Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လက်ပံတောင်းတောင်အရေး နှင့် ပတ်သက်၍ ပြင်ပမှ လွတ်လွတ် လပ်လပ် ဆောင်ရွက်နိုင်ရန် အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် မှ နုတ်ထွက်ခြင်း ဖြစ်ကြောင်း ၈၈ အဖွဲ့မှ ပြောဆိုရှင်းလင်း

$
0
0
ယနေ့ညနေ (၄းဝဝ) နာရီတွင် ရန်ကုန်မြို့ရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းတွင် ကျင်းပပြုလုပ်သော လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ။

ဒီဇင်ဘာ ၁ ရက်နေ့က ဖွဲ့စည်းခဲ့သည့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ကော်မရှင်ဖွဲ့စည်းခဲ့ရာ တွင် ပါဝင် ဆောင် ရွက် လိုခြင်း မရှိကြောင်း သတင်းစာရှင်းလင်း ပွဲကို ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၄ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ရုံးတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ''ကျွန်တော်တို့အနေနဲ့ ဒီကော်မရှင်ထဲမှာ ဝင်ရောက်ဆောင် ရွက် မှုမပြုဘဲ နဲ့ ပြင်ပကနေပါဝင်ဆောင်ရွက် တာက ပိုပြီးထိရောက်လိမ့်မယ် လို့ယူဆတယ်၊ အရေးကြီး တာက ဒေသခံပြည်သူတွေနဲ့ တပြည်လုံးမှာ တက်ကြွလှုပ်ရှား နေသူတွေနဲ့ ထိတွေ့ပြီး အသံတွေနားထောင်ဖို့၊ သဘောထား အခြေအနေ တွေလေ့လာဖို့က အဓိကကျပါ တယ်၊ နောက်တစ်ခုက သံဃာထုရဲ့ အခြေအနေ၊
ခံစားချက်တွေ၊ ဆန္ဒတွေကို အပြည့်အဝ လေးစားရမယ်၊ ဥပမာ - ပြန်လည် ဝန်ချ တောင်းပန်ရမယ်၊ စိတ်မပါဘဲနဲ့ မထိတထိလုပ်လိုက်တဲ့ အပြုအမူနဲ့ တောင်းပန်တာမျိုး မဖြစ်ဖို့ သိပ်အရေးကြီးပါတယ်။ ဒီကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်မှာဖြစ် လို့ ပြဿနာကို အကောင်းဆုံးနည်း၊ အငြိမ်းချမ်းဆုံး နည်းနဲ့ ပြေလည် အောင် ကြိုးစားသွားမယ်လို့၊ အမှန်တရားကိုဖော်ထုတ် လိမ့်မယ်လို့ ယုံကြည်တယ်''ဟု ရှင်းလင်းပြောဆိုသည်။

ထို့နောက် ကိုကိုကြီးက ''မနေ့က နေပြည်တော်မှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ ကျွန်တော်တို့တွေ့ ဆုံခဲ့ပြီးဖြစ် ပါတယ်။ ကျွန်တော်တို့ ဒီကော်မရှင်မှာပါဝင်ခြင်း၊ မပါဝင်ခြင်းက အရေး မကြီးပါဘူး၊ အရေးကြီးတာက အားလုံးရဲ့ အသံကိုနားထောင်ဖို့၊ သဘောထား တောင်းယူဖို့ဖြစ်ပြီး အချက်အလက် စုဆောင်းရေး၊ ဒေသခံများ နဲ့ တွေ့ဆုံရေး တွေကို ပြင်ပမှ လွတ်လွတ်လပ်လပ် ဆောင်ရွက် ချင်လို့ ကော်မရှင် တွင် မပါဝင်ဖို့ဆုံးဖြတ်တယ် ဆိုတာကို လက်ခံကြပါ တယ်။ ကျွန်တော်တို့ အနေနဲ့လည်း ရရှိတဲ့သတင်းအချက် အလက်အားလုံး ကို ကော်မရှင်ထံပေး ပို့သွားမှာပါ။ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်က ဖြစ်ရပ် မှန်ပေါ် ပေါက်ရေးက တစ်ပိုင်း၊ ကြေးနီစီမံကိန်း နဲ့ပတ်သက်တာက တစ်ပိုင်းဖြစ် ပါတယ်။ ဒါတွေကို ကျွန်တော်တို့ အပြင်ကနေ လွတ်လွတ် လပ်လပ်၊ တက်တက်ကြွကြွ ပူးပေါင်းဆောင် ရွက်သွား မှာပါ။ ကော်မရှင်ထဲမှာ ပါဝင်နေရင် ကော်မရှင်ရဲ့ အစည်းအဝေး၊ လုပ်ငန်း ဆောင်တာတွေနဲ့အလုပ်များနေပြီး လူထုအတွင်း ဝင်ရောက်မှုနှောင့်နှေးကြန့်ကြာ မည်ကိုစိုးရိမ်လို့လည်း နှုတ်ထွက်တာပါ'' ဟုပြော သည်။

