Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဘာသာရေးလူမျိုးရေးအကြမ်းဖက်မှု ဝိုင်းဝန်း ဆန့်ကျင်ကန့်ကွက်ကြပါစို့

$
0
0

မိုးမခ သတင်းမီဒီယာမှ ကူးယူဖော်ပြပါတယ်..
တူမောင်ညို (၂၀၁၃ ခုနှစ်၊ မေလ ၃၁ ရက် )

မြေပြန့်/တောင်ပေါ်မခွဲ အကြမ်းဖက်၊ မီးရှို့၊ လူသတ်မှုတွေက ဘယ်မှာပဲဖြစ်ဖြစ် တစ်ပုံစံထဲပဲ။ ပစ်မှတ်နဲ့ လုပ်ရပ်က မူဆလင် ဘာသာဝင်များနဲ့ ၄င်းတို့ရဲ့ဘာသာရေးအဆောက်အအုံ၊ အသက်အိုးအိမ် စည်းစိမ်နဲ့ စီးပွားရေးလုပ်ငန်းတွေကို အကြမ်းဖက်ဖျက်ဆီးတာနဲ့ အကြမ်းဖက်သတ်ဖြတ်တာဖြစ်တယ်။

နိုင်ငံတော်အစိုးရနဲ့အဆင့်ဆင့်အုပ်ချုပ်ရေးပိုင်းက လက်ပိုက်ကြည့်နေတာကလည်း ဘယ်မှာဖြစ်ဖြစ် တစ်ပုံစံထဲပဲ။

ဘာသာရေးနဲ့လူနေအဆောက်အအုံတွေ မီးလောင်ပျက်စီးပြီ၊ လူတွေသေကျေဒဏ်ရကုန်ပြီ စိစိညက်ညက် ကျေလောက်ပြီ ဆိုတော့မှစစ်တပ်နဲ့ရဲကဟန်ရေးပြပြီးမြို့ထဲကင်းလှည့်ထွက်လာပါတော့တယ်။ စိတ်ကြိုက် အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်နိုင်ဖို့အချိန်ပေး ထားတဲ့သဘောဖြစ် ပါတယ်။ ဒီလိုနဲ့လားရှိုးမြို့လည်း ပုဒ်၁၄၄ အောက်ရောက်သွားတယ်။ မြို့ခံလူထုတွေ ကျီးလန့်စာ စားရတဲ့ ဘဝကျ ရောက်သွားကြရတယ်။ မိထ္ထီလာက ပြည်သူတွေလို လားရှိုးကပြည်သူတွေလည်း စိုးရိမ်ပူပန်နေကြရတယ်။

“ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင် မြန်မြန် သွားရောက် နှိမ်နင်းနိုင်ရေး (Rapid Response) စီမံပေးရန်” ဆိုတဲ့ ပြည်ထဲရေးဝန်ကြီးဥက္ကဋ္ဌ အဖြစ်တာဝန်ယူတဲ့ “အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီ” ဘာလုပ် နေသလဲ။

နိုင်ငံတော်အစိုးရနဲ့ အုပ်ချုပ်ရေးပိုင်းဟာ အကြမ်းဖက် သမားတွေနဲ့ အကြမ်းဖက်မှုတွေနဲ့ နီးနီးကပ်ကပ်ဆက်စပ်နေတာ ထင်ရှားပါတယ်။ မင်းတို့ပီပီပြင်ပြင် အကြမ်းဖက်သတ်ဖြတ်ဖျက်ဆီးကြစမ်း ငါတို့မျက်စိမှိတ်နေမယ်။ အချိန်ဆွဲထားမယ်ဆိုတဲ့ သဘော ထားနဲ့လက်တွေ့အပြုအမူပဲဖြစ်ပါတယ်။

မေလ ၂၈ ရက်နေ့ ည ၈ နာရီမှ စတင်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့သော်လည်း တုတ်ဓါးကိုင် ဆိုင်ကယ်စီးအကြမ်းဖက်သမားများသည် မေလ ၂၉ ရက်နေ့ ညနေပိုင်းအထိ အကြမ်းဖက်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှု ၇ ကြိမ် ထပ်မံ လုပ်ဆောင်ခဲ့ကြပါတယ်။ သို့အတွက် လူ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဤအချက်က အကြမ်းဖက်သမားကို တမင်လွှတ် ပေးထားကြောင်းပိုမိုထင်ရှားစေတဲ့ သာဓကဖြစ်ပါတယ်။ အကြမ်းဖက်သမားများဟာ ပုဒ်မ ၁၄၄ ကို ပမာမထားဘဲ၊ အကြမ်းဖက်ခြင်း ဖြစ်ပြီး၊ အာဏာပိုင်များဘက်က ထိထိရောက်အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း အခိုင်အမာပြသနေတဲ့ သက်သေပြချက်လည်းဖြစ်ပါ တယ်။ ယခုလိုအကြမ်းဖက်မှုတွေကို တိုင်းပြည် အနှံ့အပြား (မြေပြန့်/တောင်ပေါ်)မှာ စစ်ဆင်ရေးတစ်ခုလို တစ်နေရာကနေ တိုက်ရိုက် အမိန့်ပေး ညွန်ကြား လုပ်ဆောင်နေတာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရကိုယ်တိုင်က မျက်နှာသာပေးထားတဲ့ အကြမ်းဖက်မှုဖြစ်နေတော့ လက်သည်တရားခံပေါ်ဖို့/ ဖော်ထုတ်ဖို့ဆိုတာ မလွယ်ဘူး။ ဖော်ထုတ်တဲ့လူပုဂ္ဂိုလ်/အဖွဲ့အစည်းတွေအတွက် အသက်အန္တရာယ်ရှိပါတယ်။ လားရှိုးမှာသတင်းယူတဲ့ သတင်းထောက်ကို အကြမ်းဖက်သမားတွေက ကင်မရာလုယူပြီး၊ သံဒုတ်နဲ့ရိုက်ခဲ့တယ်မဟုတ်ပါလား။

