( 24 June 2013 ရက်စွဲပါ CNN မှ Suzanne Dimaggio နှင့် Priscilla Clapp တို့ ရေးသားသော 10 Steps Myanmar Must Take ကိုဘာသာပြန်ပါသည်)
မြန်မာနိုင်ငံတွင် ယခုမှ စတင်ကာစရှိသေးသော အသွင်ကူးပြောင်းရေးသည် ယနေ့ကမ္ဘာပေါ်တွင် ရှိသော ဒီမိုကရေစီ ဖော်ဆောင်မှုများတွင် သံဓိဌာန် အခိုင်မာဆုံး ကြိုးပမ်းမှုအဖြစ် ထွက်ပေါ်လာနေပါသည်။ မြန်မာနိုင်ငံတွင် ရာစုနှစ် တစ်ဝက်ခန့် သွေးထွက်သံယိုများ ဖြစ်စေပြီး တိုင်းပြည်အား ချွတ်ခြုံကျစေသည့် စစ်အုပ်ချုပ်ရေးအပြီးတွင် စီမံတွက်ချက် ထားသော ထိပ်ပိုင်းမှ စသော အပြောင်းအလဲကို စတင်ခဲ့ရာ အောက်ခြေမှ စ၍ နိုင်ငံရေး၊ စီးပွားရေးနှင့် လူထုအခြေပြု အဖွဲ့အ စည်း လှုပ်ရှားမှုများတွင် အောက်ခြေမှ စတင် လုပ်ဆောင်ရန် တွန်းအားပေးနေပါသည်။
ယနေ့အထိ တိုးတက်မှုများရှိနေသည် ဆိုသော်လည်း ၊ ယခုမှစ၍ ၂၀၁၅ ရွေးကောက်ပွဲအထိ ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်များဖြစ်သော သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်းတို့သည် စိန်ခေါ်မှု အမျိုးမျိုးကို ကြုံတွေ့ရမည်ဖြစ်ပြီး ၊ အဆိုပါ စိန်ခေါ်မှုများသည် ၄င်းတို့၏ စွမ်းဆောင်ရည်နှင့် အသွင်ကူးပြောင်းရေးကာလ၏ ခံနိုင်ရည်ရှိမှု တို့အပေါ် စမ်းသပ်မှု သဖွယ်ရှိလာပေလိမ့်မည်။ အရေးပေါ် ဦးစားပေးရမည့် ကိစ္စရပ်များတွင် မြန်မာနိုင်ငံ၏ ကွဲပြားခြားနားသော လူ့အဖွဲ့အစည်းအတွင်း တိုင်းရင်းသားနှင့် ဘာသာရေး ပဋိပက္ခများကို အဖြေရှာရေး ၊ ဆင်းရဲမွဲတေနေသော ပြည်သူအများစုကြား အလုပ်အကိုင် ဖန်တီးပေးရေး ၊ စစ်တပ်၏ အခန်းကဏ္ဍကို ဆက်လက်အသွင်ပြောင်းရေး၊ အဂတိလိုက်စားမှုကို တိုတ်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးမှုကို လုပ်ဆောင်ခြင်းများ ပါဝင် ပါသည်။
စာရေးသူတို့သည် မကြာမီက မြန်မာနိုင်ငံသို့ သွားရောက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ အကြီးတန်း အစိုးရ တာဝန်ရှိသူများ၊ သမ္မတ၏အကြံပေးများ၊ စီးပွားရေးနှင့် လူထုအခြေပြုအဖွဲ့အစည်းများ ၊တက်ကြွလှုပ်ရှားသူများ၊ သတင်းစာ ဆရာများနှင့် တွေ့ဆုံခဲ့၍ အစည်းအဝေးများ အကြံပြုမှုများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှုများမှတဆင့် ပြု ပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ် စေရန် ၊ မြန်မာခေါင်းဆောင်များ ထိန်းချုပ်ရမည့် အဓိက သော့ချက်စိန်ခေါ်မှု ဆယ်ခုကို စာရေးသူတို့ ဖော်ထုတ်ခဲ့ပါသည်။
