Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အသုံးအနှုန်းကို မနှစ်သက်၍ အောင်မှိုင်းဆန်းနှင့်အဖွဲ့ အာမခံယူရန်ငြင်းဆန် -

$
0
0
အာမခံခံဝန်လက်မှတ်ရေးထိုးရာစာရွက်ပေါ်၌ သုံးနှုန်းထားသော အသုံးအနှုန်းများအား မနှစ်သက်၍ အာမခံယူရန် ငြင်းဆန်ရခြင်းဖြစ်သည်ဟု ဗကသကျောင်းသား အောင်မှိုင်းဆန်းက သီးသန့်ပြောကြား လိုက်သည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တရားရုံးမှ ပြန်လည်ခေါ်ထုတ်လာစဉ် ပုဒ်မ(၁၈)ဖြင့် အမှုဖွင့် အရေး ယူခြင်းခံထားရသူ အောင်မှိုင်းဆန်းက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

“အခု ဖမ်းတယ်ဆိုတာလည်း တရားတယ်လို့ ကျွန်တော်တို့ မယူဆပါဘူး ၊ နောက်ပြီးတော့ သုံးနှုန်း ထားတဲ့ အသုံးအနှုန်းတွေကလည်း ကျွန်တော်တို့ကို တရားခံဆိုပြီး သုံးနှုန်းထားပါတယ် ၊ အဲဒါကို ကျွန်တော်တို့ လက်မခံပါဘူး ´´ ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းအား ဒီဇင်ဘာ (၁၂)နေ့ညမှ စတင်ဖမ်းဆည်းခဲ့ခြင်းဖြစ်ပြီး လက်ပံတောင်းအရေးဆန့်ကျင်မှု အတွက် စီတန်းလှည့်လည်စဉ် ပူးပေါင်းပါဝင်ခဲ့မှုအတွက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

စီတန်းလှည့်လည်ရာတွင် ပါဝင်သူများအနက် ဗကသ အဖွဲ့မှ အောင်မှိုင်းဆန်း ၊ မင်းနိုင်လွင် ၊ သန်းထိုက်နှင့် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ သိန်းအောင်မြင့်တို့ အဖမ်းခံထားရပြီဖြစ်ပြီး ၀ရမ်းတွင် ပါဝင်သူ ဗကသမှ ထွန်းထွန်းကျော်မှာ ယခုတိုင် တိမ်းရှောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

စီတန်းလှည့်လည်ခွင့်ဥပဒေသည် လုပ်ပိုင်ခွင့်နည်းနည်း ပေးထားပြီး ချုပ်ကိုင်မှုများနေကြောင်း ၊ အဆိုပါဥပဒေကို ပြန်လည်စဉ်းစား သင့်ကြောင်း ပြောဆိုခဲ့ပြီး ၎င်းတို့အနေနှင့် မြန်မာတစ်နိုင်ငံလုံးတွင် သံဃာ့လှုပ်ရှားမှုမှန်သမျှကို ပူးပေါင်းပေးရန်ရည်မှန်းချက်ရှိကြောင်းကိုလည်း ဗကသကော်မတီဝင် မိုးထက်နေက ပြောကြားခဲ့သည်။

“လပြည့်ညက ဖြေရှင်းသွားတဲ့ပုံက အင်မတန်ကို စိုးရိမ်စရာဖြစ်ပါတယ် ၊ ကျွန်တော်တို့ရှိနေရဲ့သားနဲ့ ဒီလိုမျိုး အဖြစ်မခံပါဘူး” ဟု မိုးထက်နေက ပြောသည်။

များကို မထိခိုက်သည့် စီတန်း လှည့်လည်ခွင့်များကို အခြေခံဥပဒေက ပြဌာန်းပေးထားသော်လည်း မြို့နယ်ရဲတပ်ဖွဲ့မှူးများက ငြင်းဆိုနေခြင်းမှာ အခြေခံဥပဒေနှင့်မညီကြောင်းနှင့် စီတန်းလှည့်လည် မှုကြောင့် အမှုရင်ဆိုင်ရတော့မည်ဖြစ်သည့်သူများဘက်မှ ရှေ့နေများကွန်ယက်မှ ဦးသိန်းသန်းညွန့်က လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“စီတန်းလှည့်လည်မှု လုပ်မယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှုးဆီ ခွင့်တင်ရတယ် ၊ တကယ့် တကယ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အများပြည်သူရဲ့ ငြိမ်ဝပ်ပိပြားမှုကိုမထိခိုက်ဘူးဆိုရင် လွတ်လပ် စွာ စီတန်းလှည့်လည်ခွင့်ရှိတယ် ၊ အဲဒီအခြေခံဥပဒေက ပေးထားတဲ့အခွင့်အရေးကို မြို့နယ်ရဲတပ်ဖွဲ့ မှူးတွေကို ငြင်းပယ် ခွင့်ပေး ထားတာ အခြေခံဥပဒေနဲ့ လုံးဝမညီဘူး ´´ ဟု မိုးထက်နေက သုံးသပ် ပြောကြားခဲသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၂)ရက်နေ့က ပြုလုပ်ခဲ့သည့် သံဃာများစီတန်းလှည့်လည်မှုတွင် လူထောင် ပေါင်းများစွာပါဝင်သော်လည်း ယခုလို ငါးဦးသာ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းနှင့် ပတ်သတ်၍ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူအား တွေ့ဆုံမေးမြန်းရာ ၎င်းတို့တွင် ဖြေကြားရန် အခွင့်အရေးမရှိဟု တရားရုံး သို့လိုက်ပါလာသည့် အရာခံဗိုလ်တစ်ဦးက ပြောကြားခဲ့သည်။

စုံးစမ်းစစ်ဆေးမှုများကို လာမည့် (၂၀)ရက်နေ့တွင် ထပ်မံပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

မင်းမင်းလတ်-မန္တလေး(မြစ်မခ)

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...