Quantcast
Viewing all articles
Browse latest Browse all 32865

“လယ်သမားမျက်ရည် တိုင်းပြည်အနှံ့ ရပ်တန့်စေသား”

လယ်သမား လယ်သမား…………………………………..ဆန်စပါးရဲ့ ဗဟိုအား….


ဆန်စပါးရဲ့ ဗဟိုအား………………………………………….လယ်သမား လယ်သမား…

စိုက်ပျိုးရေးကို အခြေခံ ……………………………………မြန်မာ့စီးပွားသဏ္ဍန်…
စိုက်ပျိုးရေးကို အခြေခံ ……………………………………မြန်မာ့စီးပွားသဏ္ဍန်…

ပြည့်ဝမ်းကြီးကိုဖြည့်ဖို့ရာ………………………လယ်သမားတွေမှာ ချွေးတစ်လုံးလုံး…
လယ်သမားတွေမှာ ချွေးတစ်လုံးလုံး………..ပြည့်ဝမ်းကြီးကို ဖြည့်ဖို့ရာ………

နွားနဲ့ဖက်တဲ့ တို့တောင်သူ…………………….စားရတော့လဲ နွားစာလောက်ပဲ...
စားရတော့လဲ နွားစာလောက်ပဲ……………..နွားနဲ့ဖက်တဲ့ တို့တောင်သူ….

ဒီကြားထဲက တို့ပြည်ရွာ…………………..လယ်ယာ မြေတွေ ခရိုနီသိမ်းကြ……
လယ်ယာမြေတွေ ခရိုနီသိမ်းကြ…………….ဒီကြားထဲက တို့ပြည်ရွာ…………….

လယ်ယာမဲ့တဲ့ ဦးကြီးတွေ…………………..သမီးပျိုတွေ ဟိုတန်းရောက်ရ………..
သမီးပျိုတွေ ဟိုတန်းရောက်ရ………………….လယ်ယာမဲ့တဲ့ ဦးကြီးတွေ……..

လယ်သိမ်းခံရ လယ်သမားတွေ……………..ပိုင်ဆိုင်သေးတဲ့ ဆန္ဒပြကြ…….
ပိုင်ဆိုင်သေးတဲ့ ဆန္ဒပြကြ………………လယ်သိမ်းခံရ လယ်သမားတွေ….
ဆန္ဒပြတဲ့ လယ်သမားတွေ…………………ရသွားပါပြီ ပုဒ်မ ၁၈……………
ရသွားပါပြီ ပုဒ်မ ၁၈…………………………ဆန္ဒပြတဲ့ လယ်သမားတွေ…….

တစ်ချိန်တုန်းက ဆိုစကားမှာ……………..လယ်သမားဆိုတာ ကျေူဇူးရှင်တဲ့…..
လယ်သမားဆိုတာ ကျေးဇူးရှင်တဲ့……..…….တစ်ချိန်တုန်းက ဆိုစကားမှာ…..
ဒီမိုခောတ်မှာ ပြောင်းလဲပြီ………………လယ်သမားဆိုတာ ဆူပူသူတဲ့….
လယ်သမားဆိုတာ ဆူပူသူတဲ့……………ဒီမိုခောတ်မှာပြောင်းလဲပြီ…………
ခွင့်ပြုမိန့်မရ တောင်သူတွေ………………အမှုတွေမှ ဗလပွဲပဲ…….
အမှုတွေမှ ဗလပွပဲ…………………………ခွင့်ပြုမိန့်မရ တောင်သူတွေ….

လယ်သမားအရေး ကူညီရင်……………ဆူပူရေးသမား တံဆိပ်ကပ်လိုက်….
ဆူပူရေးသမား တံဆိပ် ကပ်လိုက်……..လယ်သမားတွေကို ကူညီရင်….

သက်ဆိုင်သူတို့ ဖြေရှင်းပါ……………လယ်သမားဆိုတာ ကျေးဇူးရှင်ဟေ့…
လယ်သမားဆိုတာ ကျေးဇူးရှင်ဟေ့…..သက်ဆိုင်သူတို့ဖြေရှင်းပါ……..

ထမင်းစားတဲ့ ပြည်သူတွေ…………စပါးစိုက်သူကို ကူညီကြစို့…..
စပါးစိုက်သူကို ကူညီကြစို့…………….ထမင်းစားတဲ့ ပြည်သူတွေ…

သမ္မတကြီးကိုဝန်းရံပါ……………ပြည်သူတွေကို ဗဟိုပြုဖို့………..
ပြည်သူတွေကို ဗဟိုပြုဖို့…………..သမ္မတကြီးကို ၀န်းရံပါ……….

ပြောင်းလဲနေတဲ့ ဒီခေတ်မှာ……………စနစ်ဆိုးလက်ကျန် လက်မခံနိင်ဘူး….
စနစ်ဆိုး လက်ကျန်လက်မခံနိင်ဘူး…..ပြောင်းလဲနေတဲ့ ဒီခောတ်မှာ……..

အမေစုတို့ ကယ်ကြပါ…………..လယ်သမားတွေမှာ ငိုသံမစဲပဲ………….
သမ္မတကြီး ကယ်ကြပါ………….လယ်သမားတွေမှာ ငိုသံမစဲပဲ………….
ဒီမိုသားတို့ ကယ်ကြပါ………….လယ်သမားတွေမှာ ငိုသံမစဲပဲ……………

လယ်သမားတွေရဲ့ ဒီမျက်ရေ…………ခရိုနီတွေ ရေလုပ်ချိုးကြ……
လယ်သမားတွေရဲ့ ဒီမျက်ရေ………..ကြည့်နိင်သူတွေ ဆက်လို့ ကြည့်ကြ…..
လယ်သမားတွေရဲ့ ဒီမျက်ရေ………..ပြည် ချစ်သားတို့ ကူ၍သုတ်ကြ……….

လယ်သမားတို့ရဲ့ ဒီမျက်ရေ…………..တိုင်းပြည်အနှံ့ ရပ်တန့်စေသား…………..
တိုင်းပြည်အနှံ့ ရပ်တန့်စေသား…………လယ်သမားတို့ရဲ့ ဒီမျက်ရေ……….
လယ်သမားတို့ရဲ့ ဒီမျက်ရေ…………..တိုင်းပြည်အနှံ့ ရပ်တန့်စေသား…………..
တိုင်းပြည်အနှံ့ ရပ်တန့်စေသား…………လယ်သမားတို့ရဲ့ ဒီမျက်ရေ……….
လယ်သမားတို့ရဲ့ ဒီမျက်ရေ…………..တိုင်းပြည်အနှံ့ ရပ်တန့်စေသား…………..
တိုင်းပြည်အနှံ့ ရပ်တန့်စေသား…………လယ်သမားတို့ရဲ့ ဒီမျက်ရေ……….

ပြည်သူ့မျက်ရေ တို့မျက်ရေ
ပြည်သူ့မျက်ရေ တို့မျက်ရေ
ပြည်သူ့မျက်ရေ တို့မျက်ရေဟေ့……..

ကိုဝေဠု။      ။ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်

Image may be NSFW.
Clik here to view.

Image may be NSFW.
Clik here to view.


Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>