Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လွတ်လပ်စွာတရားစီရင်ရေးဟူသည် (၁)- ရေးသူ-သီရိမင်းကျော်

$
0
0


လွတ်လပ်စွာတရားစိရင်ရေးဆိုတာဘာလဲ ။   ။
လွတ်လပ်စွာတရားစီရင်ရေးကို အင်္ဂလိပ်လို Judicial Independence လိုခေါ်ပါတယ်။ လွတ်လပ်စွာတရားစီရင်ရေးဟာ တရားဥပဒေစိုးမိုးရေး (Rule of Law) ရဲ့ အခြေခံအုတ်မြစ်အဖြစ် ကမ္ဘာဥပဒေပညာရှင်များက သတ်မှတ်ထားကြပါတယ်။ တရားသူကြီးတွေဟာ ဥပဒေနဲ့ညီညွတ်တဲ့၊ တရားမျှတမှုရှိတဲ့ဆုံးဖြတ်ချက်တွေကို ကြောက်ရွံ့မှုကင်းစွာနဲ့ချမှတ်နိုင်ဖိုအတွက် တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နဲ့ မီဒီယာတွေက သြဇာလွှမ်းမိုးမှုမရှိစေရေးဖြစ်ပါတယ်။  ပြောရရင် တရားသူကြီးတွေ အနေနဲ့ ဘယာဂတိ လိုက်ပြီးမဆောင်ရွက်ရရေးပဲဖြစ်ပါတယ်။

လွတ်လပ်စွာတရားစီရင်ရေးဟာဘာ့ကြောင့်အရေးကြီးသလဲ။   ။
တရားသူကြီးလုပ်သူတွေဟာ အုပ်ချုပ်သူအစိုးရနဲ့၊ လွှတ်တော်အမတ်တွေရဲ့အကျိုးကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်တာနဲ့ သူတို့ရဲ့ရာထူးအာဏာကိုတိုက်ရိုက်၊
သို့မဟုတ်သွယ်ဝိုက်ထိခိုက်နေမယ်ဆိုရင် အုပ်ချုပ်သူတွေ၊ အမတ်တွေနဲ့ပက်သက်တဲ့အမှုတွေမှာ ဘက်လိုက်ဆုံးဖြတ်ပါလိမ့်မယ်။ ဒီအခါမှာ ပြည်သူတွေအနေနဲ့ အမှုအခင်းဖြစ်လာခဲ့ရင် ဥပဒေမှာဘယ်လိုရှိတယ်ဆိုတဲ့ ဥပဒေအခွင့်အရေးကို မရှာတော့ပဲ တရားရုံးအပေါ်သြဇာအာဏာရှိသူတွေနဲ့နီးစပ်ရေးကိုသာကြိုးပမ်းကြပါလိမ့်မယ်။ အဆိုပါတရားရုံးအပေါ်ကို သြဇာလွှမ်းမိုးတဲ့ ပုဂ္ဂိုလ်ကြီးများအနေနဲ့လည်း မိမိတို့ကို စီရင်မဲ့သူကို မိမိတို့က အချိန်မရွေးအပြတ်ရှင်းထုတ်နိုင်တဲ့အနေအထားမျိုးဖြစ်တဲ့အတွက် ဥပဒေကို နည်းမျိုးစုံနဲ့ချိုးဖေါက်လာပါလိမ့်မယ်။ နောက်ဆုံးတော့ပြည်သူအများစုဟာ ဥပဒေကြီးရှိနေလျှက်နဲ့

