Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

NED က ၂၀၁၂ ဒီမိုကရေစီဆုကို ကိုမင်းကိုနိုင်အားပေးအပ်ချီးမြှင့်ပွဲ(ဓာတ်ပုံ)

$
0
0

ဂျွန်လ ၄ ရက် ၂၀၁၃ မှာ အန်အီးဒီ ဥက္ကဌ Carl Gershman က ၂၀၁၂ ဒီမိုကရေစီဆု ကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ပေးအပ်ချီးမြှင့်ပါတယ်။ ဒီဆုရုပ်ကလေးက တရုတ်ပြည် ဒီမိုကရေစီအရေးတော်ပုံမှာကျောင်းသားတွေ အသတ်ခံရတဲ့ Tiananmen Square က မြေသားတွေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။

တရုတ်ပြည်ဒီမိုကရေစီအရေးတော်ပုံက ၁၉၈၉ ဂျွန် ၃ ရက် နဲ့ ၄ရက်နေ့တွေမှာ တရုတ်တပ်နီတော်က ပစ်ခတ်နှိမ်နင်းခဲ့တာဖြစ်ပါတယ်။ ဂျွန် ၄ အရေးတော်ပုံအဖြစ်ထင်ရှားခဲ့ပါတယ်။

ကိုမင်းကိုနိုင်ကို ဒီဆုပေးတာဟာ ဂျွန်လ ၄ ရက် ဖြစ်နေတော့ တရုတ်ပြည် ဒီမိုကရေစီအရေးတော်ပုံ ၂၄ နှစ်မြောက်နှစ်ပါတ်လည်နေ့နဲ့ တိုက်ဆိုင်နေပြန်ပါတယ်။
ဒီနေ့ဟာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ကို ဆုပေးတာ နဲ့ အိမ်နီးချင်း တရုတ်ပြည် ဒီမိုကရေစီအရေးလှုပ်ရှားမှု ၂၄ နှစ်မြောက်နှစ်ပါတ်လည်နေ့ နှစ်ခုရဲ့ ထူးခြားစွာဆက်စပ်မှုရှိတဲ့ အချိန်ကိုက်ကာလလည်းဖြစ်ပါတယ်။

မြန်မာ နဲ့ တရုတ် ကျောင်းသားတွေ ဟာ ဒီမိုကရေစီလှုပ်ရှားရုန်းကန်တာ မြန်မာက ၈၈ တရုတ်က ၈၉ ဖြစ်တာမို့ လှုပ်ရှားရုန်းကန်ရတာ ပေးဆပ်ရတာတွေဟာ တူညီပြီး လွတ်လပ်မှုမရသေးတာလည်းတူညီနေဆဲဖြစ်ပါတယ်။

