Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒုတိယမ္ပိ မြတ်စွာဘုရားရှင်အား စောင့်ရှောက်ကူညီခြင်း

$
0
0
မုံရွာမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွဲမှုကြောင့် မီးလောင်ဒဏ်ရာ များရရှိခဲ့သော သံဃာတော်အပေါင်းနှင့် ပြည်သူတို့အား ဆေးဝါးကုသရန်အတွက် ဒုတိယအကြိမ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူငွေကျပ် ၉၅၅ဝဝဝဝိ/- (ကိုးဆယ့်ငါးသိန်းငါးသောင်း) ကျပ်တိတိ အား မန္တလေးမြို့သို့ (၁၁.၁၂.၂ဝ၁၂) ရက်နေ့၌ ပို့ဆောင်လှူဒါန်းမှု ပြုလုပ်ခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၏ ညီမဝမ်းကွဲဖြစ်သူ လူမှုရေး လုပ်ငန်းများအား ကြိုးစားပေးဆပ်နေသော မန္တလေးမြို့နေ မသင်းနွဲ့နွဲ့ဖေထံသို့ ၁၁.၁၂.၂ဝ၁၂ ရက်နေ့ နေ့လည် (၂းဝဝ) နာရီအချိန်တွင် ဘဏ်ငွေလွှဲစနစ်ဖြင့် ပို့ဆောင်ခဲ့ရာ မန္တလေးမြို့ရှိ မသင်းနွဲ့နွဲ့ဖေ သည် မန္တလေးမြို့ရှိဆေးရုံများဖြစ်သော မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံကြီးများသို့ သွား ရောက်ကာ လက်ပံတောင်းတောင် ထိခိုက်ဒါဏ်ရာ ရရှိသူများ ကျန်းမာရေးပြုစုစောင့်ရှောက်မှုကော်မတီ (မန္တလေး)သို့ သွားရောက်အကြောင်းကြားခဲ့ ကာ ရေတော်ဘုရားကြီး တိုက်ဆရာတော် ဥူးဝိသုတနှင့် ဘဝ အလင်းဆရာတော် ဥူးဥတ္တမ တို့နှင့်အတူ ဆေးရုံများတွင် တက်ရောက်ကုသနေကြသော ဒဏ်ရာအလွန် ပြင်းထန်သော သံဃာတော်
(၅) ပါး၊ ဒဏ်ရာပြင်းထန်သော သံဃာတော် (၁ဝ) ပါး၊ ဒါဏ်ရာရရှိခဲ့သော သံဃာတော် (၅) ပါး၊ လူ (၄) ယောက်၊ ဒဏ်ရာသက်သာလာသော သံဃာတော် (၁၇) ပါးတို့အား ဝတ္ထု ငွေများ ဆက်ကပ်လှူဒါန်းမှုကို ပြုလုပ်ပေးခဲ့ပါသည်။

ထိုသို့ လှူဒါန်းကူညီမှုပြုရာတွင် ဒဏ်ရာအလွန် ပြင်းထန်သော သံဃာတော်များအား တစ်ပါးလျှင် (၁ဝ) သိန်းကျပ်စီ၊ ဒဏ်ရာပြင်းထန်သော သံဃာတော် (၁ဝ) ပါးတို့အား တစ်ပါးလျှင် အလှူငွေ(၃)သိန်းကျပ်စီနှင့် ဒါဏ်ရာအခြေအနေပေါ်မှုတည်ကာ (၁) သိန်း၊ (၅) သောင်း စသဖြင့် ကုသစရိတ်များအား အချိုးကျ လှူဒါန်းကူညီမှုကို ပြုလုပ်ခဲ့ရာ စုစုပေါင်းအလှူငွေ ၉၅၅ဝဝဝဝိ/- (ကိုးဆယ့်ငါးသိန်းငါးသောင်း) ကျပ်တိတိအား လှူဒါန်းနိုင်ခဲ့ပါသည်။

မြတ်စွာဘုရားရှင်လက်ထက်၌ မာမကျန်းဖြစ်နေသော ဂီလာနသံဃာတော်တစ်ပါးအား ကျန်းမာ လာရန်အတွက် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ပြုစုစောင့်ရှောက်မှုကို ပြုလုပ်ပေးတော်မူပြီး ကျန်ရှိ နေသော သံဃာတော်ထုအား မြတ်စွာဘုရားရှင်မှ “ မာမကျန်းသော ဂီလာန သံဃာလူပုဂ္ဂိုလ်တို့အား ပြုစု စောင့်ရှောက်ခြင်းသည် ငါ ဘုရားအား ပြုစုစောင့်ရှောက်ခြင်း မည်ပေ၏ ” ဟူ၍ ဆုံးမသြဝါဒ ပေးခဲ့တော်မူ သကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း ယခုကဲ့သို့ ဒဏ်ရာပြင်းထန်ခဲ့သော သံဃာတော်များနှင့် ပြည်သူအပေါင်းတို့အား အများပြည်သူမှ လှူဒါန်းထားသော အလှူငွေတို့ဖြင့် ဒုတိယအကြိမ်အဖြစ် အများ ပြည်သူ ရဟန်းရှင်လူတို့အတွက် ပြန်လည်လှူဒါန်း ကူညီဖေးမမှုအား ပြုလုပ်ခြင်းသည် “ဒုတိယမ္ပိ မြတ်စွာ ဘုရားရှင်အား စောင့်ရှောက်ကူညီခြင်း ” ပင် ဖြစ်တော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>