Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒေါ်အောင်ဆန်းစုကြည်၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဒီဝါလီရက်သတ္တပတ်ခရီး

$
0
0
(Hindustan Times မှ 11 November 2012 ရက်စွဲပါ “Suu Kyi's Diwali visit , a trip down memory lane” သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံသည် တောက်ပသောအတိတ်ပုံရိပ်များကို ပြသရန် စီစဉ်ပြင်ဆင်ကာ ဒီဝါလီရက်သတ္တပတ်တွင် ၆ရက်ကြာခရီးရောက်ရှိလာမည့် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
 စောင့်မျှော်နေပြီဖြစ်သည်။

ထိုခရီးစဉ်သည် နယူးဒေလီအတွက် ဒီမိုကရေစီလိုလားသူ မိတ်ဆွေဟောင်းတစ်ဦးနှင့် ပြန်လည်ရင်းနှီးနွေးထွေးစေမည့် အစီအစဉ်တစ်ခု ဖြစ်လာ လိမ့်မည်။

ပညာသင်ကြားခဲ့ရာ Lady Shri Ram College သို့ ဒေါ်အောင်ဆန်းစုကြည်အလည်လာခြင်း အပါအဝင် ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ခရီးတွင် သူမသည် မိတ်ဟောင်း၊ ဆွေဟောင်းများနှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။ ကမ္ဘာကျော်မြန်မာအတိုက်အခံခေါင်းဆောင်သည် နိုဝင်ဘာ ၁၄ ရက်တွင် နေရူး အမှတ်တရ ဟောပြောမှုကိုလည်း ပို့ချဦးမည် ဖြစ်သည်။

ကွန်ဂရက်လွှတ်တော်ဥက္ကဌ ဆိုနီယာဂန္ဒီကလည်း သူမ၏ အမှတ်(၁၀) ဂျန်ပတ်နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဧည့်ခံမည်ဖြစ်သည်။ ထိုနေအိမ်သည် ဒေါ်အောင်ဆန်းစုကြည် ၁၉၆၀ ခုနှစ်က သူမ၏မိခင် အိန္ဒိယဆိုင်ရာသံအမတ်ကြီး ဒေါ်ခင်ကြည်နှင့် အတူ နေထိုင်ခဲ့ဘူးသော အမှတ်(၂၄) အက္ကဘာလမ်းနှင့် ကပ်လျက် ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ၁၉၉၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ဂျဝါဟလာနေရူးဆုကို ချီးမြှင့်ခဲ့စဉ်ကာလက မြန်မာစစ်အစိုးရ၏ အမျက်ဒေါသကို ခံယူခဲ့ရဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အန်ဒရာပရာဒေရှ့် ပြည်နယ်သို့လည်း သွားရောက်လည်ပတ်မည်ဖြစ်ပြီး ထိုဒေသတွင်ကျေးလက်ကဏ္ဍ စွမ်းရည် မြင့်လာစေမည့် ဆောင်ရွက်ချက်များကို ပြသရန် စီစဉ်နေသည်။

ထို့အပြင် မြန်မာဒီမိုကရေစီခေါင်းဆောင်သည် ဘန်ဂလောရှိ အိန္ဒိယ သိပ္ပံနှင့် နည်းပညာနယ်မြေသို့လည်း သွားရောက်ကြည့်ရှူမည်ဟု သိရှိရသည်။ သူမသည် ၆ ရက်ကြာမည့် အိန္ဒိယခရီးစဉ်တွင် ဒေလီမြို့၌ ဝန်ကြီးချုပ်မန်မိုဟန်ဆင်း၊ ဒုတိယသမ္မတဟာမစ်အန်ဆာရီ အောက်လွှတ်တော်ဥက္ကဌ မီရာကူးမားတို့နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

Yangon Chronicle



Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>