Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ICUC ၏ နိဗ္ဗာန်ယာဉ်အလှူ

$
0
0

ICUC ၏ နိဗ္ဗာန်ယာဉ်အလှူ

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ်နှင့်အမျှ ပိတ်ရက်မရှိ အများပြည်သူတို့၏ နာရေးကိစ္စ များအား နိဗ္ဗာန်မော်တော်ယာဉ် (၁၈) စီးဖြင့် တနေ့ပျမ်းမျှ နာရေးပေါင်း (၄ဝ) ကျော်တို့အား သယ်ယူ ပို့ဆောင်သင်္ဂြိုလ် ပေးလျှက်ရှိသည်။ နိဗ္ဗာန်ယာဉ်တစ်စီးလျှင် တနေ့ပျမ်းမျှ သုံးခေါက်မှ လေးခေါက်အထိ ပြေးဆွဲ သယ်ယူပေးနေရသည်။ သို့သော် ယခုအချိန်တွင် ရန်ကုန်မြို့တော်ကြီးတွင် မော်တော်ယာဉ်များ တိုးတက်များပြားလျှက်ရှိရာ ယာဉ်ကြောပိတ်ဆို့မှုများ နေ့စဉ်ကြုံတွေ့နေရသလို နိဗ္ဗာန်ယာဉ်များသည် လည်း ခရီးမတွင်သည့်အပြင် နားရေးရှင်၏အိမ်သို့ အချိန်မှီမရောက်နိုင်တော့သည်။ ထို့ကြောင့် နိဗ္ဗာန် ယာဉ်များ ထပ်မံဝယ်ယူ ဖြည့်တင်းရန် လိုအပ်လာပါတော့သည်။ သို့သော် နိဗ္ဗာန်ယာဉ်ဝယ်ယူနိုင်ရေးမှာ ကားတစ်စီးလျှင် ကျပ်သိန်း ရာဂဏာန်းကျော်မှ ရနိုင်သလို အသင်းအနေဖြင့် နာရေးကိစ္စတစ်ခုတည်း သာ မဟုတ်ပဲ မိဘပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် သဘာဝဘေးစစ်ဘေးတို့အပြင် နယ်မြို့များရှိ အသင်းအဖွဲ့များအား နာရေးယာဉ်၊ မီးသင်္ဂြိုလ်စက်၊ နိဗ္ဗာန်ရေယာဉ်၊ စာသင်ကျောင်းဆောက်လုပ် လှူဒါန်း ခြင်းများနှင့် သုခဆေးခန်းခွဲများဖွင့်လှစ်ခြင်း၊ ကိုယ်ထူကိုယ်ထ ဆေးခန်းများအား ဆေးဝါးနှင့်ငွေကြေးများ လစဉ်ထောက်ပံ့ပေးခြင်းတို့အား ဆောင်ရွတ်ပေးလျှက်ရှိရာ ကျပ်သိန်းပေါင်း ရာဂဏာန်းသုံးစွဲ၍ နိဗ္ဗာန် ယာဉ်များ ထပ်မံဝယ်ယူနိုင်ရေးမှာ အများပြည်သူတို့လှူဒါန်းထားသောအလှူငွေအား ချင့်ချိန်သုံးစွဲ နေရ လေသည်။ သို့သော်လည်း နိဗ္ဗာန်ယာဉ်ဝယ်ယူနိုင်ရန် ကြိုးပမ်းနေစဉ်၌ ယခုကဲ့သို့ နိဗ္ဗာန်ယာဉ် အလှူရှင် များပေါ်ပေါက်လာသဖြင့် နာရေးကူညီမှု လမ်းကြောင်းများတိုး၍ ကူညီပေးနေရမှုများနှင့် ယာဉ်ကြောပိတ် ဆို့မှုများကြောင့် နိဗ္ဗာန်ယာဉ်မလုံလောက်မှု ပြဿနာအတွက် စိတ်သက်သာရာ ရခဲ့လေပြီဖြစ်သည်။

အဆိုပါနိဗ္ဗာန်ယာဉ် အလှူရှင်များမှာ (ICUC Golfer Group)မှ ပရဟိတအလှူရှင်များ စုပေါင်း၍ ကျပ်သိန်းပေါင်း (၁၆၅) သိန်းတန်ဖိုးရှိသော (TOYOTA Hilux–D4D 2007 Model) အမျိုးအစား မော်တော်ယာဉ်အား နိဗ္ဗာန်ယာဉ်အဖြစ်အသုံးပြုရန် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ လှူဒါန်းပွဲအား မရမ်းကုန်း မြို့နယ် ရှစ်မိုင်လမ်းဆုံအနီးရှိ ပေါက်စေတီဘုန်းကြီးကျောင်း၌ ၁၅.၆.၂ဝ၁၃ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီ အချိန်တွင်ပြုလုပ်ခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့် ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့မှ တက်ရောက်၍ လက်ခံရယူကြပြီးနောက် အလှူရှင်များနှင့်အတူ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချတရား နာယူခဲ့ကြသည်။ ထို့နောက် အလှူရှင်များနှင့်အတူ မှတ်တမ်းဓါတ်ပုံ ရိုက်ကြပြီး အသင်း၏ ဆောင်ရွက်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ အလှူရှင်များမှ ဆရာတော် များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး မော်တော်ယာဉ်လှူဒါန်းပွဲ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့တော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ICUC Golfer Group မှ လှူဒါန်းခဲ့သော မော်တော် ယာဉ်ဖြင့် အသင်း၏ နာမှုနှင့်လူမှုကူညီရေးလုပ်ငန်းများအား ဖြည့်စွက်လုပ်ဆောင်ပေးနိုင်တော့မည်ဖြစ် သည်။ ထိုကဲ့သို့အများပြည်သူတို့၏ နာရေးနှင့်ပတ်သက်သော ကိစ္စရပ်များအား လျှင်မြန်ချောမွေ့စွာ ကူညီမှုပေးနိုင်ရန်အတွက် နိဗ္ဗာန်မော်တော်ယာဉ် လှူဒါန်းပေးခဲ့သော ICUC Golfer Group အား အများ ပြည်သူတို့ကိုယ်စား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေးသမားများအနေဖြင့် ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်မိရင်း မြင့်မြတ်လှသော လူမှုရေးလုပ်ငန်းကြီးအား ပိုမိုတိုးချဲ့လုပ်ဆောင် ပေးဆပ်သွားရတော့ မည်ဖြစ်သည်။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>