
မြန်မာနိုင်ငံ၌ဖြစ်ပေါ်ခဲ့သည့် အရေးတော်ပုံကြီးတွင်အဓိကအခန်းကဏ္ဍ မှာထဲထဲဝင်ဝင်ပတ်သက်ခဲ့ပြီး အမေရိကန် နိုင်ငံ၌ အခြေချနေထိုင်သူ ကိုမောင် မောင်ကျော်သည် ဇွန်လ၂ရက်ည၈နာရီတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့မှမြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ရောက်ရှိခဲ့ပါသည်။
ကမာရွတ်မြို့နယ်၊ကန်လမ်း၊ဆင်ဖြူတော်ဟိုတယ်၌ ယာယီတည်းခိုနေသောကို မောင်မောင်ကျော်ကို စာဖတ်ပရိသတ် နှင့်ထိတွေ့ပေးနိုင်ရန်သွားရောက်တွေ့ ဆုံမေးမြန်းဖော်ပြလိုက်ပါသည်။
မေး- ကိုမောင်မောင်ကျော်ခင်ဗျား၊ အခုဆိုရင်အမေရိကန်နိုင်ငံသားအဖြစ် နေထိုင်ခဲ့ရာက မွေးရပ်ဇာတိမြန်မာနိုင်ငံ ကို ပြန်လာတဲ့ခရီးစဉ်ရဲ့ရည်ရွယ်ချက်ကို ပြောပြပေးနိုင်မလား ။
ဖြေ- ကျွန်တော်အမိမြန်မာနိုင်ငံကို ပြန်လာခဲ့တာက ရည်ရွယ်ချက်၂ခုရှိပါ တယ်။နံပါတ်တစ်ကတော့ ကျွန်တော့် အမေကိုတွေ့ချင်လို့ပါ။
နံပါတ်နှစ် ကတော့အမိမြန်မာပြည်ရဲ့ဒီမိုကရေစီခရီး အစပိုင်းအခြေအနေတွေကိုမျက်မြင် လေ့လာသုံးသပ်ဖို့နဲ့မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုး တက်နေတဲ့ကဏ္ဍတစ်ခုခုမှာ ကျွန်တော်က ဘာများလုပ်ပေးနိုင်မလဲ ဆိုတာလာရောက်လေ့လာ တာပါ။ နောက်ခရီးသွားဟန်လွှဲ ဘော်လန်တီယာ တာဝန် တစ်ခုကို အမေရိကားက သူငယ်ချင်းရဲဘော်တွေထံက တာဝန် ယူလာခဲ့ပါတယ်။အဲဒါကတော့International 88 Generation confrence အတွက်မြန်မာနိုင်ငံက ပြည်တွင်း ၈၈မျိုးဆက် သူငယ်ချင်းရဲဘော်များ အတွက်ဒီပွဲကြီးမှာပါဝင်စေ ချင်တယ်။ဒီအတွက် ကျွန်တော့်ကို ဟိုက အခွင့် အာဏာပေးလိုက်ပါတယ်။ ပြည်ပမှာ ပထမပိုင်းက ကျွန်တော်ဘာလှုပ်ရှားမှုမှ မလုပ်ခဲ့တာက ခေတ်က ကျွန်တော် တို့ခေတ်လည်း မဟုတ်တော့ဘူး (Generation အသစ်တွေလုပ်နေကြတဲ့ခေတ် ဆိုတော့) နိုင်ငံရေးလှုပ်ရှားမှု တွေမှာ မပါတော့ဘဲနေနေတာပါ။ ဒါပေမဲ့ ၂၀၁၂နဲ့၂၀၁၃မှာမြန်မာနိုင်ငံအတွင်း မှာဖြစ်ပျက်ပြောင်းလဲနေတာတွေကို ကျွန်တော်အပြင်က ကြည့်လိုက်တော့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးဖြစ်ပေါ်တိုး တက်မှုတွေကိုဦးတည်နေတယ်လို့ ကျွန်တော်မြင်တယ်။ကျွန်တော်ယုံကြည် တယ်။ဒါကိုမကောင်းမြင်တဲ့အုပ်စုလူ ပုဂ်္ဂိုလ်အချို့က အမျိုးမျိုးကန့်လန့်တိုက် နေတာ တွေကိုမြင်လာသိလာတဲ့အချိန် မှာ မြန်မာနိုင်ငံအတွက် ကျွန်တော်စိုးရိမ် လာတယ်။စိတ်ပူလာတယ်။ဒါကြောင့် ကျွန်တော့် သဘောထားကိုပြောင်းလိုက် ပြီးတော့ ဒီနေ့မြန်မာနိုင်ငံရဲ့အကောင်း ဘက်ကို သွားနေတဲ့လမ်းကြောင်းမှာ ငါဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတာကို ကျွန်တော့်မျက်လုံးနဲ့ကိုယ်တိုင်လာကြည့် လေ့လာမယ်ဆိုပြီးတော့ ကျွန်တော် မြန်မာနိုင်ငံကို ပြန်လာခဲ့တာပါ။
ကျွန်တော်အမြင်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးမျက်နှာစာပြောင်း နေတဲ့ ဒီလိုအချိန်မှာ တရားဥပဒေစိုးမိုး ရေးနဲ့ ဒီမိုကရေစီရေးမှာ ၀ိုင်းဝန်ပါဝင် ကြဖို့ အချိန်လို့ ကျွန်တော်ထင်ပါတယ်။
မေး- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ကိုကောကိုမောင်မောင်ကျော် ဘယ်လိုထင်မြင်ပါသလဲ။ဘာတွေ ပြောလိုပါသလဲ။
ဖြေ- ပြည်တွင်းစစ်ကနှစ်၆၀သက် တမ်းရှိနေပြီလေ။ဒါကိုတချို့အပိုင်းတွေ မှာ ချက်ခြင်းလက်ငင်းကြီးကောင်းလာဖို့၊ ပြေလည်လာဖို့ ဆိုတာတော့ ပြေလည် ချင်မှပြေလည်မှာလို့ထင်ပါတယ်။ ကျွန်တော်မြင်တာ အကောင်းဆုံး ကတော့ ဖြစ်နေတဲ့ နှစ်ဖက်မျက်နှာချင်း ဆိုင်ပြီး ဖြေရှင်းကြစေချင်ပါတယ်။ဒါကို နိုင်ငံတကာက ဖိအားပေးတာကိုတော့ ဘယ်တော့မှ ကျွန်တော်ထောက်ခံမှာ မဟုတ်သလို ပြည်ပက ဟိုလိုလုပ်ပါ။ ဒီလိုလုပ်ပါ ဆိုတာတော့ ကျွန်တော် လက်မခံ နိုင်ပါဘူး။ကျွန်တော်တို့နိုင်ငံက အချုပ် အခြာအာဏာ ပိုင်ဆိုင်တဲ့နိုင်ငံပါ။
မေး- ကိုမောင်မောင်ကျော်အခုဆို ရင် မြန်မာနိုင်ငံကိုရောက်နေတာ ၃ရက် လောက်ရှိနေပြီဆိုတော့ ဒီမှာအခုမြင် တွေ့နေတာတွေက ဟိုမှာနေစဉ်က ခန့်မှန်းတာတွေထက် ပိုကောင်းနေလား။ ဒါမှမဟုတ် ထင်သည်လောက်မကောင်း ဘူးလား ဆိုတာလေးပြောပြပေးပါလား။
ဖြေ- ကျွန်တော်ရိုးရိုးသားသား ပြောပါမယ်။ ကျွန်တော်မလာခင်က တော့ ပိုပြီး ထင်ထားမိတယ်လေ။ကောင်းတဲ့ဘက် ကို ဆိုလိုတာပါ။ဒါပေမဲ့အုပ်ချုပ်ရေးပိုင်းတွေမှာတော့ကျွန် တော်ထင်ထားသည်လောက်ပဲပြောင်းလဲနေတာတွေ တွေ့ရပါတယ်။ဆိုရရင်။ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နေခဲ့ တုန်းကဆိုရင်ဗျာ။ စစ်ထောက်လှမ်း ရေးတွေကြီးစိုးတယ်ဗျာ။ ဒါပေမယ့် ကျွန်တော်အခုပြန်လာတော့ ရန်ကုန် လေယာဉ်ကွင်းမှာရဲထောက်လှမ်း ရေးတစ်ဦးကကျွန်တော်ကိုနာမည်လာ မေးတယ်။လေယာဉ်ကွင်းတာဝန်ကျှလြို့ပြောပါတယ်။ဒါကိုကျွန်တော် တော်တော်လေးသဘောကျတယ်။ရဲဆို တာတော့ ထိုင်းလေယာဉ်ကွင်းမှာလဲရှိ တာပဲ။လုံခြုံရေးအတွက်ရဲရှိရမှာပေါ့။
ဒီမို ကရေစီနိုင်ငံမှာရဲ ရဲ့အခန်းကဏ္ဍက ထင်ရှားတဲ့ပြယုဂ်တစ်ခုလို့ ကျွန်တော် မြင်ပါတယ်။ရဲအခန်းကဏ္ဍကရှေ့ထွက် လာရမယ်။ဒါကို အမြင်မရှင်းတဲ့အချို့က ထောက်လှမ်းရေးတွေချထားတယ်။ ဘာညာပေါ့။ လေယာဉ်ကွင်းမှာရဲ ထောက်လှမ်းရေးရှိရမှာပေါ့။ ဟိုတုန်းက ဆို ဟိုလူ့သတင်းပို့ရ။ ဒီလူ့သတင်းပို့ရ။ မရှိတော့ဘူးဗျာ။ကိုယ်သွားချင်တဲ့ နေရာကို လွတ်လွတ်လပ်လပ် သွားလို့ ရပါတယ်။ ကျွန်တော်က တောင် ဥက္ကလာသားဆိုတော့ အရင်က အခြေ အနေနဲ့ နှိုင်းယှဉ် ကြည့်တာပေါ့။ အရင်တုန်းက တောင် ဥက္ကလာကတော့ မြိြု့ပဖွံ့ဖြိုးတိုးတက်မှု နောက်ကျတာပေါ့။ အခု ကျွန်တော်က ၃ ချက်ကြည့် တယ်ဗျာ။ ရန်ကုန်မြို့လယ် ရယ်။ အရင်တုန်းက တောင်ဥက္ကလာ ရယ်။ အခု ဆင်ခြေဖုံးဖြစ်သွားတဲ့ မြို့သစ် ရယ်။ ဒီသုံးချက်ကို မြင်အောင်ကြည့်ပါ တယ်။ ဒီနေရာမှာ မြို့ပြဖွံ့ဖြိုးတိုးတက် ရေးမှာ လုပ်စရာတွေ ပြောစရာတွေက များပါတယ်။ ဒါတွေကိုပဲ ဒီနေ့မှာ အဓိ ကထားပြီး ပြောနေကြရင် အဓိကနိုင်ငံ ရေးမှာ အများကြီးနောက်ကျသွားပါမယ်။ ဘာထပ်မြင်သလဲဆိုတော့ အတိုက်အခံ လုပ်တယ်ဆိုတော့ မီးပျက်တယ်။ အစိုးရ မီးလာအောင် လုပ်မပေးဘူးဆိုတော့ ဒါက လမ်းဆုံးနေပါတယ်။ ဒီတော့ အစိုး ရကို မီးလာအောင် ဘာလုပ်သင့်တယ် ဆိုတာမျိုး ပရိုပို့စ်လုပ်ပြီး နိုင်ငံရေးအရ တောင်း ဆိုတာမျိုးကို ပိုပြီးလုပ် သင့်တယ်လို့ ကျွန် တော်မြင်ပါတယ်။
မေး- ကိုမောင်မောင်ကျော် အခု မြန်မာနိုင်ငံကို ပြန်လာတာက သမ္မတ ကြီးဦးသိန်းစိန်ရဲ့ ကမ်းလှမ်းချက်ကြောင့် လား ဆိုတာ ပြောပြပေးပါ။
