Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကျောင်းသားများကို လိင်တူဆက်ဆံခဲ့သည်ဟု တိုင်ကြားခံရသည့် ကျောင်းအုပ်ကြီးကို ပုဒ်မ(၃၇၇)ဖြင့် အရေးယူ ဖမ်းဆီးထား

$
0
0

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး

အထက်တန်းကျောင်းသားတွေကို လိင်တူဆက်ဆံခဲ့တယ်လို့ တိုင်ကြားခံရတဲ့ ကျောင်းအုပ်ဆရာကြီးကို မြောင်းမြမြို့နယ်ရဲစခန်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၃၇၇) နဲ့ အမှုဖွင့် အရေးယူကာ ဖမ်းဆီးလိုက်ပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးကနေ CNB ကို အတည်ပြုပြောဆိုပါတယ်။

 (၂၀၁၅-၂၀၁၆)စာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုတဲ့ ကာလမှာမြောင်းမြမြို့နယ်၊
ကဝက်ကျေးရွာ အထက်တန်းကျောင်းက ကျောင်းအုပ်ဆရာကြီးဦးအောင်အောင်ဟာ ကျောင်းသားတွေကို လိင်တူဆက်ဆံခဲ့တယ်လို့ ကျောင်းသားတစ်ဦးက မြောင်းမြမြို့မရဲစခန်းမှာ ဖေဖော်ဝါရီ(၁၆)ရက်က အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်ပါတယ်။

 မြောင်းမြ မြို့မ ရဲစခန်းမှာ(ပ)၇၈/၂၀၁၇ရာဇသတ်ကြီး ပုဒ်မ(၃၇၇)နဲ့ အမှုဖွင့်ခံထားရတဲ့ ကျောင်းအုပ်ဆရာကြီးဦးအောင်အောင်ဟာ ပြန်တမ်းဝင် အရာရှိဖြစ်တဲ့အတွက် တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးရုံးကနေ ဥပဒေနဲ့အညီ အရေးယူဖို့ ခွင့်ပြုပေးထားပြီးဖြစ်တယ်လို့
လည်းသိရပါတယ်။


 ကျောင်းအုပ်ဆရာကြီးအနေနဲ့ လိင်တူအကြမ်းဖက်ခဲ့တာက ကျောင်းသားတစ်ဦးတည်းမဟုတ်လို့ ကျောင်းသားတွေရဲ့ ကျန်းမာရေးအတွက်ပါ စိုးရိမ်မိတယ်လို့ ကဝက်ကျေးရွာ အထက်တန်းကျောင်းရဲ့ အထက်တန်းပြဆရာဦးကျော်စိုးကပြောပါတယ်။

 ကျောင်းသားတွေကို ကျောင်းအုပ်ဆရာကြီးအနေနဲ့ လိင်တူဆက်ဆံခဲ့တာကို အရေးယူပေးဖို့ ကဝက်ကျေးရွာ အထက်တန်းကျောင်းကဆရာ၊ ဆရာမ(၅)ဦးက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးကို လက်မှတ်ရေးထိုး တင်ပြတိုင်ကြားခဲ့တာဖြစ်ပါတယ်။

ကဝက်ကျေးရွာ အထက်တန်းကျောင်းကို လူမှုရေဝန်ကြီးဒေါက်တာလှမြတ်သွေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး တင်ပြတိုင်ကြားခဲ့တဲ့ ဆရာဆရာမတွေကို ခြိမ်းခြောက်ဟန့်တားကာ အမှုပျောက်ကွယ်သွားအောင်ပြုလုပ်တာတွေကို စစ်ဆေးတွေ့ရှိရလို့ အမှုကိစ္စမှန်မှန်ကန်ကန် ဖြစ်အောင်တည့်မတ်သွားမယ်လို့ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးကပြောပါတယ်။

 ကျောင်းသားတွေအပေါ် အခုလိုအမှုကိစ္စ ကျူးလွန်သူဟာ ကျောင်းဆရာတစ်ဦးဖြစ်နေတာဟာ
လူ့အသိုင်းအဝိုင်းအတွက် ရုပ်ဆိုးတဲ့ ကိုယ့်ကျင့်တရား ဖန်တီးတဲ့သူဖြစ်တယ်လို့လည်း လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက သုံးသပ်ပြောကြားပါတယ်။

 လွန်ခဲ့တဲ့ တစ်နှစ်(၂၀၁၅-၂၀၁၆)စာသင်နှစ်မှာ ကဝက်ကျေးရွာ အထက်တန်းကျောင်းကနေ
မြောင်းမြမြို့ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲသွားရောက်ဖြေဆိုတဲ့ အချိန်က တည်းခိုတဲ့ဘုန်းကြီးကျောင်းမှာ ကျောင်းသားတွေကို ကျောင်းအုပ်ဆရာကြီးက လိင်တူဆက်ဆံခဲ့တာဖြစ်တယ်လို့ ဆရာ၊ဆရာမတွေရဲ့ တိုင်ကြားစာအရ သိရပါတယ်။ ဒီသတင်းကို ပုသိမ်ဗျူရိုက စိုးသိမ်းနဲ့ စိုးမြင့်ဦးတို့ ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>