Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အိုဘားမားနှင့် အမေစု နာရေးကူညီမှုအသင်းသို့ရောက်ရှိလာခြင်း

$
0
0
ယနေ့ ၁၈.၁၁.၂ဝ၁၂ ရက်နေ့ နေ့လည် (၁၂းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ အမေရိကန်သမ္မတ အိုဘားမားနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်တို့ မထင်မှတ်ဘဲ ရောက်ရှိလာခဲ့သည် ဆိုပါက မည်သူမျှ ယုံနိုင်မည်မဟုတ်ချေ။ ၁၉.၁၁.၂ဝ၁၂ ရက်နေ့မှ အမေရိကန်သမ္မတ အိုဘားမား မြန်မာ ပြည်သို့ ရောက်ရှိလာမည်ဟု တရားဝင်သိထားခြင်းပင် မဟုတ်ပါလား။ သို့သော် “မလာမှီက ရောက်နှင့် နေသည်” ဟူသော စကားသည် ကျွန်တော်တို့အဖို့တော့ အမှန်ပင်ဖြစ်တော့သည်။

အကြောင်းမှာ မန္တလေးမြို့မှ ပန်းချီပန်းပု ပညာရှင် ဦးသီဟန်နှင့်အဖွဲ့သည် မြတ်စွာဘုရားပုံတော်၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ၊ အမေရိကန်သမ္မတ အိုဘားမားပုံနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့၏ ရုပ်ပုံကားချပ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူထံသို့ လာရောက်၍ ဒေါ်အောင်ဆန်း စုကြည်ထံသို့ တဆင့်လက်ဆောင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထိုရုပ်ပုံပန်းချီကားချပ်များ၏ ထူးခြားချက်သည် မည်သည့်ရှုထောင့်မှ ကြည့်စေကာမူ ရုပ်ပုံကားချပ်၏ မျက်လုံးများသည် ကြည့်ရှု သူဘက်သို့ လိုက်လံရွှေ့ လျားပြောင်းလဲနေခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် 3D (သုံးဘက်မြင်) ပန်းပုပန်းချီကားချပ်များ ဖြစ်သည်။ ပန်းချီပန်းပု ပညာရှင် ဦးသီဟန်တို့သည် လွန်ခဲ့သော လများကတည်း က ခံစားဖော်ကျူးထားသော ကိုယ်ပိုင်အနုပညာဉာဏ်ဖြင့် ဓါတ်ပုံငယ်များအား ကြည့်ရှုကာ ပုံဖော်ထား ခြင်းဖြစ်သည်။ ၁၉.၁၁. ၂ဝ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာတော့မည်ဖြစ်သော အမေရိကန် သမ္မတ အိုဘားမား ရောက်မလာမီ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အိုဘားမား၏ အသက်ဝင်သော ပန်းချီပန်းပု ရုပ်ပုံကားချပ်သည် အရင်ရောက်ရှိလို့လာသည်မှာ မင်္ဂလာရှိသော အံ့သြဖွယ်ရာဖြစ်ရပ် တစ်ခု ပင် ဖြစ်တော့သည်။ ယင်းကားချပ်များအနက် အလိုတော်ပြည့် မြတ်စွာဘုရားပုံတော်၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ၊ အမေရိကန်သမ္မတ အိုဘားမားရုပ်ပုံ (၂) စုံတို့အား အမေစုထံ ပို့ပေးရန်နှင့် ယင်းအနက် အမေရိကန်သမ္မတ အိုဘားမားရုပ်ပုံတစ်ချပ် အား ဒေါ်အောင်ဆန်းစုကြည်မှ တဆင့် သမ္မတ အိုဘားမားထံ သို့ လက်ဆောင်ပေးအပ်ရန်ဖြစ်ပြီး ကျန်ရှိသော ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ တို့အား NLD ရုံးချုပ်သို့ လက်ဆောင်အဖြစ် ပေးအပ်ရန်ဖြစ်သည်။ စုစုပေါင်း ရုပ်ပုံကားချပ် (၇) ချပ်ဖြစ် သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌမှာ နေ့လည် (၁းဝဝ) နာရီအချိန်ခန့်တွင် ထိုရုပ်ပုံ ကားချပ်များအား ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ရုံးချုပ်ရှိရာသို့ ပန်းချီပန်းပု ပညာရှင်ကြီး ဦးသီဟန်၏ မှာကြားချက်အတိုင်း အိမ်တိုင်ရာရောက်၊ ရုံးအရောက် လျင်မြန်စွာသွားရောက် ပို့ဆောင်ပေးခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>