Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တာချီလိတ်မြို့၌ တစ်ရက်တည်း သေနတ်ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့၊ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ

$
0
0
တာချီလိတ်၊ ဇွန် ၃ - ရှမ်းပြည် နယ်(အရှေ့ပိုင်း) တာချီလိတ် မယ် ခေါင်ရပ်ကွက်နှင့်မိုင်းကုန်းကျေးရွာ အုပ်စု ၀မ်ကောင်း(၁)ရွာ၌ တစ်နေ့ တည်း သေနတ်ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး တစ် ဦးဒဏ်ရာရရှိခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂ ရက် နံနက် ပိုင်းက တာချီလိတ်မြို့ မယ်ခေါင် ရပ်ကွက် (၉)လမ်းတွင် အားဂါနှင့် လော်ယာတို့ ဆိုင်ကယ်ပေါင်သည့် ကိစ္စဖြင့်စကားများရာမှ အားဂါက ခြောက်လုံးပြူးသေနတ်ဖြင့် တစ် ချက်ပစ်လိုက်ရာ လော်ယာနှင့်အတူ ပါလာသည့် သက်ဟိန်းစိုးအားထိ မှန်သွားခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်သူ အားဂါမှာ ထွက်ပြေတိမ်းရှောင်သွား ခဲ့သည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှု ကြောင့် တာချီလိတ်မြို့ (၆/၁၄) (၅) လမ်း ဆန်ဆိုင်း(က)ရပ်ကွက်နေ သက်ဟိန်းစိုး(ခ)စမော (၂၆) နှစ်တွင် ၀ဲဘက်နံရိုးဘေးပွတ်ရှပ်ဒဏ်ရာတစ် ချက်ထိမှန်ခဲ့ပြီး တာချီလိတ်ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှုခံယူနေသည်။

အမှုမှ ခြောက်လုံးပြူးသေနတ် ဖြင့်ပစ်ခတ်သူ အားဂါ(ခ)မော်စကို ၃၁ နှစ်၊ (၉)လမ်း မယ်ခေါင်ရပ်ကွက် တာချီလိတ်မြို့နေသူအား တာချီ လိတ်မြို့မရဲစခန်းက (ပ)၁၁၃/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၇ အရ အမှု ဖွင့်ပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇွန် ၂ ရက် ညနေ ၅ နာရီခွဲခန့်ကလည်း တာချီလိတ်မြို့ နယ် မိုင်းကိုးကျေးရွာအုပ်စု၊ ၀မ် ကောင်း(၁)ကျေးရွာနေ အားဂျေ(ခ) လီဂျေ ၂၆ နှစ်အား ယောက်ဖ တော်စပ်သူ အားဂေ့ဆိုသူမှ တူမီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အား ဂျေတွင် ဒဏ်ရာများပြင်းထန်စွာရရှိ သွားသည့်အတွက် တာချီလိတ်ပြည် သူ့ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့သည်။

"ကျွန်တော့်ရဲ့ညီအားဂျေကို တစ်ရွာတည်းနေ အားဂေ့က ၀မ် ကောင်း(၁)ရွာ လမ်းမပေါ်မှာ တူမီး သေနတ်နဲ့ပစ်ခတ်သွားတာပါ။ ကျွန် တော်တို့သွားကြည့်တော့ ၀ဲလက် ပြင်နောက်၊ ၀ဲဘက်နောက်ကျောအ လယ်၊ ယာဘက်နောက်ကျော၊ ၀ဲဘက် ညှပ်ရိုးအပေါ်၊ ၀ဲရင်အုံအောက် ဘက်၊ ယာဘက်ရင်အုံဘေးဒဏ်ရာ တွေနဲ့ လဲကျနေပြီး ဆေးရုံပို့တဲ့အခါ လမ်းမှာသေဆုံးသွားတယ်" ဟု သေ ဆုံးသူ၏အစ်ကိုဖြစ်သူ ဦးအားဂျာ ကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သေ ဆုံးသူ အားဂျေ(ခ)လီဂျေ ၂၆ နှစ် အား တူမီးသေနတ်ဖြင့် ပစ်ခတ်သူ အားဂေ့ ၅၆ နှစ် ၀မ်ကောင်း (၁) ရွာ၊ မိုင်းကိုးအုပ်စု၊ တာချီလိတ်မြို့နယ် နေသူကို အားဂျေ၏အစ်ကိုဖြစ်သူ ဦးအားဂျာမှ တရားလိုပြုလုပ်တိုင် တန်းပြီး တာချီလိတ်မြို့မရဲစခန်းက (ပ)၁၁၄/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး အားဂေ့အားဖမ်းဆီး ရမိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

TT
‪#‎Democracytoday‬

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>