Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သမ္မတထိုင်ခုံကိုရှေ့ဆုံးတွင်သီးသန့်တစ်ယောက်တည်း မထားဘဲအားလုံးနှင့်တန်းတူထားပေးရန် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်ပြောကြား။

$
0
0

နေပြည်တော်၊ဇွန်-၅။


 မိမိထိုင်သောခုံအား သမ္မတထိုင်းခုံအဖြစ် ရှေ့ဆုံးတွင် သီးသန့်မထားဘဲ အားလုံးနှင့် တန်းတူထားရှိပေးရန် နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ယနေ့နံ နက် ပိုင်းက ပြုလုပ်သော ၊၂၀၁၆-ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်း ထိန်း သိမ်းရေးနေ့အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်က သတိပေးပြောကြားခဲ့သည်။

ယခုအခမ်းအနားသို့ အစိုးရသစ်ကာလတွင် နိုင်ငံတော်သမ္မတအနေဖြင့် ပထမဦးဆုံးအကြိမ်အဖြစ် အခမ်းအနားပွဲ တက်ရောက်ခဲ့ခြင်းဖြစ် ပြီးအခမ်းအနားတွင် နိုင်ငံတော်သမ္မတအတွက် အခမ်းအနား ရှေ့ဆုံးနေရာတွင် သီးသန့်ထိုင်ခုံနေရာ ချပေးထားမှုအပေါ် အဖွင့်မိန့်ခွန်း မစမီပြောကြားခဲ့ခြင်းဖြစ်ပြီး သမ္မတကြီးမှ စီစဉ်သူတွေရဲ့စေတနာကို နားလည်သော်လည်း ကုလားထိုင်ကြီးနဲ့ရှေ့ဆုံးမှာ တယောက်ထဲမထားပါနဲ့၊ အားလုံးနဲ့တစ်တန်းတည်း အတူတူနေချင်ပါတယ် ဟု သတိပေးပြော ကြားခဲ့သည်။

နိုင်ငံတော် သမ္မတဦးထင်ကျော်မှ "ဘယ်နေရာမှာနေနေ၊ ဘယ်သူဘဲဖြစ်ဖြစ်၊ တောရိုင်းတိရစ္ဆာန်နှင့်သ ဘာဝ အပင် တွေကို တရားမ၀င်ရောင်းဝယ်ဖောက်ကားနေမှုကို လုံးဝလက်မခံဘူးဆိုတာပြသပြီး အပြောင်း အလဲဖြစ်အောင် လုပ်နိုင်ပါတယ်၊ ကျွန်တော်တို့ အသက်ရှင်ရပ်တည်ဖို့ မှီခိုနေတဲ့ ဒီဂေဟစနစ်ဟာ လူသားတွေရဲ့လုပ်ရပ်ကြောင့် အလျင်အမြန်ပျက်စီးယိုယွင်းနေပါတယ်၊ အကျိုးအမြတ်များတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ အပင်တွေ တရားမ၀င်ကူးသန်း ရောင်းဝယ်မှုဟာအခြေအနေကို ပိုမိုဆိုးရွားစေပါတယ်၊ သဘာဝ ပတ်ဝန်း ကျင်ယိုယွင်းမှုဟာ နိုင်ငံနယ်နမိတ်တွေကို ကျော်ဖြတ်သွားတဲ့အတွက် ဒီနေ့ကျွန်တော်တို့တစ် ကမ္ဘာလုံး အတူရင်ဆိုင်နေရတဲ့ ပြဿနာဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ အချိန်မလွန်ခင် အရေးတယူ ဆောင်ရွက်ဖို့လိုပါ တယ်၊ ကျွန်တော်တို့ အနေနဲ့လက်ရှိကာလမှာ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုလိုသလိုအနာဂတ် မျိုးဆက်ရဲ့ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းတာဝန်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ သယံ ဇာတနဲ့ဂေဟစနစ်တွေကို ကာကွယ်ဖို့ပျက်ကွက်လို့မရပါဘူး၊ ပတ်ဝန်ကျင်ကို သိသိကြီးနဲ့ တစ်မျိုးမသိဘဲနဲ့တစ်ဖုံ ဖျက်ဆီးခဲ့သူတွေကတော့ ကျွန်တော်တို့လူတွေပဲဖြစ်ပါတယ်၊ ဒီတရားမ၀င် စီးပွားရေးလုပ်ငန်းတွေက ပတ်ဝန်းကျင်အသက်မွေးလုပ်ငန်းတွေ၊ လူ့အဖွဲ့အစည်းနဲ့ လုံခြုံရေးတွေကို ဘယ်လောက်အထိ၊ထိခိုက်ပျက်စီးစေ နိုင်တယ်ဆိုတာကိုလူတွေ ပိုပိုသိဖို့လိုပါတယ်၊ အစိုးရနဲ့နိုင်ငံတကာအဖွဲ့တွေ အနေနဲ့ပိုမိုထိရောက်တင်းကျပ်တဲ့ ဥပဒေတွေ ချမှတ်ပြဌာန်ဖို့အပြင်ဥပဒေချိုးဖောက်သူတွေကိုထိထိရောက်ရောက်အရေးယူဖို့လိုအပ်ပါတယ်ဟု ပြောကြားခဲ့သည်။

ယင်းအပြင်မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမ၀င်ကူသန်း ရောင်းဝယ်မှု ထိရောက်စွာ တားဆီးနှိမ်နင်းရေးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ CITESမှတာဝန်ရှိသူများအနေနှင့် တရားမ၀င်တောရိုင်းတိစ္ဆာန်ကုန်သွယ်မှုများကို တားဆီးရာတွင် စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊ အကောက်ခွန်ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း ယင်းသို့အရေးယူ ဆောင်ရွက်မှုများကြောင့်၂၀၁၀ခုနှစ်၊၂၀၁၆ခုနှစ်မတ်လအတွင်း တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များတရားမ၀င်ရောင်းဝယ်မှု(၁၈၉)မှုအထိ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း၊ မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

ဖိုးသားကြီး

china.com Myanmar
https://www.facebook.com/china.com.mm

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>