၁။ စစ်တပ်၏ နိုင်ငံရေးနှင့် စီးပွားရေးအခန်းကဏ္ဍကို ပြန်လည်သတ်မှတ်၍ ပရောဖက်ရှင်နယ်ကျကျ လုပ်ဆောင်ရန်
တိုင်းပြည်တွင် စစ်တပ်၏စီးပွားရေးအရ လွှမ်းမိုးထားမှုကို ဖယ်ရှားမပစ်မချင်း တိုင်းရင်းသားလူနည်းစုနှင့် နိုင်ငံရေး အရ ပြန်လည်ပေါင်းစည်းမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် ခက်ခဲနေဦးမည်ဖြစ်ပါသည်။အကယ်၍ တိုင်းပြည် ၏ပြုပြင်ပြောင်းလဲရေးသည် တိုင်းပြည်၏ဆိုးရွားစွာ ဆင်းရဲမွဲတေနေရမှုကို သက်သာရာရစေမည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မဆောင်ကြည်းနိုင်ပါက တိုင်းပြည်မတည်ငြိမ်မှုအတွက် ခြိမ်းခြောက်မှုရှိနေမည်ဖြစ်ပါသည်။
၂ ။တရားဥပဒေစိုးမိုးရေးနှင့် တရားရေးမဏိုင်ကို ခိုင်မာစွာထူထောင်ရန်
အစိုးရသစ်၏ ဖွဲ့စည်းတည်ဆောက်မှုတွင် တရားရေးမဏိုင်သည် အဓိကအားနည်းချက်အဖြစ် ရှိနေဆဲဖြစ် ပါသည်။ယင်းမှာ ဖွဲ့စည်းမှုပုံစံတွင် ပြဿနာဖြစ်နေသည်မှာ တစိတ်တပိုင်းဖြစ်ပြီး၊ စစ်အစိုးရအဆက်ဆက် တရားစီရင်မှုဆိုင်ရာ ကျုးလွန်မှုများ၏ ရလာဒ်ကြောင့်လည်း တစိတ်တပိုင်းဖြစ်ပါသည်။ ယင်းသို့ အဆက်မပြက်နေမှုများကြောင့် ပြည်သူများက တရားမျှတစွာ တရားစီရင်နိုင်စွမ်းရှိပြီး တရားဥပဒေ စိုးမိုးမှုကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ရမည့် တရားရုံးများ ဖွံ့ ဖြိုးလာရေးတွင် ပြဿနာရှိလာပါသည်။
၃ ။ လူတစ်ဦးချင်း ရပိုင်ခွင့်များ အကာအကွယ်ပေးရန်
လွန်ခဲ့သောနှစ်နှစ်ကတည်းက လွတ်လပ်မှုအသစ်များအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်က တံခါးဖွင့်ပေးခဲ့ သော်လည်းဥပဒေအရ လိုက်နာအကာအကွယ်ပေးမှုများ မရှိသေးပေး။ ၂၀၀၈ အခြေခံဥပဒေတွင် ဖော်ပြထားသော်လည်း ၊တစ်ဦးချင်းရပိုင်ခွင့်များကို ဥပဒေဖြင့်အကာအကွယ်ပေးမှုများ မရှိသေးပေ။တကယ်တမ်း ဆိုရလျှင် ၁၉၆၂ ကတည်းက ချမှတ် ကျင့်သုံးလာခဲ့သော ဥပဒေများ၊ စည်းမျဉ်းများသည် လုံခြုံရေးကိုသာ အဓိကထားပြီး အာရုံပြုခဲ့ပြီး၊ယခုအထိ စာအုပ်များတွင် ရှိနေဆဲဖြစ်ပါသည်။
အဆိုပါ ဥပဒေကိုပင် လုံခြုံရေးတပ်ဖွဲ့များက လိုအပ်ပါက အသုံးပြုနေဆဲဖြစ်ပါသည်။
၎ ။ တိုင်းရင်းသားများ တန်းတူညီမျှရေးအတွက် ထိရောက်သော ဖော်မြူလာများ ဖွံ့ဖြိုးစေရေး
