ယနေ့ ဖယ်ရီကားမီးလောင် မတော်တဆမှု တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ကိုကောင်းထက်အောင်(ဘဏ္ဍာရေးမှူး) ဧ။် အတွေ့အကြုံ
ကြည့်သာကြဗျာ အဲ့မှာ ကျောင်းသား၅၀လောက်စီးလာတဲ့ ဖယ်ရီ။ ဝုန်းကနဲအသံကျယ်ကြီး ကြားလိုက်တယ်။ ကားက လမ်းဘေးဆွဲကျသွားတယ်။ ဘီးပေါက်တယ်ထင်ပြီး နောက်လှည့်ကြည့်လိုက်တာ မီးတောက်တွေ။ နောက်မှာထိုင်တွေ ကလေးတွေ တစ်ချို့က ရှေ့ကို ပြေးထွက်လာတယ်။ တစ်ချို့က ကားဘေးပေါက်ကနေ ခုန်ချကြတယ်။ အပေါက်ဝမှာ ပြေးဆင်းကြလို့ လဲတဲ့သူကလဲ တက်နင်းခံရတဲ့သူက ခံရ။ အပေါက်ဝကနေ ဆွဲချပေး။ ခုံတွေ ပိတ်ကန် အကုန် ဝရုန်းသုန်းကားပါပဲ။ ခင်ဗျားတို့ မြင်စေချင်တယ် အဲ့အချိန် သူတို့မျက်နှာလေးတွေ။ ကြောက်လန့်တကြားဖြစ်နေကြတာ။ မိန်းကလေးတစ်ယောက် ဆံပင်မီးနည်းနည်း ထိသွားတယ် ဒူးပြဲသွားတယ်ငိုနေတယ်။ ဗိုက်ခွဲထားတဲ့သူ တက်နင်းခံရတယ်။ ဝဝ ကောင်မလေးတစ်ယောက် အပေါက်မှာ ပိတ်ပြီး အနင်းခံရလို့ မနည်းဆွဲထုတ်ရတယ်။ အသက်အန္တရာယ် မဖြစ်ခဲ့ပေမယ့် ဖြစ်လုနီးနီးအခြေအနေ။
-တစ်ခါမှ မပြောခဲ့ဘူး။ အခုတော့ ပြောပြီဗျာ။ ကိုယ်တွေ 1st yr စတက်တော့ တီချယ်မူမူဟန်က ဖယ်ရီ လုပ်ပေးတယ်။ ကျောင်းသွားကျောင်းပြန် အဆင်ပြေခဲ့တယ်။ 2nd yr ရောက်တော့ တီချယ်က မအား၊ တခြားကျောင်းနေတွေမှာပါ စာသင်နေရတော့ သားတို့ရေ ဖယ်ရီလေး လုပ်ကြည့်ပါလားတဲ့။ သူများ သွားရေးလာရေး အဆင်ပြေအောင် လုပ်ပေးတာ ကုသိုလ်ရပါတယ်တဲ့။ ဒါနဲ့ သူငယ်ချင်းအုပ်စု လုပ်ကြည့်တာပေါ့။ လူစုလို့ ပိုက်ဆံလေးရတော့ ကားက လိုက်ရှာတာ ဘယ်ကားမှ ကျောင်းလိုင်း မဆွဲချင်၊ ကားလေး လိုက်ရှာလို့ရတော့ လူက မစုံတော့ပြန်။ ဖယ်ရီက တစ်လမပြောနဲ့ တစ်ပတ်ကို တစ်ခါလောက် ပြောင်းတယ်။ ကားကလဲ မျိုးစုံ။ ကိုယ်တွေ ရှေ့တင် ကားသမားတွေ ရန်ဖြစ်လို့ တုတ်ဆွဲ ဓားဆွဲတွေ၊ အပြန်လိုင်းဆွဲရမှာမို့ စောက်ရမ်းမောင်း၊ သူတို့ စိတ်ကြည်အောင် မနည်း ဖားယားရတယ်။ ဒါပေမယ့် ကလေးတွေ ဘာမှမပြောရှာဘူး။ ဟုတ်တယ်လေ။ လိုင်းကားမှ အဆင်မပြေတာ (မရှိတာဆို ပိုမှန်မယ်) ဒါမှမစီး ဘယ်လိုလာမလဲ။ စိတ်ညစ်ညစ်နဲ့ တီချယ်နဲ့တွေ့တိုင်း ညည်းပြတော့ တီချယ်က အေး သားလေးရေ တီချယ့်တုန်းကဆို တခါတလေ နှစ်သိန်း သုံးသိန်း စိုက်ရတယ်တဲ့။ ဆရာမတစ်ယောက်ရဲ့ လစာ ခင်ဗျားလဲ သိမှာပါ စဉ်းစားကြည့်ပေါ့။ တီချယ့်ကိုလဲ အရမ်းကျေးဇူးတင်တယ်။ ဒီလိုလေး ကလေးတွေနဲ့ တက်ညီလက်ညီ ရသလိုလေး ကြံဖန်ကျောင်းလာရတာ ဒီနေ့တိုင်ပဲ။
-ကလေးတွေ ဖုန်းဆက်တယ်။ နက်ဖန် ဘယ်လိုလာရမလဲတဲ့။ တစ်ချို့က ကြောက်တယ်တဲ့။ တစ်ချို့က စိတ်တိုတယ်တဲ့။ ကဲ ခင်ဗျားဆိုရင် ဘယ်လိုနှစ်သိမ့်မလဲ။ ခင်ဗျားတို့ ဘာလုပ်ပေးမှာလဲ။ ခင်ဗျားတို့ ပြောပြောနေတဲ့ တိုင်းပြည် အနာဂတ်လေးတွေလေ။ ကမ္ဘာလွှမ်းခြုံဖို့ ကမ္ဘာ့အလယ် ရဲရဲဝံ့ဝံ့တွေ ဘာတွေ လုပ်မနေနဲ့။ အခု ကျောင်းလာဖို့တောင် ကြောက်နေပြီ။
-မည်သူတစ်ဦးတစ်ယောက်ကိုမှ အပြစ်မတင်ချင်တော့ပါ ( တင်လဲ ထူးတာမှ မဟုတ်တာ) အကယ်၍ တစ်ဦးတစ်ယောက်အား တစ်နည်းနည်းဖြင့် ထိခိုက်ပြောဆိုမိပါက ထိုသည်ကိုသာ ရည်ရွယ်လိုခြင်း ဖြစ်ကြောင်း။ ကဲ တာဝန်ရှိသူများ အမြဲမေးနေတဲ့ မေးခွန်းတစ်ပုဒ် ဒီတစ်ခါတော့ လေးနက်အောင် အသက်နဲ့ရင်းပြီး မေးလိုက်ပြီ။ ကျောင်းဘယ်လိုလာရမလဲ???
Kaung Htet Aung