Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကချင်တွင် ဓါတုလက်နက်များသုံး၍ တိုက်ခိုက်နေခြင်း မရှိဟု မြန်မာအစိုးရငြင်းဆို

$
0
0

နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) အားတိုက်ခိုက်နေသော စစ်ဆင်ရေးများအတွင်း ဓါတုလက်နက်များအသုံးပြုခဲ့သည်ဆိုသော စွပ်စွဲချက်များအား မဟုတ်မှန်ကြောင်း မြန်မာအစိုးရက ငြင်းဆိုလိုက်သည်။

အေအက်ဖ်ပီ သတင်းဌာနမှ ဖေါ်ပြသောသတင်းတွင် မြန်မာသမ္မတ၏ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က “ကျနော်တို့တပ်တွေဟာ ဓါတုလက်နက်တွေကို ဘယ်တော့မှ မသုံးခဲ့ပါဘူး။ အဲဒါတွေကို အသုံးပြုဖို့ ရည်ရွယ်ချက် လည်း မရှိခဲ့ပါဘူး၊ ကေအိုင်အေဟာ ကျွန်တော်တို့ကို မှားယွင်းစွာ စွပ်စွဲနေတယ် ထင်ပါတယ်” ဟု ပြောကြားသည်။

ကေအိုင်အေတပ်ဖွဲ့ များကမူ မြန်မာတပ်များသည် မကြာသေးမီရက်ပိုင်းမှ စတင်၍ တရုတ်နယ်စပ်အနီး ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာအနီး နယ်မြေကို စိုးမိုးမှုရယူရန် ချဉ်းကပ်လာနေကြောင်း ပြောကြားသည်။

ကေအိုင်အေ၏ ပြောခွင့်ရပုဂ္ဂိုလ် ဂျိမ်းစ်လမ်ဒေါက်က “သူတို့ ဓါတုဗေဒ လက်နက်တွေ သုံးတာ သုံး၇က်လောက် ရှိပါပြီ။ သူတို့ဟာ အလွန် အရေးပါ တဲ့ နေရာတွေကို ကျူးကျော်သိမ်းပိုက်နိုင်စွမ်း ရှိနေပါတယ်” ဟု ဆိုသည်။

၎င်းက အမြောက်ဆံများကျရောက် ပေါက်ကွဲသောအခါ စစ်သားများသည်မေ့မျာသွားပြီး ပြင်းထန်သည့်အပူချိန်ကို ခံစားရကြောင်း အေအက်ဖ်ပီသို့ပြောကြားသည်။

ကချင်တွင် အစိုးရနှင့် ကေအိုင်အေတို့၏ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားပြီးနောက် ၂၀၁၁ ဇွန်လမှ စ၍ ဖြစ်ပွားသောပဋိပက္ခအတွင်း အရပ်သားထောင်ပေါင်းများစွာ စစ်ဒဏ်ကြောင့် နေရာရွှေ့ပြောင်းနေထိုင်နေကြရသည်။

ကချင်တပ်များက အစိုးရစစ်တပ်များသည် ၂၀၁၁ နှစ်ကုန်က တိုက်ခိုက် မှုများတွင်လည်း ဓါတုလက်နက်များ သုံးစွဲခဲ့ကြောင်း စွပ်စွဲထားသည်။

ယခုအခါ အမေရိကန်ပြည်ထောင်စုနှင့် ကုလသမဂ္ဂအဖွဲ့တို့ကလည်းလေကြောင်းမှတိုက်ခိုက်မှုများကို စိုးရိမ်ပူပန်ကြောင်း ထုတ်ဖေါ်ပြောဆို ထားသည်။

Ref – AFP
The Myanma Age


Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>