နိုင်ငံရေးအရ အသွင်ကူးပြောင်းရေး တစ်ခုတည်းသက်သက်ဖြင့် တိုင်းရင်းသားများတန်းတူညီမျှရေးကို မဖော် ဆောင်ပေးနိုင်ပါ။နိုင်ငံရေးနှင့် စီးပွားရေးအပါအဝင် အာဏာခွဲဝေရေးနှင့်ပတ်သက်သော အချို့ခက်ခဲသော နိုင်ငံရေးအရ ဆုံးဖြတ်ချက်များ လိုအပ်ပြီး ၊ တဖြည်းဖြည်းအခြေခံ ဥပဒေ ပြင်ဆင်မှုများပါ လိုအပ်ပါသည်။မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ် ကိုအစိပ္ပယ် သတ်မှတ်ရန်နှင့် ဖက်ဒရယ်အဆင့်တွင် အုပ်ချုပ်ရေးအာဏဗဟိုချုပ်ကိုင်မှု လျော့ချရေးနှင့်ဒေသဆိုင်ရာ အစိုးရ များအား ကောင်းစေရေးတို့အတွက် အလေးအနက် အခြေအတင်ဆွေးနွေးမှုများ တိုးတက်လာရမည်ဖြစ်၍ ၄င်းတို့ သည် အရေးကြီးသောခြေလှမ်းဖြစ်ပြီး၊ ရှေ့ဆက်သွားရန် များစွာ ကျန်ရှိနေပါသေးသည်။
၅။ လူမှုရေးအရ လည်းကောင်း ဘာသာရေးအရ လည်းကောင်း သည်းခံစိတ်များ တဖြည်းဖြည်း မွေးလာစေရန်
ဗုဒ္ဓဘာသာနှင့်မွတ်ဆလင်များကြားတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် ပြဿနာရှာလို့သူ အနည်းစုက ဒေသတစ်ခုမှ အငြင်းပွားမှုလေးတစ်ခုကိုအဓိကကျသော ပဋိပက္ခအဖြစ် အသွင်ပြောင်းနိုင်ရန် ရေခံမြေခံများပင် ဖြစ်ပါသည်။ ရဲတပ်ဖွဲ့သည် လူအုပ်ကြီးဖြင့် အကြမ်းဖက်မှုကို ထိရောက်စွာကာကွယ်ရန်နှင့်တုံပြန်ရန် သေချာဖွဲ့စည်း၍ လေ့ကျင့် ထားသင်ပါသည်။တချိန်တည်းမှာပင် အရပ်ဖက် လူ့အဖွဲ့အစည်းများ၊ ဘာသာရေးနှင့်အစိုးရခေါင်းဆောင်များသည် စိတ်ရှည် ရန်နှင့် သံသယများကို ဖော်ထုတ်ရန် ပညာပေးမှုများနှင့် ဆွေးနွေးမှုများ အဆက်မပြတ် ပြုလုပ်သင့်ပါသည်။
၆။ အဂတိလိုက်စားမှုသည် မြန်မာအစိုးရနှင့် စီးပွားရေးတွင် အမြစ်တွယ်နေပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်
ဒီမိုကရေစီဖော်ဆောင်ရေး၊ စီးပွားရေးဖြေလျော့မှုများတွင် ကြီးစွာသောစိန်ခေါ်မှုဖြစ်ပါသည်။အကယ်၍ ယနေ့ရှိနေ သော အဂတိလိုက်စားမှု အဆင့်ကို ၂၀၁၅ မတိုင်မီ အရေးပါစွာ လျော့မချနိုင်ပါက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသည် ကမ္ဘာအနှံတွင် တွေ့ရလေ့ရှိသည် မကျက်တကျက် ဒီမိုကရေစီသာ ဖြစ်လာလိမ့်မည်ဖြစ်ပါသည်။
၇။ အစိုးရနှင့်စီးပွားရေးတွင် စွမ်းဆောင်ရည် ကွက်လပ်ဖြစ်နေသော အလယ်လွှာ ပျောက်ဆုံးနေမှုကို ဖော်ထုတ်ခြင်း
