Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည် ခရီးစဉ် သိရသမျှ

$
0
0
အမေရိကန် သမ္မတ ဘားရက်အိုဘားမား မိန့်ခွန်း ပြောကြားမည့် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ခွင့်လက်မှတ်

သမ္မတအိုဘာမား ခရီးစဉ်အဆင်ပြေချောမွေ့စေဖို့အတွက် အစစအရာရာကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးညဏ်ထွန်း ကိုယ်တိုင် ဦးစီးကွပ်ကဲနေတာဖြစ်တယ်လို့ ခရီးစဉ်စီစဉ်နေတဲ့ သတင်းရပ်ကွက်က ကြားသိရပါတယ်။ အဲသည် Command Post မှာ သမ္မတရုံး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး (ရဲဌာနတွေအပါအဝင်)၊ ပြန်ကြားရေးနဲ့ အခြားဝန်ကြီးဌာနပေါင်းစုံပါ ပါဝင်ပြီး စီစဉ်နေတာလို့ ဆိုပါတယ်။ အဲဒီမှာ လုံခြုံရေးတာဝန်ယူထားရ တဲ့ သူတွေအနေနဲ့ ၂၄ နာရီ လုံခြုံရေးတာဝန်ယူထားရတဲ့အတွက် ပင်ပန်းပေမဲ့လဲ ထူးထူးခြားခြား ခရီးစဉ်တစ်ခုဖြစ်လို့ အဲလောက်တော့ မပင်ပန်းလှဘူးလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ဆိုကြပါတယ်။ ဒီခရီးစဉ်ဟာ သမိုင်းဝင်ခရီးစဉ်ကြီး တစ်ခုဖြစ်လို့ အနည်းဆုံး အိုဘာမားစီး လာတဲ့ မော်တော်ယာဉ်တန်းကိုပဲဖြစ်ဖြစ် ကြည့်လိုက်ချင်တယ်လို့ အွန်လိုင်းစာမျက်နှာတွေ မှာ ဖော်ပြထားတာတွေ လဲ တွေ့နေရကြောင်းပါ။
အမေရိကန်သမ္မတ ခရီးစဉ်အတွက် အထူးဝတ်စုံဖြင့် လုံခြုံရေး

သမ္မတအိုဘာမား မြန်မာနိုင်ငံခရီးစဉ်အတွက် ရဲတပ်ရင်းတွေလုံခြုံရေးချထားတာကို စိတ်ဝင်တစားရေးကြပြောကြတာတွေ အွန်လိုင်းစာမျက်နှာတွေမှာ တွေ့နေရပါတယ်။ အခု ရဲတွေ ဝတ်ထားတဲ့ အကျီင်္ ကို ဆာဖာရီကုတ်လို့ ခေါ်ပြီး နိုင်ငံတော် အခမ်းအနားတွေ၊ အရေးကြီး ဧည့်သည်တော်တွေ လာတဲ့အခါမှာ ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဝတ်တာဖြစ်တယ် လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။ လောလောဆယ် ရန်ကုန်မြို့မှာ လေကြောင်းရဲ၊ ရဲသတင်းတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့တွေပါ နယ်မြေရဲတပ်ရင်းတွေနဲ့ ပူးပေါင်းပြီး ရဲတပ်ရင်း ဆယ်ရင်း လုံခြုံရေးယူထားတယ်လို့ ဆိုပါတယ်။ ရဲကားသစ် အစီး လေးဆယ်၊ ယာဉ်တန်းမှာ လိုက်ပါမဲ့ ဆိုင်ကယ် ၄ဝ အသစ်တွေ စီစဉ်ထားတယ်လို့လဲ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေက ဆိုကြကြောင်းပါ။

ဆိုင်းဘုတ်အသစ်နဲ့ ရန်ကုန်တက္ကသိုလ်( ဓာတ်ပုံ San O)

အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား ရန်ကုန်သို့ရောက်ရှိခြင်း၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း ရန်ကုန်တက္ကသိုလ် ဘွဲ့နှင့်သဘင်ခန်းမ၀ယ် မိန့်ခွန်းပြောကြားခြင်း အစရှိသည်တို့ကို Skynet Up to Date ချယ်နယ်နင့် MNTV တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

အမေရိကန်သမ္မတအိုဘားမား၏မြန်မာနိုင်ငံခရီးစဉ်တွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၊ ကိုကိုကြီးမြန်မာ့ဒီမိုကရေစီတိုက်ပွဲတွင် ပါဝင်လှုပ်ရှားခဲ့သော ၉၆-၉၈ကျာင်းသားများဖွဲ့စည်းထားသည့် Myanmar Institute Of Democracy တည်ထောင်ရာတွင်ပါဝင်သူ ၉၆- ၉၈ ကျောင်းသားကိုမျိုးရန်နောင်သိန်း(ဗေဒါကျောင်းဒါရိုက်တာ)နှင့် လူမှုရေးအဖွဲ့အစည်းတချို့မှပုဂ္ဂိုလ်များအားတွေ့ဆုံသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

source,, Potus Trip To Myanmar,Popular myanmar news journal



Viewing all articles
Browse latest Browse all 32865

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>