ထို့အတူ လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများ ၏သဘောထား ကြေညာချက်အား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းကြေညာချက်တွင်

(၁) ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးနှင့်အတူ ပေါက်ဖွားလာခဲ့ သူများဖြစ် ပါသည်။

(၂) ယနေ့ နိုင်ငံတော်အသွင်ကူးပြောင်းရေးကာလတွင် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး နိုင်ငံအနှံ့ဒေသအသီးသီး တွင် ဟောပြောစည်းရုံး လျှက်ရှိသည်။

(၃) နိုင်ငံသားများ ၏နစ်နာချက်၊ လိုလား ချက်များကို ဖော်ထုတ်ပြီး ရင်ဆိုင်နေရသည့်အခက်အခဲများကို ညှိနှိုင်းဖြေရှင်း နိုင်ရန်ကြိုးစား လျှက်ရှိသည်။

(၄) လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းကြောင့် ထိခိုက်နစ်နာမှုများနှင့်ပတ်သက်သော ဆန္ဒပြမှု အပေါ် အကြမ်းဖက် နှိမ်နင်းမှုနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်း စစ်ဆေး ရေး ကော်မရှင်ဖွဲ့စည်းပေးရန် တင်ပြတောင်း ဆိုခဲ့ပြီးဖြစ်ပါ သည်။

(၅) ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် ဒေသခံပြည်သူများ၊ တက်ကြွ လှုပ်ရှား သူများ ၏သဘောထား ဆန္ဒများကို လွတ်လပ်စွာစုံစမ်း တင်ပြ၍ ညှိနှိုင်း ဖြေရှင်း နိုင်ရန် အားထုတ်ကြိုးပမ်း သွားမည်ဖြစ်သည်။

(၆) လက်ပံတောင်း တောင်ဆန္ဒပြသူများအား အကြမ်းဖက်ဖြေရှင်းခဲ့မှုနှင့်ပတ်သက်၍ ထိခိုက် ဒဏ်ရာ ရသူ၊ ရဟန်း၊ ပြည်သူ များအား ထိရောက်သော ဆေးဝါး ကုသပေး ရန်၊ ထိခိုက် ဒဏ်ရာရသူ ရဟန်း၊ သံဃာတော် များအား ဝန်ချတောင်း ပန်ရန်၊ စုံစမ်းရေး ကော်မရှင်မှ လက်ပံတောင်း တောင်ကြေးနီစီမံ ကိန်းကို ပြန်လည် စစ်ဆေးသုံး သပ်ရန်၊ စုံစမ်းစစ်ဆေးနေစဉ်အတွင်း တူးဖော်ဆောင်ရွက် နေမှုများ ကိုရပ်ဆိုင်းထားရန်၊ ဖမ်းဆီးအရေးယူမှုများကိုရပ်တန့်၍ ထိန်းသိမ်း ထား သူများ ကိုပြန်လွှတ်ပေး ရန်နှင့် ပြဿနာများကို ညှိနှိုင်း ဖြေရှင်း ရန် ၈၈ မျိုးဆက်ကျောင်းသားများ အနေဖြင့် အလေး အနက်တိုက် တွန်း တောင်း ဆိုလိုက်သည် စသည်ဖြင့် ဖော်ပြပါရှိကြောင်းသိရသည်။

Yangon media group

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>