မြန်မာခေါင်းဆောင်ပိုင်းသည် မြန်ဆန်သော ပြုပြင်ပြောင်းလဲရေးကို ကောက်ရိုးမီးကဲ့သို့ ဝုန်းခနဲ စနစ်မျိုးဖြင့် ဖိအား ပေးလျက်ရှိပါသည်။ အရပ်ဖက်လူ့အဖွဲ့အစည်းများကလည်း လက်တွေ့ အောက်ခြေတွင် တုန့်ပြန်မှုများရှိရန် ကျယ်ကျယ် လောင်လောင် ပြောဆိုလျက် ရှိပါသည်။ မူဝါဒကို လက်တွေ့အကောင်အထည်ဖော်ရေး အဆင့်သို့ ပြောင်းပေးမည့် အလယ် လွှာ ပျောက်ဆုံးနေပါသည်။ အဆိုပါအလွှာသည် စွမ်းအားမရှိဘဲ အထက်ပါကိစ္စရပ်များကို ကိုင်တွယ်ရန်နှင့် အကောင်အ ထည်ဖော် ရန် စွမ်းဆောင်ရည် မရှိပေ။
၈။ပြုပြင်ပြောင်းလဲရေး၏ အကျိုးအမြတ်ကို ပြည်သူလူထု၏ ကျယ်ပြန့်သော အလွှာများထံ ဝေငှနိုင်ရေး
မက်ခရိုစီးပွားရေး တည်ငြိမ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များအတွက် စီးပွားရေး ပတ်ဝန်းကျင် တိုးတက်ရေးအတွက် အဓိက ခြေလှမ်းများဖြစ်ပါသည်။ အဆိုပါ ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင် နေစဉ်မှာပင် အစိုးရသည် အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကို အလုပ်အကိုင် ဖန်တီးမှုနှင့် သာမန်လယ်သမားများ စွမ်းအားထက်စေ ရေးကို ဦးတည်ရန် အားပေးရမည်ဖြစ်ပြီး ခရိုနီ လူတန်းစားထဲ မရောက်ရန် လုပ်ဆောင်ရပါမည်။ လက်ရှိ စစ်တပ်နှင့် ခရိုနီ များကသာ စီးပွားရေးကို ထိန်းချုပ်ထားခြင်းသည် ကျယ်ပြန့်မှုကို အခြေခံသော င်္စိးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ကြီးမား သော အတားအဆီးများ ဖြစ်ပါသည်။
၉။မြေယာနှင့် ပစ္စည်းရပိုင်ခွင့်ကို ဖော်ထုတ်ရန်
လွှတ်တော်တွင် မြေယာနှင့် ပတ်သက်သော ဥပဒေသစ်များအတွက် စင်္ကြံရှိနေသော်လည်း လက်တွေ့တွင် မြန်မာ နိုင်ငံမှ ပြည်သူများသည် စီးပွားရေးလုပ်ငန်းများ ၊စိုက်ပျိုးရေးစီမံကိန်းများ အတွက် လုံလောက်သော လျော်ကြေး(သို့) ဘဝပြန် လည်ထူထောင်ရေးအတွက် လုပ်ဆောင်မပေးနိုင် ဘဲ တရားမျှတမှု မရှိစွာ နေရာဖယ်ပေးနေရခြင်းများ ရှိနေဆဲ ဖြစ်ပါသည်။ တရားမျှတသော တရားစီရင်ရေးစနစ် မရှိခြင်းကြောင့် ပြည်သူများသည် အဆိုပါ နေရာဖယ်ပေးခဲ့ရမှုများအပေါ် ဘာမျှ မလုပ် နိုင်ခဲ့ပေ။ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအသစ်များသည် ဒေသခံများအတွက် မျှတသော မျှဝေခံစားမှုရှိရမည်။ ပုံစံသစ်နှင့် မြေယာ များမှ မတရားဖယ်ရှားမခံရရေး တည်ငြိမ်သော မြေယာပိုင်ခွင့်များ သေချာစေရပါမည်။
