မြောက်ကိုရီးယားခေါင်းဆောင်၏ အဖေတူညီအစ်ကို ကင်ဂျုံနမ် အသတ်ခံရမှုတွင် စုံစမ်းထောက်လှမ်းမှုများအရ ပါဝင်ပတ်သက်နိုင်ဖွယ်ရှိသူ ၇ ဦးထဲမှ ၂ ဦးအား မြောက်ကိုရီးယားမှ မလေးရှားရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးရန် တောင်းဆိုထားသည်။
၎င်းတို့ထဲတွင် မြောက်ကိုရီးယား သံရုံးမှ ဒုတိယအတွင်းဝန် ဟွန်ကွမ်ဆောင် နှင့် မြောက်ကိုရီးယား လေကြောင်းလိုင်း အမှုထမ်း တစ်ဦး ဖြစ်သည့် ကင်မ်အွတ်အီ တို့ကိုလည်း ယခု အမှုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးမေးမြန်း သွားမည်ဖြစ်ကြောင်း မလေးရှား ရဲချုပ်ခါလစ်ဒ် အဘူ ဘာကာ က ပြောသွားသည်။
မလေးရှားရဲချုပ် ခါလစ်ဒ်အဘူဘာကာက ၎င်းအနေဖြင့် မြောက်ကိုရီးယား သံရုံးသို့ သံသယရှိသူအား လွှဲပြောင်းပေးရန် အကူအညီတောင်း ထားကြောင်း ပြောသည်။
"ကျွန်တော်တို့ တောင်းဆိုတဲ့ အကြောင်းကြားစာ ဒီနေ့ပို့ထားပါတယ်”
“သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ၎င်းတို့နှစ်ဦးစလုံးကို ၀ရမ်းနဲ့ဖမ်းဖို့ လုပ်မှာဖြစ်တယ်”ဟု ပြောသည်။
တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူလေးဦးထဲမှ တစ်ဦးမှာ ပြုံယမ်းသို့ပြန်ရန် စီစဉ်နေသည်ဟု ယုံကြည်ကြောင်း ခါလစ်ကပြောသည်။ မလေးရှားရဲ တပ်ဖွဲ့မှ မြောက်ကိုရီးယားအနေဖြင့် အမှုစုံစမ်းဖော်ထုတ်ရာ အကူအညီပေးဖို့ တောင်းဆိုထားသည်။
“ဒီလေးဦးစလုံးက ဒီတိုက်ခိုက်မှုမှာ အဓိကပါဝင်ပတ်သက်သူတွေ ဖြစ်တယ်လို့ ကျွန်ုပ်တို့ယုံကြည်ပါတယ်” ဟု ၎င်းကပြောပြီး မြောက်ကိုရီးယား အစိုးရအနေဖြင့် ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း ထပ်လောင်းပြော ဆိုသည်။
ပြီးခဲ့တဲ့ကြာသပတေးနေ့က Ampang ရှိ ဟိုတယ်တစ်ခုတွင် အဆိုအမှုတွင် ပါဝင်သည့် အင်ဒိုနီးရှားနိုင်ငံသူ Siti Aisyah အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ သည်။
မလေးရှားရဲတပ်ဖွဲ့အနေဖြင့် လေဆိပ်စီစီတီဗီမှ တွေ့ရှိချက်ပေါ် အခြေခံပြီး သူမအား စုံစမ်းဖော်ထုတ်ခြင်းဖြစ်ပြီး ဖမ်းဆီးချိန်တွင် သူမတစ်ဦးတည်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ဆိုသည်။ သူမ၏ ရည်းစားဖြစ်သူကလည်း အဆိုပါ စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ဖို့ အတူပူးပေါင်းခဲ့ကြောင်း ဆိုသည်။
လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က ဗီယက်နမ်နိုင်ငံသား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် Doan Thi Huong ဆိုသူအား ပထမဆုံးအနေဖြင့် ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရရှိချိန်တွင် သူမအနေဖြင့် ဗီယက်နမ်သို့ပြန်ရန် စီစဉ်နေကြောင်း တွေ့ရှိရကြောင်း ဆိုသည်။
လုပ်ကြံခံလိုက်ရသည့် ကင်မ်ဂျုံနမ်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ဖအေတူ မအေကွဲ အစ်ကို တော်စပ်သည်ဟု သိရပြီး ၎င်းသည် မကာအိုသို့ သွားရောက်ရန် ကွာလာလမ်ပူလေဆိပ်သို့ ရောက်ရှိလာစဉ် တိုက်ခိုက်လုပ်ကြံ ခံလိုက်ရခြင်း ဖြစ်သည်။
Ref:The Star
The Ladies News