ယနေ့ ကော့မှူးမှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်
photo..ခွန်ဒီးယမ် facebook
ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ဖို့ကိစ္စမှာ ဖွဲ့စည်းထားပြီးဖြစ် သော ကော်မရှင်ကဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလေ့လာသုံးသပ်ပြီး ပြင်ဆင်စရာရှိတာ၊ ပယ်ဖျက်စရာ ရှိတာ၊ အစားထိုးစရာရှိတာများ ကို ဆက်လက်ဆောင်ရွက်သွားမည် ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကအမေရိကန်နိုင်ငံ သို့သွားရောက်နေသည့်အလည် အပတ်ခရီးစဉ်တွင် ပြောကြားခဲ့ သည်ဟုသိရသည်။
ဝါရှင်တန်ဒီစီ မြို့တော် ဟိုဒိုဝယ်ဆင်စင်တာတွင် ပြုလုပ်သည့်အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် နေရှင်နယ် ဒီမိုကရက်တစ်အင်စတီကျူNDI အပါအ၀င်အမေရိကန်အဖွဲ့အစည်း ၅ ခုတို့ကကမထပြုလုပ်၍ တာဝန် သိအရည်အခြင်းရှိအစိုးရအဖြစ် မြှင့်တင်ရေးနှင့် ဒီမိုကရေစီအခြေခံ အဆောက်အအုံများအားဖြည့်ပေး ရေးခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ် သည့်ဆွေးနွေးပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေ မန်းကပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ သူရဦးရွှေမန်းကပြော ကြားခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။
သူရဦးရွှေမန်းကပြောကြားခဲ့ရာ တွင် “ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကိစ္စမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကန်သတ်ချက် တွေကြောင့် စိုးရိမ်မူတွေရှိတယ်ဆို တာသိရပါတယ်။ ကျွန်တော်တို့ လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေ့လာသုံးသပ်ပြီး ပြင်ဆင်သင့်တာတွေကို ပြင်ဆင် နိုင်ဖို့အတွက် ကော်မရှင်တစ်ရပ် ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။
ဒါကြောင့်မို့ ဖွဲ့စည်းပေးလိုက် တဲ့ ကော်မရှင်က ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ်လေ့လာပြီးတော့ တစ်ယောက်တည်းအကျိုးစီးပွား မကကျန်တဲ့ အများပြည်သူများရဲ့ အကျိုးစီးပွားကိုဖြစ်ထွန်းစေမယ့် ဥပဒေများကို ပြန်လည်လေ့လာ သုံးသပ်ပြီးတော့ ပြင်ဆင်စရာရှိ တာပြင်ဆင်ဖို့ ပယ်ဖျက်စရာရှိတာ ကို ပယ်ဖျက်ဖိုအစားထိုးစရာရှိတာ ကို အစားထိုးဖို့ဆက်လက်ဆောင် ရွက်သွားမှာပါ”ဟု ထည့်သွင်းပြော ဆိုသွားခဲ့ကြောင်း သတင်းရရှိပါ သည်။
့The hotnews weekly