Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကချင်ဒုက္ခသည်များအတွက်တစ်နှစ်နီးပါးကာလအတွင်း ပထမဆုံးကူညီထောက်ပံ့မှုပြုနိုင်ဟု ကုလပြောကြား

$
0
0
(UN ဝက်ဘ်ဆိုက်မှ 14 June 2013 ရက်စွဲပါ For the first time in nearly a year, UN reaches refugees in Myanmar’s Kachin State ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်း ပြောင်းရွှေ့နေထိုင်သူ ဒုက္ခသည်များအတွက် အကူအညီ အထောက် အပံ့များကို တစ်နှစ်နီးပါးမျှကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပေးပို့ထောက်ပံ့နိုင်ပြီဖြစ်သည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေးဆိုင်ရာ အေဂျင်စီက ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။

ယခုအခါ ကုလသမဂ္ဂဦးဆောင်သော ယာဉ်တန်းသည် ကချင်ပြည်နယ်တွင်းရှိ အစိုးရထိန်းချုပ်မှုမရှိသော ဧရိယာထဲ သို့ ဝင်ရောက်သွားနိုင်ပြီ ဖြစ်ကြောင်း UNOCHA မှ ပြောရေးဆိုခွင့်ရှိသူက ဂျနီဗာမြို့တွင် သတင်းထောက်များကို ပြောကြား သည်။

အဆိုပါ ယာဉ်တန်းသည် မိုင်ဂျာနှင့် ဘာမိုမြို့အကြားရှိ စခန်းများတွင် နေထိုင်လျက်ရှိသော ပြောင်းရွှေ့နေထိုင်ရသူ ဒုက္ခသည် ၅၁၀၀ ခန့်အတွက် အသက်ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်သွားခြင်းဖြစ်သည်။ ကယ်ဆယ်ရေး ပစ္စည်းများ တွင် အစားအသောက်၊ ကလေးများအတွက် အထူးအာဟာရများ၊ အိမ်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေးသန့်ရှင်းရေး ပစ္စည်းများ နှင့် ရေကောင်းရေသန့် ရရှိအောင် လုပ်ဆောင်နိုင်သည့် ပစ္စည်းများ အစရှိသည်တို့ပါဝင်သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)နှင့် အစိုးရတပ်ဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက် မှုများကြောင့် ကချင်ပြည်နယ်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တစ်သိန်းခန့်ရှိခဲ့သည်။ ထို ဒုက္ခသည်များအနက် ၆၀၀၀၀ ခန့်မှာ အစိုးရထိန်းချုပ်မှု မရှိသော နေရာများတွင် နေထိုင်လျက်ရှိသည်။ UNOCHA က အဆိုပါနယ်မြေဒေသထဲသို့ ယာဉ်တန်းများစွာ ကို ပထမဆုံးအကြိမ်အဖြစ် စေလွှတ်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ယခုလို ယာဉ်တန်းတွေ သွားလာခွင့်ရတာဟာ ကချင်ပြည်နယ်မှ လိုအပ်ချက်ရှိသော ပြည်သူများကို အကူအညီ ပေးရေးအတွက် အစိုးရရဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုအဆင့်တစ်ခုပဲဖြစ်ပါတယ်”ဟုကုလသမဂ္ဂလူသားချင်း စာနာ ထောက်ထားသော အကူအညီဆိုင်ရာ ညှိနှိုင်းရေးမှူး Ashok Nigam ကပြောကြားသည်။

ယခင်အကြိမ်ကဆိုလျှင် UNOCHA အနေဖြင့် အဆိုပါပြည်သူများကို ထောက်ပံ့မှု မပြုလုပ်နိုင်ခဲ့ပေ။ အကြောင်းမှာ ကချင်ပြည်နယ်ရှိ အဆိုပါနယ်မြေဒေသထဲသို့ ဝင်ရောက်ခွင့် မရှိသောကြောင့်ဖြစ်သလို ရန်ပုံငွေ နည်းပါးနေခြင်းကြောင့် လည်း ဖြစ်သည်။ UNOCHA က ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅၀ ဒဿမ ၉ သန်းတောင်းခံထားသော်လည်း ၄ ဒဿမ ၂ သန်းသာ လက်ခံရရှိသေးကြောင်း သိရသည်။

Yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>