ဥပဒေကပေးတဲ့အခွင့်အရေးတစုံတရာမခံစားရ၊ မိမိကိုအနိုင်ကျင့်စော်ကားသူတွေကို ပြန်လည်တိုင်ကြားမရနဲ့ ဒုက္ခပင်လယ်ဝေရပါလိမ့်မယ်။
လွတ်လပ်စွာတရားစီရင်ရေးမှာဘယ်လိုလွတ်လပ်မှုတွေရှိရမှာလဲ။  ။
လွတ်လပ်စွာတရားစီရင်ရေးမှာ အဖွဲ့အစည်းအရလွတ်လပ်မှု (Instutional Independence) နဲ့ လူပုဂ္ဂိုလ်အရလွတ်လပ်မှု (Individual Independence) တို့ပေါင်းစပ်ပါဝင်ပါတယ်။
အဖွဲ့အစည်းအရလွတ်လပ်မှု ဆိုတာကတော့ တရားစီရင်ရေးလုပ်ဆောင်တဲ့အဖွဲ့အစည်း (တရားရုံးချုပ်) ဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးဌာနတွေကနေ လုံးဝကင်းလွတ်ခြင်းဖြစ်ပါတယ်။
ဆိုလိုတာကတော့ တရားရုံးချုပ်ကို တရားစီရင်ရေးနဲ့ပက်သက်ပြီး အစိုးရနဲ့၊ ဥပဒေပြုလွှတ်တော်တွေက တိုက်ရိုက် (သို့) သွယ်ဝိုက်ပြီး သြဇာမပေးနိုင်ရေးဖြစ်ပါတယ်။ တရားသူကြီးတွေခန့်အပ်ပုံနဲ့ တရားသူကြီးတွေကို ရာထူးမှထုတ်ပယ်ပုံ၊ တရားသူကြီးတွေရဲ့သက်တမ်းတွေဟာလည်း အဖွဲ့အစည်းအရလွတ်လပ်မှု (Instutional Independence) ကိုအကျိုးသက်ရောက်စေပါတယ်။ ကမ္ဘာနိုင်ငံအများစုမှာ တရားသူကြီးတွေကို အုပ်ချုပ်ရေးဌာနက ခန့်အပ်ပြီး ရာထူးကဖယ်ရှားမယ်ဆိုရင် လွှတ်တော်မှာ ပြစ်တင်ရှုံ့ချပြီးမှ ဖယ်ရှားပိုင်ခွင့်ရှိအောင်လုပ်ထားကြပါတယ်။ သက်တမ်းအားဖြင့်တော့ တရားသူကြီးတွေရဲ့သက်တမ်းကို အစိုးရအဖွဲ့သက်တမ်း၊ လွှတ်တော်သက်တမ်းတွေနဲ့ တစ်တန်းထဲမထားပဲ အထူးရှည်လျှားစွာပေးထားကြပါတယ်။ များသောအားဖြင့်တော့ သူတို့ရက်သက်တမ်းဟာ မသေမချင်းဖြစ်ပါတယ်။  လူပုဂ္ဂိုလ်အရလွတ်လပ်မှု (Individual Independence) ကတော့ တရားသူကြီးတစ်ဦးချင်းအပေါ်မှာ တခြားလူတစ်ဦးဦးကလွှမ်းမိုးမှုမရှိစေရေဖြစ်ပါတယ်။ ဒီနေရာမှာ အခြေအနေအရလွှမ်းမိုးမှုတွေ၊ ငွေရေးကြေးရေးအရလွှမ်းမိုးမှုတွေ၊ လူမှုရေးအရလွှမ်းမိုးမှုတွေအမျးကြီးပါလာပါတယ်။ ဥပမာပြောရရင် တရားသူကြီးတစ်ယောက်ဟာ လွှတ်တော်မှာ သူ့အကြောင်း ဆိုတင်ပြီးပြဿနာရှာရင်ရာထူးထိခိုက်လာနိုင်တဲ့အွက် ပြဿနာမရှာရလေအောင် ဒေသခံလွှတ်တော်အမတ်စိတ်မညိုညင်အောင်နေနေရတယ်ဆိုရင်၊ တရားသူကြီးတာဝန်ကျရာဒေသဟာနယ်မြေလုံခြုံရေးမကောင်းတဲ့အတွက် မိမိအသက်အန္တရယ်လုံခြုံရေးအတွက် လက်နက်ကို စစ်တပ်တို့ ရဲတို့ကို အားကိုးနေရမယ်ဆိုရင်၊ အိမ်ငှားခဈေးတွေဟာ သူရတဲ့လခနဲ့ ဘယ်လိုမှ မမှိနိုင်တဲ့အနေအထားမှာ အိမ်ရှင်တစ်ယောက်က မူလပေါက်ဈေးထက်လျှော့တဲ့လခနဲ့ တရားသူကြီးကို သူ့အိမ်မှာအိမ်ငှားချထားတာမျိုးဆိုရင် ဒီလူတွေနဲ့ပက်သက်လာတဲ့အမှုတွေမှာ တရားသူကြီးဟာ ဥပဒေနဲ့ညီသော်လည်းပဲ ဒီလူတွေကိုဆန့်ကျင်တဲ့အမိန့်တွေကို လွတ်လွတ်လပ်လပ်ချရဲပါတော့မလား .......


လွတ်လပ်စွာတရားစီရင်ရေးရဲ့သွင်ပြင်လက္ခဏာတွေကဘာလဲ။   ။
လွတ်လပ်စွာတရားစီရင်ရေးရဲ့သွင်ပြင်လက္ခဏာတွေကတော့
(၁) ဘက်လိုက်မှုမရှိခြင်း (Impartiality)
(၂) တရားရုံးရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမှုရှိခြင်းနဲ့
(၃) တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်မှု (Interference) မရှိခြင်းတို့ပဲဖြစ်တယ်


အပိုင်း (၂) ကိုဆက်လက်ကြိုးစားရေးသားပါဦးမည် .....
သီရိမင်းကျော်



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>