၁၀။စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးတိုးတက်မှု၊ ပတ်ဝန်းကျင် အကာအကွယ်ပေးရေးကြားတွင် ချိန်ခွင်လျှာညီရန် ဆွေးနွေးသည့် ယန္တရား တိုးတက်ရန်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသည်နှင့်အမျှ ဒေသခံအသိုင်းအဝိုင်များတွင် ဖွံ့ဖြိုးရေးစီမံကိန်း များကြောင့် လိုအပ်ချက်များနှင့် တိုင်းရင်းသား ဒေသခံများတွင် အမျိုးသားအခြေခံ အဆောက်အဦလုပ်ငန်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေမည့် ဆန္ဒပြမှုများအတွက် ၄င်းအသိုင်းအဝိုင်းများနှင့်အတူ လုပ်ကိုင်ရန် လိုအပ်ပါသည်။ ကြီးမာသော သယံဇာတ ထုတ်ယူမှုများ တွင် ဒေသခံများနှင့် မျှတစွာ မျှဝေရေးကို သေချာစေရန် လိုအပ်ပါသည်။
အသွင်ကူးပြောင်းရေးဟူသည် ဘယ်သောအခါမှ ချေမွေ့သည်ဟု မရှိပေ။ မြန်မာနိုင်ငံမှ လက်တွေ့အခြေအနေမှာ လည်း ပိုမိုကောင်းမွန်သော အနေအထားမရောက်မီ ပိုမိုခက်ခဲသော အပိုင်းကို ကြုံရမည်ဖြစ်ပါသည်။ယခုပင် ကျွန်ုပ်တို့သည် လက်ရှိလုပ်ငန်းစဉ်မှ အကျိုးအမြတ်ရှိသူများ၊ ဆုံးရုံးမှုရှိသူများကို စတင်တွေ့မြင်လာရမည် ဖြစ်ပါသည်။ စီင်္းပွားရေး ဖွံ့ဖြိုးတိုး တက်မှုမှာလည်း မညီမျှနိုင်သေးပေ။ ရင်းနှီးမြှုပ်နှံမှုများမှာလည်း ကျုယ်ပြန့်မှုကို အခြေမခံနိုင်သေးပေ။ မြေယာရပိုင်ခွင့် အငြင်း ပွားမှုများကို အလွယ်တကူ မဖြေရှင်းနိုင်သေးပေ။ ပြည်သူများလည်း နေရာရွေ့ပြောင်းပေးရဦးမည်။ တိုင်းရင်းသားနှင့် ဘာသာ ရေး ပဋိပက္ခများမှာ အားလုံးလက်ခံနိုင်သော အဖြေမရမချင်း ဆက်လက်ရှိနေနိုင်ပါသည်။ လက်ရှိအခြေအနေကို ပေးထား ချက်အဖြစ် ခံယူ၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံကို ၂၀၁၅ နှင့် ၄င်းကို ကျော်၍ လက်ရှိ အပေါင်းလက္ခဏာ ဆောင်သော လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရေးကို သေချာစေရန် ယုံကြည်စိတ်ချရသော ပါတနာအဖြစ် လုပ် သင့်လုပ်ထိုက်သည်များ လုပ်ပေးရမည်ဖြစ်သည်။
(Suzanne Dimaggio)သည် Asia Society မှ ကမ္ဘာလုံးဆိုင်ရာ မူဝါဒ အစီအစဉ် ဒုဥက္ကဋ္ဌဖြစ်ပြီး Priscilla Clapp သည် အမေရိကန်နိုင်ငံခြားရေး ကောင်စစ်ဝန် ဝန်ကြီး ဖြစ်ပြီး မြန်မာနိုင်ငံရှိ အမေရိကန်သံရုံး ယာယီတာဝန်ခံဖြစ်ပါသည်။
(အထက်ပါတို့မှာ ၄င်းတို့၏ အမြင်ဖြစ်ပါသည်)
Yangon chronicle