Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လက်ပံတောင်းတောင်ကဲ့သို့ အကြမ်းဖက်မှုမျိုး မြန်မာ့သမိုင်းတွင်သာမက ကမ္ဘာ့သမိုင်းတွင်ပင်မရှိ

$
0
0
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြတောင်းဆိုသူ သံဃာတော်များအပေါ် အာဏာပိုင်များမှ ဓါတုလက်နက်များ အသုံးပြု၍ အကြမ်းဖက်နှိမ်နှင်းလိုက် ခြင်းမှာ မြန်မာ့သမိုင်းတွင်သာမက ကမ္ဘာ့သမိုင်းတွင်ပါ မပေါ်ပေါက်ခဲ့ဘူးသော အကြမ်းဖက်မှုမျိုး ဖြစ်ကြောင်း ပညာရှင်များက တညီတညွတ်တည်း ကောက်ချက်ချပြောကြားလိုက်သည်။

အဆိုပါ သုံးသပ်ပြောကြားချက်ကို ဒီဇင်ဘာလ ၂ရက်နေ့က တော်ဝင်နှင်း ဆီစားသောက်ဆိုင်တွင် ကျင်းပသော နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ယက်၏ လက်ပံတောင်းတောင် အကြမ်းဖက်မှု စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ မီးလောင်ဗုံးလို့ခေါ်တဲ့ ဒီလို ဓါတုလက်နက်ကို သပိတ်ဖြိုခွဲတဲ့နေရာမှာ သုံးတယ်ဆိုတာ ကမ္ဘာမှာ ကျနော်တို့နိုင်ငံက ပထမဆုံးပါပဲ “ ဟု ဓါတုဗေဒပညာရှင် စာရေးဆရာဒေါက်တာခင်မောင်ညို က ယင်း
အခန်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

လက်နိုင်ကိုင်တပ်များ ရှေ့တန်းစစ်မျက်နှာပြင်တွင် သူသေကိုယ်သေတိုက်ခိုက်သည့် ပုံစံမျိုးဖြင့် သပိတ်စခန်းများကို တိုက်ခိုက်သွားခြင်း ဖြစ်ပြီး၊ ထိုလုပ်ရပ်မှာ နိုင်ငံကို အမှန်တကယ် ချစ်မြတ်နိုးသူများ၏ လုပ်ရပ်မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ကြောင်း လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဦးမင်းဇေယျ ကဆိုသည်။

“ လက်ရှိ အခြေအနေကနေ နောက်ကြောင်းပြန်လှည့်ချင်တဲ့ အဖွဲ့အစည်းရှိနေရင် ပြတ်ပြတ်သားသားနဲ့ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးက ရင်ဆိုင်သွားမယ်ဆိုတာကို ကျနော်ဒီနေရာက နေကြေငြာပါတယ်” ဟု ၎င်းက ပြောကြားသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ယက်ဥက္ကဋ္ဌ ဦးအုန်းက "အဓိကရုဏ်း နှိမ်နှင်းတဲ့အခါမှာ မျက်ရည်ယိုဗုံးတို့၊ အချုပ်ခန်းတို့၊ မီးလောင် ဗုံး တို့နဲ့ နှိမ်နှင်းတာဟာ ဒီမိုကရေစီလည်းမကျပါဘူး အင်မတန်ရက်စက်ပြီး တိုင်းပြည်ကိုလည်း စော်ကားရာကျပါတယ်"ဟု ပြောကြားသည်။

ထိုအကြမ်းဖက်မှုနှင့် ပါတ်သတ်ပြီး ပြည်သူ့လွှတ်တော်ခုံရုံးသို့ တိုင်ကြားသွား ရန် ပြင်ဆင်လျှက်ရှိပြီး ပစ္စည်းသက်သေ၊ လူသက်သေများကို ရှာဖွေ စုဆောင်းလျှက်ရှိကြောင်း သိရသည်။

လင်းသစ် (မြန်မာ့ခေတ်)



Viewing all articles
Browse latest Browse all 32865

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>