ဖြေ- ကျွန်တော် သမ္မတကြီး ဦး သိန်းစိန်ရဲ့ကမ်းလှမ်းချက်ကို စိတ်ဝင် စားပါတယ်။ နောက် ကျွန်တော်ပြောလို တာက ကျွန်တော့ရဲ့ပါစင်နယ် အပိုင်း အရ သမ္မတကြီးဦးသိန်းစိန်ကို ၂၀၀၁ ခုနှစ်က ထိုင်းနယ်စပ် က အိုဆဲဗင်း SB တောင် ကုန်းတိုက်ပွဲမှာ မှတ်မှတ်ရရ ရွပ်ရွပ်ချွန်ချွန်တိုက်ခဲ့တဲ့သူ။ ရွှေတြိဂံ တိုင်းမှူး ဗိုလ်ချုပ်သိန်းစိန်အဖြစ် အမှတ် ရနေပါတယ်။ သူဟာ ခိုင်မာတည်ကြည် တဲ့ စစ်သားကောင်း တစ်ဦးအဖြစ်နဲ့ပေါ့ လေ။ ကျွန်တော်တို့ မျိုးရိုးဘိုးဘွားဘီဘင် တွေက မြန်မာ့နန်းတွင်းခေတ် ကတည်း က စစ်မှု့ထမ်းလာတဲ့ စစ်မျိုးရိုးပါ။ သမ္မတကြီး ဦးသိန်းစိန်ကို ကျွန်တော်တို့ရဲ့ မြန်မာ့မျိုးရိုးဂုဏ်သိက္ခာကို ထိန်းသိမ်း နိုင်ခဲ့တဲ့ စစ်သားကောင်းတစ်ဦး ဖြစ်ခဲ့ တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ နောက်လွှတ်တော်ဥက်္ကဋ္ဌကြီး သူရ ဦးရွှေမန်းရဲ့ လုပ်ဆောင်ချက်တွေကို လည်း ကျွန်တော် အပြင်ကနေ ကြည့် ပြီးတော့ ကျွန်တော်အင်မတန် လေး စားတဲ့အထဲမှာ ပါပါတယ်။
ယနေ့မြန်မာ နိုင်ငံရဲ့အပြောင်း အလဲမှာ သမ္မတ ကြီးဦးသိန်း စိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းတို့ရဲ့လုပ်ဆောင် ချက်များ ဟာ အင်မတန် အရေးပါတယ်လို့ ကျွန် တော်မြင်တယ်။ သူတို့နဲ့ပူးပေါင်း လုပ် ဆောင်လာတဲ့ ဒေါ်အောင် ဆန်းစုကြည် ကိုလည်း ကျွန်တော် လေးစားတယ်။ နှစ်ဦး နှစ်ဖက်စလုံးကို ကျွန်တော် အင်မတန် အပရီရှိတ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော် မြန်မာနိုင်ငံ တွင်းကို သွားလည်မယ်လို့ ဆုံးဖြတ် လိုက်တယ်။ ကျွန်တော် ဖွံ့ဖြိုးတိုးတက် မှုတွေကို ကျွန်တော် လေ့လာမယ်။ ပြီးတော့ ဟိုမှာ အင်ဇိုင်းဖြစ်နေတဲ့ ညီအကို မောင်နှမတွေကို ကျွန်တော် ပြန်ရှင်းပြရဦးမယ်လေ။ ကျွန် တော် အခု ဘန်ကောက်မှာ လေယာဉ်လက်မှတ် ၀ယ်ခဲ့ တာတောင်မှ နိုင်ငံခြားက လေကြောင်းလိုင်းကို မ၀ယ် ဘဲ မြန်မာ့ အဲဝေး လေ ကြောင်းကို တမင်ရွေးချယ် ၀ယ်ယူအားပေးခဲ့တာက ကျွန်တော့ ပိုက်ဆံကို နိုင်ငံခြားကို မရောက်စေဘဲ မြန်မာနိုင်ငံထဲကို ရောက်ရှိအကျိုးဖြစ် ထွန်းမှာကို လိုလားလို့ပါ။
ကျွန်တော် မြန်မာနိုင်ငံမှာ ဇွန်လမှာလုပ်မယ့် သူငယ် ချင်းတွေရဲ့ပွဲကို တက်ပါမယ်။ ၈၈ ငွေ ရတုပွဲကိုတော့ ဖိတ်ရင် ကျွန်တော် အမေရိကန်က နောက်တစ်ခေါက် ပြန်လာ တက်ပါ့မယ်လို့ သတင်းစကား ပေးလိုက်ပါမယ်။
ဟုတ်ကဲ့ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
ဥယျာဉ်မှူး
www.hotnewsweekly.com/