Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၂၅ နှစ်အကြာ အိန္ဒိယမြေသို့ အလည်အပတ် ရောက်လာပြန်သော ဒေါ်အောင်ဆန်းစုကြည်

$
0
0
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ အင်ဒီရာဂန္ဒီ လေဆိပ်တွင် လာရောက်ကြိုဆိုသူများ အား ပြန်လည်ဂါရ၀ပြုနှုတ်ဆက်နေသည့် ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - AFP)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယစံတော်ချိန် နေ့လည် ၁၂ နာရီ ၁၉ မိနစ်တွင် အိန္ဒိယ လေကြောင်းလိုင်း Air India အိန္ဒိယနိုင်ငံ အင်ဒီယာဂန္ဒီ နိုင်ငံတကာ လေဆိပ်သို့  ရောက်ရှိလာပြီ
ဖြစ်သည်။

အိန္ဒိယနိုင်ငံ တာဝန်ရှိသူများနှင့် အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Mr Ranjan Mathai ကိုယ်တိုင် လာရောက် ကြိုဆိုခဲ့သည်။

မြန်မာ့အတိုက်အခံ မိသားစုများက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား လှိုက်လှဲစွာ ကြိုဆိုပါသည် ဆိုသည့် စာတမ်းပါ ပိုစတာများ ကိုင်ဆောင်ကာ ကြိုဆိုကြသည်။

လေဆိပ်တွင် စောင့်ဆိုင်းနေသော မဇ္ဈိမ မြန်မာပိုင်း အယ်ဒီတာ ကိုပေါက်က “လွန်ခဲ့တဲ့ ၃ မိနစ်ကပဲ လေဆိပ်ကို
ရောက်တယ်။ အခု Hotel palace ကိုထွက်သွားကြပြီ၊ အင်္ကျီအပြာ၊ ထမီ အပြာ ဝမ်း ဆက်၊ ဆင်စွယ်ရောင် ကုတ်အကျီ င်္ဝတ်ထားတယ်။ လာရောက်ကြိုဆိုသူများက အမေစု ကျန်းမာပါစေ လို့ အော် ကြတော့ အမေစုက လက်ပြသွားတယ်၊ ပြုံးပြနှုတ်ဆက်တယ်။  Very very important လေဆိပ် အပေါက် ကနေ ထွက်လာလာချင်း ကားပေါ်ကိုတန်းဝင်သွားတယ်။ မာစီးဒီးကား အနက်ရောင်၊ သတင်းထောက်တွေ ကမေးခွန်းတွေ ဝိုင်းမေးကြ တယ်။ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ ထုံးစံ မြန်မာထုံးစံ ယဉ်ကျေးမှု

လက်အုပ်ချီ ပြုံးပြနှုတ်ဆက်တယ်။ ဘာမေးခွန်းမှ ဖြေကြားခြင်း၊ ပြောဆိုခြင်း ပြုမသွားဘူး။ ဖြေချင်တဲ့ ပုံရှိပါတယ်။ ” ဟု ပြောသည်။

လာရောက်ကြိုဆိုကြသူ အတိုက်အခံအင်အားစုများက ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်းများပေးရန် ရှိသော် လည်း အိန္ဒိယ အစိုးရ လုံခြုံရေး အစီအစဉ်အရ ဒေါ်အောင်ဆန်းစုကြည်အား ခပ်မြန်မြန်သွက်သွက် ခေါ်ဆောင် သွားကြောင်း ဆက်ပြောသည်။

“ဘာမှ မပေးနိုင်လိုက်ဘူး၊ ပန်းစီးပေးဖို့ရာ၊ ပန်းကုံးစွပ်ဖို့ရာ၊ လက်ဆောင် ပစ္စည်းပေးဖို့ရာ နှုတ်ဆက်စကား
ပြောဖို့ရာ စောင့်နေတဲ့ မြန်မာတွေနဲ့ တွေ့မသွားလိုက်ရဘူး” ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပြည်သူ့လွှတ်တော် အမတ် ဖြိုးဇေယျာသော် ကိုတွေ့မြင်လိုက်ရကြောင်း
နှင့် ကျန်လိုက်ပါလာသူ အဖွဲ့ဝင် မည်မျှပါရှိကြောင်း မသိရှိရသေးပေ။

မြန်မာအမျိုးသမီးအဖွဲ့များ အပါအဝင် လေဆိပ်ဆိပ်တွင် သွားရောက်စောင့်ဆိုင်း ကြိုဆိုသူ ၅ဝ ခန့်ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသို့ နောက်ဆုံးအကြိမ်လည်ပတ်သည်က ၁၉၈၇ ခုနှစ်တွင် ဖြစ်ပြီး ထိုမှအပြန် တွင် နာမကျန်းဖြစ်နေသော မိခင်ကြီး ဒေါ်ခင်ကြည်ကို ပြုစုစောင့်ရှောက်ရန် မြန်မာပြည် ပြန်သွားခဲ့ရာမှ နိုင်ငံရေး နယ်ပယ်တွင်း ခြေစုံပစ်ဝင်သွားခဲ့တော့သည်။

ကွယ်လွန်လေပြီးသော မိခင်ကြီး ဒေါ်ခင်ကြည်သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ၁၉၆ဝ ခုနှစ်က အမှုထမ်းဆောင်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ငယ်စဉ်က နယူးဒေလီတွင် ကျောင်းတတ်ခဲ့သည်။
(မဇ္ဈိမ)



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>