ဦးခွန်ထွန်းဦး ဒေါက်တာစင်သီယာမောင် ကိုကျော်သူ နဲ့ ကိုအောင်ဒင် တို့နဲ့အတူဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ ကိုမင်းကိုနိုင်က အခုမှ ဒီဆုကို လက်ခံရယူနိုင်တာဖြစ်ပါတယ်။ မြန်မာ့ နိုင်ငံရေးအကျဉ်းသား ဒီမိုကရေစီဘက်တော်သား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး တို့ကို အမေရိကန်နိုင်ငံရေးသမားတွေက အမေရိကန်လွှတ်တော်ထဲမှာ လေးစားစွာ ဂုဏ်ပြုကြတဲ့ သတင်းပါ။ ဒီနေ့ အခမ်းအနားမှာ အန်အီးဒီ ဥက္ကဌ Carl Gershman အဖွင့်စကားပြောတယ်။ အန်အီးဒီ ဒါရိုက်တာ Brian Joseph က စီစဉ်တဲ့ ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး တို့ကို Examining the Transition to Democracy in Burma အစီအစဉ် နဲ့ မေးခွန်းအမေးအဖြေပုံစံနဲ့ ထောင်တွင်းအတွေ့အကြုံ ကနေ ယနေ့မြန်မာအခက်အခဲတွေ အနာဂက်အတွက်လုပ်ဆောင်နေမှုတွေ နိုင်ငံရေးအမြင်တွေကို အတိုခြုံးချုံငုံမိအောင် မေးဖြေကဏ္ဍ နဲ့ စီစဉ်ထားတာ နားထောင်ကောင်းတယ်။ မြန်မာစစ်အုပ်စုဟာ ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး တို့ကို ထောင်ထဲ အနှစ် ၂၀ ဖမ်းဆီးချုပ်နှောင်ထားပြီး ပြင်ပကမ္ဘာတစ်ခုလုံးနဲ့ ဆွဲခွဲထားပုံ၊ ကိုမင်းကိုနိုင်ကို နိုင်ငံရေးဆက်လက် မလုပ်ရန် အတွက် စစ်အုပ်စုမှ မြှူဆွယ်ပုံ သူက စီးပွါးရေးမလုပ်တတ်ကြောင်း ငြင်းဆန်ပုံ စစ်အုပ်စုမှ လုပ်တတ်စရာမလို ခေါင်းသာငြိမ့်လိုက် နိုင်ငံ့လူချမ်းသား နံပါတ် (၁၀) ဦးစာရင်းထဲဝင်သွားစေရမယ်ဆိုပြီး စစ်အုပ်စုက ကျောင်းသားလှုပ်ရှားမှု နဲ့ အမှန် တရားပျက်အောင် လုပ်ဆောင်မှုကို စတင် ပြောပြတယ်။ စစ်အုပ်စုဟာ ထောင်ထဲမှာ သတင်းအမှောင်ချထားပုံ မိသားစုနဲ့ ဝေးရာ ထောင်တွေထဲ ပို့ပစ်ခဲ့ပုံ၊ သတင်းတွေဆာတာ ဟာ ထမင်းဆာတာထက် ဆိုးဝါးပုံ၊ ဆေးလိပ်ဖင်ဆီခံက သတင်းစာအပိုင်းအစ သတင်းလေးတွေကိုသာ အားကိုးဖတ်ရှုခဲ့ရတာ၊ သတင်းတွေထဲက အမေရိကန်စီအိုင်အေချုပ်ကြီး ကို လွှတ်တော်အမတ်တွေက လဒ်စားမှုတွေကို အမေရိကန်လွှတ်တော်ကို ခေါ်စစ်တဲ့သတင်းလေးအမှတ်ရမိကြောင်း၊ မြန်မာ့နိုင်ငံရေးလက်တွေ့မှာက နိုင်ငံရေးလုပ်သူတွေကို ထောက်လှမ်းရေးက ဖမ်း စစ် ထောင်ချ နှိပ်စက်ကလူ လုပ်နေပုံ ခံနေရပုံ ဒီမိုကရေစီနိုင်ငံ အမေရိကန် နဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်း မတူဘဲ ကမောက်ကမ ဇောက်ထိုးမိုးမျှော်ဖြစ်ရပုံခြားနားမှုတွေကို ကိုမင်းကိုနိုင်ပြန်ပြောပြတယ်။

ကိုမင်းကိုနိုင်ဟာ ထောင်ထဲရှိစဉ်မှာ မြေဖြူ မီးသွေး အုတ်နီခဲမှုန့် ရေငြိတွေနဲ့ နံရံပန်းချီတွေ အမြဲရေးဆွဲခဲ့ကြောင်း ပြီးတာနဲ့ ထောင်အာဏာပိုင်တွေက ထုံးဖြူဆေးသုတ်ဖုန်းအုပ်ပစ်ကြလို့ သူ့ရဲ့ နံရံဆွဲပန်းချီကား အနုပညာ ရတနာလေးတွေ ပျက်စီးသွားရတဲ့ ရင်ကွဲနာလေးတွေကို နင့်နေအောင် နားထောင်ခဲ့ရတယ်။ ကိုမင်းကိုနိုင်ကို လွတ်မြောက်ခါနီး ၂ နှစ်မှာမှ စစ်အုပ်စုက သူ့ကို ပန်းချီတွေပေးဆွဲခဲ့တာမို့ ထောင်ထဲက ပန်းချီအစစ်တွေကို အမေရိကန်အထိ သူသယ်လာပြီး ဒီအခမ်းအနားမှာ ပြသထားပါတယ်။ တကယ့် နှလုံးသား ဘဝတွေနဲ့ ရင်းပြီးဖြတ်ရတဲ့ ထောင်ဘဝ တစိတ်တဒေသ ကို မြန်ကြရပါတယ်။

