Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

(၁၂-၁၂-၁၂) လက်ပန်းတောင်းတောင်အကြမ်းဖက်မှု သံဃာတော်တွေကို အကြမ်းဖက်နှိမ်နင်းတဲ့ အစိုးရအား တနိုင်ငံလုံးအတိုင်းအတာဖြင့်ဆန္ဒထုတ်ဖော်

$
0
0
( ၁၂-၁၂-၁၂ )မန္တလေး သံဃာများ ၁၂.၁၂.၁၂နေ့တွင် လမ်းလျှောက်မေတ္တာပို့ ။
လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် သံဃာတော် အပါး ၁၀၀ ကျော်ခန့်က ဗဟန်းမြို့နယ် ကြေးသွန်းဘုရားအနီးမှ စတင်ပြီး ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲ ၂ နာရီမှ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ သံဃာတော်များအား လူပုဂ္ဂိုလ်များက ၀န်းရံထားပြီး အဆိုပါသံဃာတော်များသည် ဆူးလေဘုရားသို့ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်
ယနေ့ မွန်းတည့်(၁၂)နာရီအချိန်မှစတင်ကာ မုံရွာမြို့တွင် ဆရာတော်သံဃာတော် အရှင်သူမြတ်များက ရွှေစည်းခုံမြတ်စွာဘုရားကြီး မှစုရပ်ပြုလုပ်ပြီးမုံရွာမြို့တွင်းသို့လှည်လည်ပြီး မေတ္တာပို့ကာစီတန်းလှည်လည်ကြနေပြီဖြစ်ပါသည်။သံဃာအင်အား(၇၀၀)ခန့်ရှိပြီး နောက်မှလိုက်ပါသည့် မုံရွာမြို့ခံလူထုမှာ(၁၀၀၀)ကျော်ခန့်ရှိမည်ဖြစ်ပါသည်။
ရန်ကုန်မှာဆန္ဒထုတ်ဖော်နေသော သံဃာတော်အပါး ၆၀၀။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ သံဃာတော်တွေကို အကြမ်းဖက်နှိမ်နင်းတဲ့ အစိုးရကို မကျေနပ်လို့ ပြည်မြို့က သံဃာတော်တွေက 12.12.12 နေ့မှာ ဆန္ဒဖော်ထုတ်ပြီး လမ်းမပေါ်ကို ကြွလာကြတာပါ....
လက်ပံတောင်းတောင် အကြမ်းဖက် နှိမ်နှင်းမှု နှင့်ပတ်သက်၍ ကလေးမြို့ရှိ ရွှေဘုံသာ ဘုရားကြီးဝန်းတွင် သံဃာတော်နှင့် လူ စုစုပေါင်း ဦးရေ ၂၀၀ ခန့် ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီခန့်အထိ ထိုင်သပိတ် ပြုလုပ်၍ ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း
ပုသိမ် မြို့လူထု သံဃာ နဲ့ အတူချီတက်နေစဉ်
( ၁၂-၁၂-၁၂ )လက်ပံတောင်းတောင်တွင် အကြမ်းဖက်ဖြိုခွင်းခံရသော သံဃာတော်များ အတွက် ဆုတောင်း မေတ္တာပို့နေသည့် စစ်တွေသံဃာတော်များ။ စစ်တွေမြို့တွင် မွန်းလွဲ (၁) နာရီခန့်ကစည်းကမ်းထိန်းသိမ်းရေးနှင့်ကူညီစောင့်ရှောက်ရေး ရဟန်းတော်များဦးဆောင်၍ လက်ပံတောင်းတောင်အရေးနှင့် စပ်လျဉ်းသည့် ဆန္ဒဖော်ထုတ်ပွဲတရပ်ကိုအတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး ပုရ၀ုဏ်အတွင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ..Facebook စာမျက်နှာများမှ ရယူပါတယ်..

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