Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒေသခံ သံဃာတော်များ လက်ပန်တောင်းတောင် အကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်ပြီး သဘောထား ကြေညာချက် ထုတ်ပြန်

$
0
0
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းများကို အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်များမှ ဓါတုဗေဒ ပစ္စည်းများ ပါဝင်သော မီးလောင်ဗုံးများ၊ မျက်ရည်ယိုဗုံးများဖြင့် တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်ပြီး လက်ပန်တောင်းတောင် ဒေသ သံဃာတော်များမှ ယနေ့ ည ၇ နာရီ တွင် အချက် ၇ ချက်ပါ သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကြေညာချက်တွင်

အကြမ်းဖက်မှု၌ ပါဝင်ခဲ့သည့် တာဝန်ရှိသူ အားလုံးကို ဒီမိုကရေစီ အစိုးရမှ အပြီးအပိုင် ထုတ်ပယ်ပြီး အမြန်ဆုံး အရေးယူရန်၊

အကြမ်းဖက်မှုကို ဆန္ဒပြ ဆန့်ကျင်ခဲ့သော ကြောင့် ဖမ်းဆီးခံထားရသူ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်၊

အမျိုးဘာသာ သာသနာကို ငြိမ်းချမ်းစွာဖြင့် ကာကွယ်စောင့် ရှောက်နေသော သံဃာတော်များနှင့် ပြည်သူလူထုကို မီးလောင်စေ တတ်သော ဓါတုဗေဒ ပစ္စည်းများကို အသုံးပြုကာ
အကွက်ကျကျ ကြိုတင်ပြင်ဆင်ပြီး ဥပဒေမဲ့ လူမ ဆန်စွာ အကြမ်းဖက် ဖြိုခွဲ ဖျက်ဆီးခဲ့ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ပါရှိသည်။

ဆားလင်းကြီး မြို့နယ် ဇီးတောကျေးရွာ စမ်းမြ၀တီ ကျောင်းတိုက် ဆရာတော် ဦးအာလော ကမှ “ ဆရာတော်တို့ လက်ပန်တောင်းတောင် ဒေသကို ရဲတပ်ဖွဲ့က မီးလောင်တိုက် သွင်းလိုက်တဲ့ ဖြစ် ရပ် အပြီးမှာ မြန်မာပြည် တ၀ှမ်းမှာ ရှိတဲ့ ဆရာတော်၊ သံဃာတော်တွေက သဘောထား ကြေညာ ချက်တွေ ထုတ်ပြန်ခဲ့တယ်။ ဒေသခံ ဆရာတော်တို့ အနေနဲ့လည်း အမြန်ဆုံး ထုတ်ပြန်ဖို့ ကြိုးစားခဲ့တာ အခုတော့ သဘောထားတစ်ရပ်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်” ဟု မိန့်ကြားခဲ့သည်။

မီးလောင်ဗုံးများကို နိုင်ငံတကာ စစ်ပွဲများတွင်ပင် အသုံးမပြုရန် ကုလသမဂ္ဂမှ ကန့်ကွက်ထား ကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော သံဃာတော်များအပေါ် မီးလောင်ဗုံးများ သုံးစွဲခဲ့ခြင်းမှာ ကမ်းကုန်အောင် ယုတ်မာမှု ဖြစ်၍ နိုင်ငံတော် အကြမ်းဖက် ၀ါဒ ဖြစ်သည်ဟု ခံစားမိကြောင်း၊ ရဟန်းရှင်လူ ပြည်သူအားလုံး တောင်းဆိုနေသည့် ကြေးနီစီမံကိန်းကို လုံးဝဖျက်သိမ်းပေးရန်နှင့် တောင်းဆိုချက်များကို လျှင်မြန်စွာ ဆောင်ရွက် မပေးပါက ပြည်သူနှင် သံဃာ ကြည်ဖြူစွာ လက်တွဲ၍ ဆက်လက် ဆောင်ရွက်သင့်သည့် အချိန်တွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဆက်လက် ဖေါ်ပြထားသည်။

ရန်နိုင်(မြန်မာ့ခေတ်)

Viewing all articles
Browse latest Browse all 32865

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လင်တရူးမများ၏ ရောဂါ လက္ခဏာ (၁၃) ချက်..


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


မြန်မာနှစ်သစ်-အပြောင်း- သက္ကရာဇ်အကြောင်းသိကောင်းစရာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>