရွာလေးဖြစ်သည့် ပန်းတနော် မြို့နယ် အတွင်းမှ ခနွဲကဘို ကျေးရွာလေး အကြောင်းကို အချိန် ရသလောက် မေးမြန်း လေ့လာ မှတ်တမ်း တင်လာခဲ့ပါသည်။ ကျေးရွာသားတွေက သူတို့ဘက်က မားမားရပ်ကာကွယ်ပေးပြီး မတရားဖမ်းဆီးဖို့ ဆင်ကြံကြံနေသူတွေကို တရားသဖြင့် လုပ်ဆောင်ဖို့ ၀င်ပြောပေးခဲ့တဲ့ကျနော်တို့ အဖွဲ့ကို ကျေးဇူးတင်စွာနဲ့ အပြန်ခရီးကို အခု လို လိုက်ပို့ကြရှာတယ်။ သူတို့တွေဟာ အမှောင်ထဲမှာ ရောက်နေသောအလင်းပျောက်နေသူတို့ပင် တကား။ ကူညီသူ ကူသူမဲ့ သော ဘ၀များ ပင်ဖြစ်သည်။ မိမိတို့ အဖွဲ့အား တကယ့် ကယ်တင်ရှင်များ သဖွယ် သူတို့ ထင်မှတ်နေကြသည်ကို စိတ်မကောင်းဖွယ် တွေ့ရသည်။ တကယ်လည်းသူတို့ ဘ၀များသည် ဖိစီးနှိပ်စက် ရက်စက်မှုများဖြင့် အသားသေ နေသားကျ နေသည်ကိုး။ လွန်စွာပင် ဖိနှိပ်သော ခရိုနီ အင်းသူကြီးများ ကြီးစိုးသော ခေတ်သည် ကျေးလက်များတွင် မကုန်သေးသည်ကို တွေ့ခဲ့ရသည်။ ယနေ့ကား ၂၀၁၂ ခု ပင် ဟုတ်ပါရဲ့လားဟု ထင်မိပါတော့သည်။
ရောက်လာစဉ်က ကြောက်လန့်နေကြသော ကျေးရွာသားများ အပြန်ခရီးလည်း ကျရော အားလုံး ချစ်ခင်လေးစားစွာ လှေဆိပ်ကို လိုက်ပို့ကြတယ်
Via.Nay myo zin ,Wai Yar Wai Yar