ရွှေတိဂုံစေတီတော်ပေါ်မှာပျံသန်းနေတဲ့ ဒရုန်းတွေကို ပစ်ချဖို့အတွက် Anti Drone ကို ငွေကျပ် သိန်း (၃၂၀) ကျော် နဲ့ ၀ယ်ယူထားပြီ ဖြစ်တယ်လို့ရွှေတိဂုံစေတီတော် ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေကပြောပါတယ်။
ရွှေတိဂုံစေတီတော် ပရ၀ဏ်မှာ Drone ပျံသန်းမှုကို နိုင်ငံခြားခရီးသွားတွေကအများဆုံး ပြုလုပ်နေတာဖြစ်ပါ တယ်။ ပစ်ချပြီး Drone တွေကိုလာရောက်ထုတ်ယူနိုင်ပေမယ့်ပျက်စီးမှုတွေကိုတော့ တာဝန်ယူမှာမဟုတ်ဘူး လို့လည်း သိရပါတယ်။
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့အနေနဲ့ Drone များစတင် အသုံးပြုထဲက အန္တရာယ်ရှိတယ်လို့သတ်မှတ်ထားပြီး စေတီတော်ရဲ့ ပရ၀ဏ်ထဲ ၀င်ရောက် ပျံသန်းခွင့်ကို စေတီတော် နဲ့အများပြည်သူတွေ လုံခြုံရေးအရပိတ်ပင်ထားတာဖြစ်ပါတယ်။
Anti Drone ကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာကတည်းက ၀ယ်ယူခဲ့တာဖြစ်တယ်လို့လည်း ဦးထွန်းအောင်ငွေက ပြောသွားခဲ့ပါတယ်။
သတင်း/ဓာတ်ပုံ - ပြည်ဟိန်းသော် (5 Plus News)
https://www.facebook.com/5plusnews/