Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကချင်ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သတ်၍ မြန်မာကို တရုတ်ဖိအားပေး

$
0
0

President U Thein Sein of Myanmar Meets with Chinese State Councilor Yang Jiechi
Photo.. http://www.fmprc.gov.cn
YPI မှ 24 June 2013 ရက်စွဲပါ “ Chinese Press Myanmar on Kachin Peace “ သတင်းကိုဘာသာပြန်သည်)

မြန်မာနိုင်ငံတွင် ကချင်လက်နက်ကိုင်အုပ်စုနှင့် အပစ်ရပ်ခံနိုင်ရန် ဦးတည်လုပ်ဆောင်နေသော မြန်မာအစိုးရ၏ လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံက ပါဝင်ရန်လိုလားကြောင်း၊ နေပြည်တော်တွင် အလည်အပတ်ရောက်ရှိနေသော တရုတ်ထိပ် တန်း သံတမန်ကပြောကြားသည်။

တနင်္လာနေ့ နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သူ နိုင်ငံခြားရေးဝန်ကြီးဟောင်း နိုင်ငံတော်ကောင်စီ ဝင် ရင်ကျားချိက ကချင်လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်ရန် မြန်မာအစိုးရကို တိုက် တွန်းခဲ့ပြီး ၊ ကချင်အစိုးရအကြား ရေရှည်ခံငြိမ်းချမ်းရေး ရရှိစေရန်အတွက် တရုတ်နိုင်ငံကကြားဝင်ကူညီ လုပ်ဆောင်ပေးလို ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်အစိုးရအာဘော် Ximhua သတင်းဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သောနှစ်ကုန်တွင် အစိုးရတပ်များက ကချင် KIO အဖွဲ့၏ဌာနချုပ်နယ်မြေကို လေကြောင်းပစ်ကူအားကိုးဖြင့် သီတင်းပတ် ၃ပတ်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ဇန်နဝါရီလတွင် တစ်ဖက်သတ်အပစ်ရပ်ဆဲကြောင်း မြန်မာအစိုးရက လူသိရှင် ကြားကြေငြာခဲ့သည်။ ထို့နောက်မေလတွင် ကချင် KIO အုပ်စုကို တရားမဝင်အဖွဲ့အစည်းစာရင်းမှ ပယ်ဖျက်ကြောင်း ငြိမ်းချမ်း ရေးညှိနှိုင်းမှုတာဝန်ခံ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

KIO စစ်ဖက်ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းလမ်ဒေါက ယခုသီတင်းပတ်ကုန်ရက်တွင် တပ်မတော်၏ တိုက်ခိုက်မှုများရှိခဲ့ ကြောင်းနှင့် မေလငြိမ်းချမ်ရေးဆွေးနွေးမှုနောက်ပိုင်း ယခုကဲ့သို့တိုက်ခိုက်မှု ၁၀ ကြိမ်မက ဖြစ်ပွားခဲ့သည်ဟု ထိုင်းအခြေစိုက် မြန်မာသတင်းဌာနတစ်ခုသို့ ပြောကြားသွားသည်။

“လွန်ခဲ့တဲ့ ၂ရက်က ကျွန်တော်တို့ကို အစိုးရတပ်တွေက လာတိုက်ပါတယ်။ ကျွန်တော်တို့တပ်တွေက ပြန်လည်ခုခံခဲ့ ပါတယ်။ ဒါမျိုးကမဆန်းပါဘူး” ဟု ဂျိမ်းလမ်ဒေါက တနင်္လာနေ့တွင် ပြောကြားသည်။

စီးပွားရေးပြိုလဲသွားကာ လှောင်ပိတ်မိနေသော မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲများကို အချိန်မှီကျင်းပပြီး နောက် ဒီမိုကရေစီပြုပြင်ပြောင်လဲမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်သော်လည်း အမျိုးသားလုံခြုံရေးစိန်ခေါ်မှုများနှင့် ညံ့ဖျင်း သောလူ့အခွင့်အရေး မှတ်တမ်းများက နိုင်ငံ၏ ပြောင်းလဲတိုးတက်မှုကို လောင်းရိပ်မိုးလျက်ရှိသည်။

ရင်ကျားချိသည် နှစ်ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ တနင်္ဂနွေနေ့က ရောက်ရှိခဲ့သည်။

Yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>