Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တောရိုင်းတိရိစ္ဆာန် တရားမဝင် ကုန်သွယ်မှု တားဖို့ သမ္မတပြော

$
0
0
 htinkyaw-620.jpgနေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ၂ဝ၁၆ ခုနှစ် ဇွန်လ ၅ ရက်နေ့က ကမ္ဘာ့ပတ်ဝန်းကျင် အထိမ်းအမှတ် အခမ်းအနား မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် မိန့်ခွန်းပြောကြားစဉ်
Photo: Myo Thant Khaing/RFA

ကမ္ဘာကြီးရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတဲ့ တောရိုင်းတိရိစ္ဆာန်နဲ့ သဘာဝအပင်များ တရားမဝင် ကုန်သွယ်မှုကို သတိထားမိစေဖို့ အလေးပေးဆောင်ရွက်မှာဖြစ်သလို တရားမဝင်ရောင်းဝယ် ဖောက်ကားနေတာတွေကိုလည်း လုံးဝလက်ခံမှာမဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ၂ဝ၁၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် အထိမ်းအမှတ် အခမ်းအနား မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောကြားသွားတာပါ။

အဲ့ဒီအခမ်းအနားကို နိုင်ငံတော် သမ္မတဦးထင်ကျော်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ နဲ့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်က ကော်မတီဝင်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ပုဒ်ကတော့ "တို့ကမ္ဘာမြေ ဂေဟစနစ် ထိန်းသိမ်းဖို့ တောရိုင်း တိရိစ္ဆာန်နဲ့ သဘာဝအပင်များ တရားမဝင် ကုန်သွယ်မှုကို ဆန့်ကျင်တိုက်ဖျက်စို့" ဖြစ်ပါတယ်။

သဘာဝတောရိုင်းတိရိစ္ဆာန်တွေကို တရားမဝင်ရောင်းဝယ်မှုတွေ လျှော့ချပေးနိုင်ဖို့ အစိုးရသစ်အနေနဲ့ လုပ်ဆောင်ပေးနိုင်မျှာ်လင့်တယ်လို့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဇာဏီထွဏ်းက စုစည်းတင်ပြထားပါတယ်။
RFA

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>