Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပြည်ထောင်စုလွှတ်တော် နာယကအလံပြောင်းပြန်သတင်း မတုံ့ပြန်သေး

$
0
0

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် မေ ၂၂ ရက်တွင် နေပြည်တော် အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ ဆွစ်ဇာလန်နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ်

စားပွဲခုံပေါ်ရှိ မြန်မာနိုင်ငံတော်အလံသည် ဇောက်ထိုးဖြစ်နေကြောင်း မေ ၂၃ရက်ထုတ် ကြေးမုံနှင့် မြန်မာ့အလင်းရောင်စုံစာမျက်နှာထက် အထင်အရှား တွေ့မြင်ခဲ့ရသည်။ ၎င်းသတင်းကို သတင်း ဂျာနယ် အချို့တွင် အကျယ်တ၀င့်ရေးသား ဖော်ပြခဲ့ကြပြီး ဥပဒေပိုင်းဆိုင်ရာ ဝေဖန်ပြစ်တင်မှုများလည်းရှိခဲ့သည်။

နိုင်ငံတော်တွင် အဆင့်မြင့်နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ပြည်ထောင်စုလွှတ်တော် နာယကထိုင်သော ရှေ့စားပွဲအလံ ပြောင်းပြန်ဖြစ်ရပ်သည် တိုက်ဆိုင်သော ဖြစ်ရပ်တစ်ခု ဖြစ်နိုင်ပြီး၊ လွန်ခဲ့သောနှစ်က ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဗဟိုအတွင်းရေးမှူး ဦးခင်အောင်မြင့်တို့ အပါအ၀င် အစိုးရနှင့် ပါတီထိပ်တန်း ခေါင်းဆောင်များရှေ့မှောက် ပါတီညီလာခံစင်မြင့်၌ အလံပြောင်းပြန်ကိုင်ဆောင်၍ ဖွင့်ပွဲသီချင်း ဖျော်ဖြေခဲ့သော ဖြစ်ရပ်သည်လည်း အလံတော်၏ အနေအထားအရ မှားယွင်းတပ်ဆင်မိခြင်းသာဖြစ်ကြောင်း အလံတော်ကို မထီမဲ့မြင်ပြုရာမရောက်၍ အရေးမယူခဲ့ကြောင်း ပါတီဗဟိုတာဝန်ရှိသူအချို့က ပြောသည်။

ယခုကဲ့သို့ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ အလံပြောင်းပြန်ဖြစ်နေခြင်းအတွက် အမျိုးသားလွှတ်တော်ရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ““ဒီကိစ္စကို ဥက္ကဋ္ဌ သိပါတယ်။ ဂျာနယ်အချို့ရေးတာကိုလည်း သိပါတယ်။ လူကြီးအနေနဲ့ လောလောဆယ် မှတ်ချက်တစ်စုံတစ်ရာ မပေးသေးပါဘူး””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

နိုင်ငံတော်အဆင့် တာဝန်ရှိသူအကြီးအကဲများအနေဖြင့် မိန့်ခွန်းများမှစ၍ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းများအား သက်ဆိုင်ရာကျွမ်းကျင်သော ပုဂ္ဂိုလ်များကို ခန့်ထားတာဝန်ပေးထားပြီးဖြစ်၍ လုံခြုံရေးမှအစ အမှိုက်ကစ ပြာသာဒ်မီးလောင်တတ်သော သဘာဝကို အကြီးအကဲ၏ အနီးကပ်တာဝန်ရှိသူများ အထူးဂရုစိုက်တတ်ကြကြောင်း၊ သာဓကအနေဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တာဝန်ရှိစဉ်က အစားအသောက် မှစ၍ လူကြီးမစားခင် ကြိုတင်၍အမြည်းသဘော စမ်းသပ်စားသုံးကြရခြင်း၊ ၎င်းလာရောက်မည့်အခမ်းအနား စင်မြင့်အထိ စစ်ခွေးများဖြင့် ကြိုတင်မိုင်းရှင်းခြင်း၊ လုံခြုံရေးအထပ်ထပ်ကြားမှပင် မှော်ဘီဗဟိုသင်တန်း ကျောင်းသို့ နာယကကြီး(တပ်ချုပ်ကြီး)လာမည့် ဘုရင့်နောင်ရိပ်သာတွင်းသို့ အကြိုည၌ သူခိုးဝင်ခိုးခဲ့သော ဖြစ်ရပ်ပင်ရှိခဲ့ကြောင်း၊ တာဝန်ရှိသူများ ရဲတိုင်ခဲ့ရကြောင်း၊ ယခုအလံပြောင်းပြန်ဖြင့် သတင်းထုတ်ပြန်ခဲ့သည်မှာ နိုင်ငံပိုင်သတင်းစာ၏ ကာလာရောင်စုံစာမျက်နှာဖြစ်၍ ပိုမိုထင်ရှားပြီး သမိုင်းဝင်ဖြစ်ရပ်ဖြစ်သွား၍ ဆိုင်ရာအယ်ဒီတာများအနေဖြင့် နိုင်ငံပိုင်သတင်းစာတိုက်ကွပ်ကဲရာ ပြန်ကြားရေးဝန်ကြီးဌာန သဘောထားထင်ဟပ် နေနိုင်ကြောင်း ယခင်အစိုးရလက်ထက် နိုင်ငံရေးလှုပ်ရှားမှုများ၌ နှစ်ပေါင်းများစွာ ပါဝင်ခဲ့သည့် သတင်းစာဆရာတစ်ဦးက သုံးသပ်ပြောကြားသည်။

မြန်မာသံတော်ဆင့် သတင်းစာ

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>