Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရာဇဝတ်သားတွေကိုတောင် လူသားပီပီသသ ဆက်ဆံရတာပါ။

$
0
0

ပုံ။ ဒီနေ့ ရန်ကုန်က လမ်းပေါ်မှာ ကိုအောင်စိုး(၇န်ကုန်ပြည့်သူ့အကျိုးဆောင်ကွန်ယက်) ကို သေနတ်ထောက် ကားပေါ်ဆွဲတင်ဖမ်းတယ်(Photo..Bo Bo htoon)

သူတို့လက်ပံတောင်းတောင်ကို ရောက်ရှိတဲ့ အချိန်မှာ တရုတ်လိုရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုကိုတွေ့ရလို့ ဖတ်တတ်တဲ့သူတွေကို မေးကြည့်တဲ့အခါမှာ `တရုတ်အမျိုးသားပိုင်နယ်မြေ´ လို့ ရေးသားထားခြင်း ဖြစ်ကြောင်း အချုပ်အခြာကို ထိပါးစော်ကားလာနေပြီဖြစ်ကြောင်းပြောဆိုသွားပါတယ်။အခုတော့ ကိုအောင်စိုး အဖမ်းခံလိုက်ရပါပြီ
အခု ခင်ဗျားတို့ ဖမ်းချင်နေတဲ့ လူတွေအားလုံးကို စာရင်းလုပ် ...ဖမ်းရမယ့် အကြောင်းအရင်းနဲ့ ဖမ်းဝရမ်းထုတ်ထားတာကြောင့် တာဝန်အရဖမ်းမယ်ဆိုတာကိုဖမ်းဝရမ်း(အစစ်) ပြပြီး အေးအေးဆေးဆေး သာပြောသူတို့က သိက္ခာရှိရှိ ဥပဒေအရ ရင်ဆိုင် အဖမ်းခံလိမ့်မယ်။ (ဥပဒေအတိုင်း ဖြစ်ပလေ့စေပေါ့ဗျာ။) ဘာလို့လဲဆိုတော့ .. အဲဒီ လူတွေက အများအတွက် သိက္ခာကို ရင်းပြီး အနစ်နာခံပြီး အလုပ်လုပ်နေကြတာ။ သိက္ခာကို တန်ဖိုးထားတယ်။

ဥပဒေကို တန်ဖိုးထားတယ်။ တရားဥပဒေအတွက် တိုက်ပွဲဝင်နေကြတာ။ တရားဥပဒေမဲ့မှုနဲ့ ခင်ဗျားတို့ကို တုန့်ပြန်မှာ မဟုတ်ဘူး။

ပြည်သူကို လေးလေးစားစား ဆက်ဆံပါ။ ရာဇဝတ်မှု ကျူးလွန်တဲ့ ရာဇဝတ်သားတွေကိုတောင် လူသားပီပီသသ လေးလေးစားစား ဆက်ဆံရတာ။ ဒီလူတွေက ရာဇဝတ် သမားတွေ မဟုတ်ဘူး။ ခင်ဗျားတို့ အကျိုးအတွက်ပါ ပါဝင်တဲ့ တိုက်ပွဲတွေ ကို ဝင်နေကြတာ။

ဒါ့ကြောင့် လေးလေးစားစား ဆက်ဆံဖို့လိုတယ်။လူရိုင်းတွေရဲ့ အပြုအမူနဲ့ အကြမ်းဖက်ပြီးဖမ်းမယ်ဆိုရင် .... အဲဒီ အပြုအမူကြောင့် လူမုန်း ပိုများတာပဲ အဖတ်တင်လိမ့်မယ်။

နိုင်ငံကြီးသား ပီသပါ။ ဥပဒေ ဘက်တော်သား ဝန်ထမ်းကောင်း ပီသပါ။ တရားဥပဒေကို လိုက်နာပါ။ ပြည်သူကို လေးစား တန်ဖိုးထားပါ။

အဲဒီ စံတွေ၊ တန်ဖိုးတွေအတိုင်းသာ လိုက်နာ ... ပြည်သူတွေက ဥပဒေ လိုက်နာဖို့ အသင့်ပဲ။

ဒါကြောင့် ခင်ဗျားတို့ ပြည်သူကို အကြမ်းဖက်ပြီး ဖမ်းစရာ မလိုဘူး။

(ကိုထိုက်)



Viewing all articles
Browse latest Browse all 32865

Trending Articles


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်


မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ဝန်ရှင်တော်မင်းကြီး များ၏ နိုင်ငံရေး


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


လူ(၄)ဦးသေဆုံး သည့်ယာဉ်တိုက်မှု ဖြစ်ပွား


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>