(The Daily Star News မှ 13 Dec 2012 ရက်စွဲပါ “Sweden asks India to clarify arms presence in Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)
ဆွီဒင်နိုင်ငံသည် M-3 ကားလ်ဂတ်စတက် တင့်ကားဖျက်လက်နက်များကို အိန္ဒိယစစ်တပ်က ဝယ်ယူခဲ့ကြောင်းဖော်ထုတ်အပြီးတွင် ဆွီဒင်နိုင်ငံက အိန္ဒိယနိုင်ငံအား ယင်းလက်နက်များ အီးယူ sanctions ကို ချိုးဖောက်ကာ မြန်မာနိုင်ငံသို့ရောက်ရှိသွားပုံကို ရှင်းလင်းရန် ကြာသပတေးနေ့က တောင်းဆိုထားသည်ဟု ဆွီဒင်ကုန်သွယ်ရေးဝန်ကြီး အီဝါဂျော်လင်းက ပြောကြားသည်။
မြန်မာနိုင်ငံသို့ ဆွီဒင်လုပ်လက်နက်များ ရောက်ရှိနေမှုကို စုံစမ်းစစ်ဆေးနေသည်ဟု ဆွီဒင်ပို့ကုန်ထိန်းချုပ်ရေးအေဂျင်စီက ပြောကြားပြီး နောက်တစ်ရက်တွင် ၎င်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
၎င်းလက်နက်များ အိန္ဒိယနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ရောက်သွားခဲ့ခြင်းဖြစ်သည်ဟု ဆွီဒင်နိုင်ငံ လက်နက်မပြန့်ပွားရေးနှင့် ပို့ကုန်ထိန်းချုပ်ရေး အေဂျင်စီ ISP က သတင်းပေးကြောင်း သူမက ပါလီမန်သို့ ပြောကြားလိုက်ပါသည်။
ဒါကြောင့် အိန္ဒိယအာဏာပိုင်တွေဆီကနေ ရှင်းလင်း ထုချေလွှာတောင်းဖို့ ISP ကို ကျွန်မတောင်းဆို
ထားပါတယ်ဟု သူမက ဆက်လက်ပြောကြားသည်။
ယခုသီတင်းပတ် ဆွီဒင်သတင်းစာတစ်စောင်တွင် ဖော်ပြခဲ့သော သတင်းထောက် ဘာတစ်လင့်တနာ၏ သတင်းဆောင်းပါးတွင် မြန်မာနိုင်ငံ ကချင်ပြည်နယ်မှ မြန်မာအစိုးရတပ်ဖွဲ့များ ကျန်ရစ်ခဲ့သော ဆွီဒင်လုပ် M-3 ဘားလ်ဂတ်စတက်တင့်ဖျက်လက်နက်ကို ဓါတ်ပုံအထောက်အထားများနှင့် တကွ ဖော်ပြထားပါသည်။
၎င်းဓါတ်ပုံများထဲမှ တစ်ပုံတွင် လက်နက်ထုတ်လုပ်သော နံပါတ်စဉ်အမှတ်အသားကို ထင်ရှားစွာ တွေ့မြင်ရသည်။
၁၉၈၈ တွင်မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီး ဖိနှိပ်အုပ်ချုပ်ခဲ့သောကြောင့် ဥရောပသမဂ္ဂ EU က ၁၉၉၆ ခုနှစ်မှစ၍ လက်နက်မရောင်းရန် ပိတ်ပင်ထားခဲ့သည်။
ယခုကဲ့သို့ ဆွီဒင်လုပ်လက်နက်များ တတိယလူ လက်ထဲရောက်သွားခြင်းမှာ ကြုံတောင့်ကြုံခဲ ဖြစ်ကြောင်း ISP ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဗုဒ္ဓဟူးနေ့တွင် မှတ်ချက်ပေးပြောဆိုသွားသည်။
Yangon chronicle