မိထ္ထီလာမှာနဲ့ပဲခူးတိုင်းထဲက နေရာများမှာ အကြမ်းဖက်လူသတ်မီးရှို့မှုတွေဖြစ်ပွားနေစဉ်က ဖြစ်ရပ်များနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများဘက်က နိုင်ငံရေးအရကာကွယ်ပြောဆိုမှု၊ အရေးတယူပြုမှုတွေကို မတွေ့ခဲ့ရပါဘူး။ မဆိုင်သလို ပေယျလကန်ပြုနေခဲ့ ကြတယ်။

ရှမ်းပြည်နယ်၊လားရှိုးမြို့ပေါ်မှာ အကြမ်းဖက်မှုဖြစ်ပွားလာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရဲ့ ထူးခြား သောကြေညာချက်ကို ဖတ်ရပါတယ်။ အဆိုပါကြေညာချက်ကို ဖတ်ပြီးနောက် အလွန်စိတ်မကောင်းဖြစ်ရပါတယ်။

ကြေညာချက်တွင် “ရှမ်းတိုင်းရင်းသားအားလုံး ဤပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်းမပြုကြပါရန် ” နှိုးဆော် တိုက်တွန်းထားပါ တယ်။

ယခုပေါ်ပေါက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် “အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ” ဆိုတဲ့ ဖြစ်ရပ်မျိုး၊ ကိစ္စမျိုးပင်ဖြစ် ပါတယ်။ သူတို့အိမ် မီးလောင်တာပဲ ငါတို့အနေသာချည်း ဆိုတဲ့စိတ်မထားသင့်တဲ့ ကိစ္စမျိုးဖြစ်ပါတယ်။

မူဆလင်တွေသေတာပဲ၊ ဗလီမီး လောင်တာပဲ ဒို့နဲ့မဆိုင်ဘူး၊ မြေပြန့်မှာဖြစ်နေတာပဲ။ ဒို့တောင်ပေါ်နဲ့ အနေသာချည်း။ ရှမ်းပြည်နယ်မှာဖြစ်နေတာပဲ။ ရခိုင်ပြည်နယ် မှာဖြစ် နေတာပဲ၊ ဒို့ကရင်ပြည်နယ် မှာဖြစ်နေတာမဟုတ်ဘူး၊ ဒို့ ရန်ကုန်တိုင်းမှာဖြစ်နေတာမဟုတ်ဘူးဆိုပြီး တာဝန်မဲ့/ စိမ်းကားကြရမယ့် ကိစ္စ မဟုတ်ပါဘူး။

ဝိုင်းဝန်းတားဆီးကာကွယ်ကြရမယ့်ကိစ္စဖြစ်ပါတယ်။ မတရားမှုကို လက်ပိုက်ကြည့်နေခြင်း/ မသိကျိုးကျွံပြုနေခြင်းဟာ မတရားမှု ကို အားပေးအားမြှောက်ပြုတဲ့ သဘောဖြစ်ပါတယ်။

အခုဆိုရင်ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုမီးတောက်တွေဟာ မြေပြန့်ကနေ တောင်ပေါ်သို့ ကူးစက်တက်ရောက်လာခဲ့ပြီ။

ဒါ့ကြောင့် ယခုလို “အကြမ်းဖက်၊ မီးရှို့၊ လူသတ်တဲ့ဖြစ်ရပ်များ”ကို တစ်တိုင်းတစ်ပြည်လုံးက လူမျိုးစုံပြည်သူများ တက်တက် ကြွကြွပါဝင်ပြီး ဝိုင်းဝန်းကန့်ကွက်၊ တားဆီးကာကွယ်ကြရပါမယ်။

ပြည်နယ်နှင့်တိုင်းအားလုံးရှိ ဘာသာပေါင်းစုံလူမျိုးပေါင်းစုံပြည်သူများအနေဖြင့် “ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှု ဆန့်ကျင် ကန့်ကွက်ရေးဆန္ဒပြပွဲများ” ကျင်းပကြပါရန်၊ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံပြည်သူများ သွေးစည်းညီညွတ်ကြပါရန်နှင့် အဆိုပါ ဘာသာ ရေးလူမျိုးရေးအကြမ်းဖက်မှု ဆန်ကျင့် ကန့်ကွက်ရေးဆန္ဒပြပွဲများတွင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများလည်း ပူးပေါင်းပါ ဝင်ကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

(Photo – A correspondent for The Associated Press who reached Lashio on Wednesday reported that mobs of young men on motorcycles roamed the city brandishing sticks and metal rods and throwing rocks. One was wearing monk’s robes, The A.P. )

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>