Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာတံခါးပွင့်သွားခြင်းသည်ဘာလင်တံတိုင်းပြိုလဲခြင်းနှင့်တူကြောင်း ကိုကာကိုလာက စီအီးအို ပြောကြား

$
0
0

Coca-Cola Co. chief executive officer Muhtar Kent marked the return of the world’s largest soda maker to Myanmar after 60 years by opening a bottling plant and pledging more investment in the newly opened economy.
(Bloomberg မှ 5 June 2013 ရက်စွဲပါ “Coca Cola says Myanmar’s opening is like fall of Berlin Wall” ကိုဘာသာပြန်ဆိုသည်)

ကိုကာကိုကာကုမ္ပဏီ စီအီးအို မတ်တာကင့်သည် မြန်မာနိုင်ငံတွင် ပုလင်းသွပ်စက်ရုံ ဖွင့်လှစ်ခြင်း၊ စီပွားရေး ကဏ္ဍ သစ်များတွင် ပိုမိုရင်းနှီးမြှုပ်နှံသွားရန် ကတိပြုခြင်းတို့ဖြင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့အကြီးဆုံး အချိုရည်ကုမ္ပဏီ ပြန်လည် ဝင်ရောက်လာမှုကို ကမ္ဗည်းထိုးလိုက်ပြီဖြစ်သည်။

ကိုကာကိုလာသည် လာမည့်ငါးနှစ်အတွင်း ဒေါ်သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဒုတိယမြောက် ပုလင်းစက်ရုံကို လပိုင်းအတွင်း ဖွင့်လစ်မည်ဟု ကင့် က Bloomberg ရုပ်သံအင်တာဗျူးတွင် ပြောကြားသည်။

“ဒါဟာ သမိုင်းမှာ ကြီးကျယ်တဲ့ အခိုက်အတန့်ပါ။ ဘာလင်တံတိုင်း ပြိုပြီးတဲ့နောက် အရှေ့နဲ့အလယ် ဥရောပမှာ ကျွန်တော်တို့ စီးပွားရေးတံခါးပွင့်ခဲ့တဲ့ အချိန်နဲ့ အတူတူပါပဲ။ ပြီးတော့ ဒီနေ့အချိုရည်ဈေးကွက်မှာ ကျွန်တော်တို့ ရှိထားပြီးသား ဦးဆောင်မှုကို ဆက်လက်တိုးချဲ့ထိန်းနိုင်ခဲ့ပါတယ်” ဟု မတ်တာကင့်က ဆိုပါသည်။

မနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်ပေးလိုက်သော မြန်မာနိုင်ငံတွင် စားသောက်ကုန် ဈေးကွက်ကို ထိန်းချုပ်ရန် pepsi ကုမ္ပဏီနှင့် အကြိတ်အနယ် ယှဉ်ပြိုင်မှုကို Coca Cola က စက်ရုံအသစ်ဖွင့်ကာ စတင်လိုက်ပြီဖြစ်သည်။ သမ္မတဦးသိန်းစိန် လက်ထက် နိုင်ငံရေးနှင့်စီးပွာရေး ပိုလွတ်လပ်ခွင့်ရလာသော မြန်မာနိုင်ငံသည် Ford Motor Co Master Card Inc Unilever Nv စသော ကုမ္ပဏီကြီးများကိုလည်း အလားတူ ဆွဲဆောင်နိုင်ခဲ့သည်။

မြန်မာနိုင်ငံသည် ၄င်း၏ ပြည်သူ ၆၄ သန်းကို အာရှတွင် အဆင်းရဲဆုံးဖြစ်သော စစ်အုပ်ချုပ်ရေးကာလ အလွန်တွင် အနောက်အုပ်စုနိုင်ငံများနှင့် စီးပွားရေး၊ နိုင်ငံရေး ဆက်ဆံမှုများကို တိုးမြှင့်နေခြင်းကြောင့် အမေရိကန်ပြည်ထောင်စုကလည်း ယခင် စီပွားရေးပိတ်ဆို့မှု sanctions များကို ဖြေလျှော့ရုပ်သိမ်းပေးနေပြီဖြစ်သည်။

ကိုကာကိုလာအနေဖြင့် မြန်မာစားသုံးသူများကို ဆွဲဆောင်ရန်အတွက် ဖြန့်ချီရေးကို အာရုံစိုက်ဖို့လိုပါသည်။ ပြိုင်ဘက် ပက်ဆီကိုလာသည် မြန်မာနိုင်ငံတွင် ဖြန့်ဖြူးရေးကွန်ယက်ကို တည်ဆောက်ထားပြီး၊ စက်ရုံတည်ဆောက်ရန် စီစဉ် နေပြီဖြစ်သည်။

“ဈေးနှုန်းကိုပဲ အရေးတကြီးကတော့ အလွယ်ရရှိနိုင်မှုပါပဲ။ ဒီအချက်က ကုန်ပစ္စည်းကို အခြေအနေကောင်းအောင် လုပ်ပေးနေတာပါ။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ဟာ ၂၁ ရာစု ခေတ်အမီဆုံးစားသုံးသူ ဖြန့်ချီရေး ရှိတယ်ဆိုတာကို သေချာအောင် စီစဉ်နေပါတယ်” ဟု Coca Cola စီအီးအို ကင့် က ဆိုပါသည်။

မြန်မာနိုင်ငံမှ ကိုကာကိုလာ ဆုတ်ခွါသွားသည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်သော်လည်း ပြိုင်ဘက် ပက်ဆီကိုလာ ကမူ မြန်မာနိုင်ငံတွင် သိပ်မကြာသေးသော အတွေအကြုံများ ရှိထားသည်။ လူ့အခွင့်အရေး ချိုးဖောက်သော စစ်အစိုးရနှင့် မဆက်ဆံရန် အမေရိကန်ပြည်ထောင်စုက ဥပဒေပြဌာန်း သောကြောင့် ၁၉၉၇ တွင် မြန်မာနိုင်ငံမှ ပက်ဆီကိုလာ ထွက်ခွာ ခဲ့ရခြင်းဖြစ်သည်။

လန်ဒန်နှင့် ရော့တာဒမ် အခြေစိုက် Unilever Nv ၏ အရှေတောင်အာရှ စီအီးအို ဗီတာတာကုဗ် ကလည်း လာမည့် နှစ် ၂၀ အတွင်း နောက်ထပ် ဗီယက်နမ် ဖြစ်လာနိုင်သည့် မြန်မာ့ဈေးကွက်သစ်၏ အခွင့်အလမ်းများကို အာရုံစိုက်သွားမည်ဟု ပြောကြားထားသည်။ Unilever ထုတ်ကုန်များကို မြန်မာနိုင်ငံတွင် လက်လီလက်ကား ဆိုင်ပေါင်း ၁၀၀,၀၀၀ ခန့်မှာတဆင့် ရောင်းချနေပြီးသွားဖြစ်ကြောင်း ယခင်လက အင်တာဗျူးတွင် ပီတာကုဗ်က ပြောကြားခဲ့ပါသည်။

yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>