Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သဘောတူလက်မှတ်ရေးထိုးမှုများရှိသော်လည်းမြန်မာစစ်တပ်နှင့်ကေအိုင်အေအကြား ရင်ဆိုင်တိုက်ခိုက်မှုများ ရှိနေဆဲ

$
0
0
(AP သတင်းဌာနမှ 23 June 2013 ရက်စွဲပါ Clashes between troops, ethnic army continue despite agreement to scale back fighting ကိုဘာသာပြန်ဆိုသည်)

မြန်မာအစိုးရနှင့် ကေအိုင်အေ အကြား တိုက်ခိုက်မှုများလျှော့ချရန် ပြီးခဲ့သည့် မေလအတွင်း သဘောတူ လက်မှတ် ရေးထိုး မှုပြုလုပ်ပြီးနောက် ကချင်လက်နက်ကိုင်များနှင့်မြန်မာစစ်တပ်အကြား ရင်ဆိုင်တိုက်ခိုက်မှု အကြိမ် ၂၀ ကျော်ဖြစ်ပွား ခဲ့ကြောင်းကချင်လက်နက်ကိုင်တပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့တွင်ထုတ်ဖော်ပြောဆိုပြီး ငြိမ်းချမ်းရေးဖော်ဆောင် ပါမည်ဟူသော မြန်မာအစိုးရ၏ကတိကဝတ်နှင့် ပတ်သက်၍ မေးခွန်းထုတ်လိုက်သည်။

“ဆွေးနွေးပွဲ ကျင်းပရုံလောက်နဲ့ ကျွန်တော်တို့ ယုံကြည်မှု မတည်ဆောက်နိုင်ပါဘူး။ နိုင်ငံရေးအရ ဒိုင်ယာလော့ခ်တွေ လုပ်ပြီး ဖြေရှင်းနိုင်ဖို့အတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေရှိထားဖို့ လိုအပ်ပါတယ်” ဟု ကေအိုင်အေအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် La Nan က AP သတင်းဌာန၏ မေးမြန်းချက်ကို အီးမေးလ်မှတစ်ဆင့်ပြန်လည်ဖြေကြားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာ အစိုးရဘက်က လောလောဆယ် တုံ့ပြန်မှုမရှိသေးပေ။ မြန်မာအစိုးရသည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရယူရန်ကြိုးပမ်းလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများ၏ပုန်ကန်ထကြွမှုများကို ရင်ဆိုင်ခဲ့ရသည်။ သမ္မတဦး သိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်သူပုန်တပ်ဖွဲ့ အများစုနှင့်အပစ်အခတ်ရပ်စဲရေး သဘော တူညီ ချက်ရရှိခဲ့သော်လည်း ကေအိုင်အေတို့နှင့်ရယူနိုင်ခြင်းမရှိပေ။

ပြီးခဲ့သည့် မေလအတွင်း နောက်ဆုံးပြုလုပ်ခဲ့သော ဆွေးနွေးပွဲ၌ကချင်လက်နက်ကိုင်များနှင့် မြန်မာအစိုးရတို့သည် ငြိမ်းချမ်းရေးဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် အချက် ၇ ချက်ပါ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေး ထိုးခဲ့ကြ သည်။ယခု ဇွန်လတစ်လတည်းအတွင်း၌ပင် အစိုးရစစ်တပ်နှင့် ရင်ဆိုင်တိုက်ခိုက်မှု ၂၁ ကြိမ်ဖြစ်ပေါ်ခဲ့သည်ဟု La Nan က ပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချရေးသဘောတူညီချက်ကြောင့် အစိုးရစစ်တပ်အနေဖြင့် ကေအိုင်အေစခန်းများနှင့် ပိုမိုနီးကပ်လာအောင်ပြုလုပ်နိုင်သလိုတပ်များပြန်လည်ဖြန့်ကြက်ထားနိုင်ကြောင်း ၎င်းကဆိုသည်။ “နောက်ထပ် တိုက်ခိုက်မှုပြု လုပ်နိုင်ရေးအတွက် အစိုးရကယခုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အခွင့်အလမ်းတစ်ရပ်အနေနဲ့ အသုံးပြုနိုင်အောင် တိုက်ခိုက် မှုလျှော့ချရေးသဘောတူညီချက်က ဖန်တီးပေးလိုက်တယ်လို့ ပြောရင်မှန်ပါလိမ့်မယ်” ဟု La Nan ကဆိုသည်။

မြန်မာအစိုးရနှင့် ကေအိုင်အေအကြား ဆွေးနွေးပွဲပြုလုပ်ခဲ့သည်မှာ ၁၅ကြိမ်ရှိသွားပြီဖြစ်သည်။

Yangon Chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>