Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မန္တလေး၊ စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် ငလျင်ပြင်းထန်စွာ လှုပ်ခတ်

$
0
0
ယနေ့နံနက် မြန်မာစံတော်ချိန် ၇နာရီ၄၃မိနစ်အချိန်ခန့်က ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၁၅မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချက်စ်တာ စကေး ၇.၀ပြင်းအားရှိသော မြေငလျှင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း မန္တလေးမြေ ငလျှင်တိုင်းတာရေးစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြေပုံပါအရ ၇ နာရီ ၄၀ တွင် ၆.၆ ပြင်းအား ရှိသော ငလျင်လှုပ်ပြီး မိနစ် ၂၀ အကြာတွင် ပြင်းအား ၅.၀ ရှိသော ငလျင်ငယ်တစ်ခု ထပ်မံ လှုပ်ခတ်သွားကြောင်းသိရပါသည်..။ USGS မှ ပြင်းအား ၇.၀ အား ၆.၆ ဟု အတည်ပြု ပြင်ဆင်ခဲ့ပါသည်။

ပထမငလျင်မှာ မန္တလေးနှင့် ၇၂မိုင် မုံရွာနှင့် မိုင် ၈၀ ကျော် ရွှေဘိုအနီးတွင် ဗဟိုပြုပြီး ဒုတိယငလျင်မှာ မန္တလေးနှင့် မိုင် ၈၀ ကျော်၊ မုံရွာနှင့် မိုင် ၆၀ ကျော် ရွှေဘို အနီးတွင်ပင်ဖြစ်ပါသည်။

ပြင်းအားများသော်လည်း မြေပြင်အနက် ၆ မိုင်ကျော်တွင် တွင် လှုပ်ရှားပြီး ပျက်ဆီးမှုမရှိဟု သိရပါသည်။

အဆိုပါငလျှင်ကြောင့် ရွှေဘိုမြို့လယ် လမ်းလယ်ဘုရားအနီးရှိ တိမ်လွှာလျှပ်စစ်ပစ္စည်းဆိုင် အပေါ်ထပ် ပြိုကျခဲ့ပြီး၊ စစ်ကိုင်းမြို့တွင် အဆောက်ဦးအချို့ နံရံများအက်ကွဲခဲ့ကြောင်း ဒေသခံများထံမေးမြန်းချက်များအရသိရသည်။

ယနေ့နံနက် ၇နာရီ ၄၆မိနစ်အချိန်တွင် စက္ကန့်ဝက့်ကြာငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ဈေးချိုတိုက်တန်း မှန်များကွဲကျေပြုတ်ကြခဲ့သည်
 ပြင်းအား ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ရွှေဘိုမြို့ ချမ်းသာကြီးဘုရားတွင် စိန်ဖူးတော်တစ်ခြမ်းပဲ့ကျသွားပြီး တစ်ခြမ်းမှာ ပျောက်နေသဖြင့် ရှာဖွေနေကြောင်း၊ ရွှေဂူကြီးဘုရားအပါအ၀င် ရွှေဘိုမြို့ပေါ်ရှိ ဘုရားများ ပျက်စီးသွားကြောင်း၊ အိမ် ၃ လုံးနီးပါး ပြိုသွားကြောင်း၊ ယင်းငလျင်လှုပ်ခတ်မှုကြောင့် အသက်ကြီးသူများမှာ မူးဝေခြင်းဖြစ်ပေါ်မှုသာရှိခဲ့ပြီး ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ရွှေဘိုဒေသခံများထံမှ ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် စုံစမ်းသိရှိရသည်။

ယနေ့နံနက်တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ အဆင့်ရှိ ငလျင်ကြောင့် တည်ဆောက်ဆဲ ရွှေဘို-ကျောက်မြောင်း-စဥ့်ကူးသို့ သွားရောက်နိုင်မည့် ရတနာသိင်္ခမြစ်ကူးတံတားမှာ ပြိုသွားပြီဖြစ်ကြောင်း၊ ယင်း တံတားမှာ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ ယနေ့နံနက် ၈ နာရီ ၅၉ မိနစ်တွင် စုံစမ်းသိရှိရသည်။
ပျက်စီးဆုံးရှုံးမှုအခြေအနေကို ဆက်လက်ဖော်ပြပေးသွားပါမည်။

အောက်ပါလင့်များတွင် လေ့လာနိုင်ပါသည်။
http://www.google.org/publicalerts/alert?aid=6711a66700d79932
http://www.google.org/publicalerts/alert?aid=e47c06c62861f77a
 Ref,,The Voice Weekly,Facebook



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>