ကိုကိုကြီကလည်း သူ့ဖေဖေ ဟာ သူထောင်မကျခင် ကွယ်လွန်သွားကြောင်း သူ့မေမေဆုံးတော့ ထောင်ထဲမှာ သူဟာ သံခြေခြင်းခပ် ချုပ်ခံထားရချိန်ဖြစ်ကြောင်း စစ်အုပ်စုမှ သူ့မေမေကို နောက်ဆုံးကန်တော့ခွင့်ပေးခဲ့တာမို့ သံခြေခြင်းခပ်ကာလ ၁၂ရက် ဟာ မခတ်ခံရတော့ဘဲ ကွယ်လွန်သူ သူ့မေမေကျေးဇူးကြောင့် သူဟာ ပစ်ဒဏ် သက်သာသွားရကြောင်း ရင်နင့်စွာနားထောင်ရပါတယ်။ ထောင် အနှစ် ၂၀ ကာလ ဘဝတွေပုံအပ်ပေးဆပ်ပြီး အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ရတယ်ဆိုတာ ကျနော်ဖြည့်စွက်နားလည်လိုက်ရပါတယ်။ သူတို့ တင်ပြသွားတဲ့ မြန်မာ့အကျဉ်းထောင် အကျဉ်းသားဘဝ အတိုချုပ်အနှစ် လေးတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလုပ်သူကျောင်းသားတွေ ရဟန်းရှင်လူပြည်သူတွေအားလုံး အပေါ်ထားရှိတဲ့ သဘောထားအစစ်အမှန်ကို အထင်းသားမြင်လိုက်ရပါတယ်။ ဒါပေမယ့် ဖိနှိပ်သူတွေနဲ့ နိုင်ငံအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အလုပ်လက်တွဲလုပ်ရန် ပြည်သူတွေဆန္ဒတွေအကောင်အထည်ဖော်ရန် အသင့်ရှိနေကြကြောင်း ဖော်ထုတ်ပြောကြပါတယ်။

သူတို့ရဲ့ မြင့်မြတ်တဲ့ သဘောထားကြီးမားပုံတွေကို မြင်လိုက်ရပါတယ်။ ဒီပွဲကို အာရီဇိုးနားက ဆီနေတာ ဂျွန်မက်ကိန်း ရယ် နယူးယောက်က ကွန်ဂရက်အမတ် ဂျိုးဇက်ခရောက်လီရယ် အထက်လွှတ်တော်အမတ်မင်း နန်စီ ပီလိုစီရယ် တက်ရောက်လာပြီး ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး ကို ဒီမိုကရေစီလှုပ်ရှားသူ နိုင်ငံခေါင်းဆောင် ကျောင်းသားခေါင်းဆောင်တွေအဖြစ် လေးစားစွာ ဂုဏ်ပြုကြပါတယ်။ ကျနော်ကတော့ အညှဉ်းခံ အကျဉ်းစံ သူရဲကောင်းတွေ စစ်အစိုးရရဲ့ အကျဉ်းသား ဒီမိုကရေစီဘက်တော်သား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို အမေရိကန်လွှတ်တော်ထဲ ဖိတ်ခေါ်ဂုဏ်ပြုကြတာ မြင်ရတာ သူတို့အတွေ့အကြုံတွေထဲကအချို့ကို သမိုင်းမှတ်တမ်းအဖြစ် အချိန်တိုအတွင်းပြောပြတာ တွေကို ပီတိဖြစ်မိပါတယ်။

ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတိုက်ပွဲတွေ အတွက် ပေးဆပ်ရတဲ့ မြန်မာ့သူရဲကောင်းတွေရဲ့ အရင်းအနှီးတွေ ဟာတကယ်တော့ ပြောမကုန် နားထောင်မကုန်ဖြစ်ပါတယ်။ အကျဉ်းက လွတ်လာသူ ဒီမိုကရေစီ သမားကြီးတွေ ရဲ့ နှုတ်ထွက်စကားတွေကို ကျနော် နားထောင်ယင်း သူတို့ကို ကျနော့်ကင်မရာလေးနဲ့ မှတ်တမ်းတင်ရင်း စိတ်ထဲမှာ တကယ်ကို ဝမ်းသာပီတိဖြစ်နေမိတယ်။ သူတို့ရဲ့ နှစ် ၂၀ အကျဉ်းစံ သမိုင်းဟာ "အမှားဘက် မလိုက်သူတွေ တရားမပျက် ကျင့်ကြံသူတွေ သူတော်စင်တွေ" " နိုင်ငံ နဲ့ လူမျိုးအတွက် ရဲ့ရင့်တဲ့စွန့်စားတဲ့သူတွေ ရဲ့သမိုင်း" မှတ်တမ်းများသာဖြစ်ပါကြောင်း။

House Democratic Leader Nancy Pelosi (D-CA) နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး တို့ကို အတူတွေ့ရစဉ် ( ဂျွန်လ ၄ ရက် ၂၀၁၃ )
-Photos News by: Zaw Win- facebook.

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>