Quantcast
Viewing all articles
Browse latest Browse all 32865

တစ်လပိုင်းအတွင်းအကြောင်းမပြန်ပါက ရွာ(၃၀)ကျော်မှဆန္ဒပြမည်


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်မှ အသိမ်းခံ လယ်ယာမြေများ အတွက် လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ လာရောက်စုံစမ်း စစ်ဆေးခဲ့သော်လည်း အကြောင်းပြန်ခြင်း မရှိသောကြောင့် ယခုလအတွင်း အကြောင်းမပြန်ပါက ကျေးရွာပေါင်း (၃၀)ကျော်မှ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း နမ့်ဆီးအုပ်စု လင်းငေါက်ကျေးရွာမှ လယ်သမားအရေး ဆောင်ရွက်သူ တောင်သူဦးသိန်းထွန်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

အမှတ် (၉၀၅)ဟိုပုန်း ခြေလျင်တပ်ရင်းသည် ၂၀၀၄-၂၀၀၅ခုနှစ်တွင် အဆိုပါဒေသအတွင်း အမှတ်(၅) သမဏိစက်ရုံ တည်ဆောက်ရန် သိမ်းယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ် စက်တင်ဘာလတွင် ရှမ်းပြည်နယ်
တောင်ပိုင်း လယ်ယာမြေ စုံစမ်းရေးကော်မရှင်၊ မြေစာရင်းဦးစီးဌာန၊
စိုက်ပျိုးရေးဌာန၊ ရှမ်းပြည်နယ် ဝန်ကြီးအဖွဲ့များက သွားရောက်စုံစမ်း စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း မြေစာရင်းဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

“သူတို့လာကြည့်တာ ကိုးလပိုင်း အခု တစ်လပိုင်းရှိသွားပီ စာလာတာ အကြာင်းကြားတာ မရှိဘူး။ ကျွန်တော်လည်း ပြောတယ်။ စာမကျရင် ထပ်တင်မယ်လို့။ မကျရင်တော့ တောင်သူတွေကိုလည်း ပြောထားပီးသား ဆန္ဒထုတ်ဖော်မယ်လို့” ဟု ဦးသိန်းထွန်းက ပြောကြားသည်။

အမှတ်(၅) သံမဏိစက်ရုံက မြေသိမ်းစဉ် ကာလတွင် ဒေသဖွင့်ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ပေးမည်ဟု ဆိုသော်လည်း စာသင်ကျောင်းအားနှစ်ခန်းဆောက်ပေးခြင်း၊ မီးသွယ်တန်းပေးမည်ဟု ပြောထားသော်လည်းကျောင်းဆရာမ အိမ်အတွက် ဆိုလာပြား နှစ်ခုသာလှူဒါန်းခြင်း၊ကျေးရွာသောက်သုံး ရေကန်အတွက် လှူရာတွင်လည်း ဗိုလ်မှူးစိုးနိုင် အမည်ဖြင့် ငွေကျပ် နှစ်သိန်းရှစ်သောင်း လှူဒါန်းခြင်းသာ ရှိခဲ့ကြောင်း နမ့်ဆီးဒေသခံများထံမှသိရသည်။

“စုံစမ်းစစ်ဆေးရေးကလည်းဘာမှမလုပ်ပေးတဲ့အပြင်စက်ရုံထပ်တောက်ဖို့လွှတ်တော်မှာတင်ပြပီးဘတ်ဂျက်တောင် နောက်ထပ်
ထပ်တောင်းထားတယ်”ဟု ဒီမိုအဖွဲ့မှ ကိုဘိုကျော်က ပြောကြားသည်။

ယခုအခါယင်းဒေသမှ တောင်သူလယ်သမားများသည်လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ပြန်လည်အကြောင်းကြားမှုအား စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

အောင်သိုက် (မြန်မာ့ခေတ်)

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>