Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အပြေးသန်တဲ့ နဂါးလေး မိပြီ

$
0
0


မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့်ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေး နဂါးလေး(ခ) အောင်နိုင်မြင့်အား တစ်ပတ်အတွင်း ဖမ်းဆီးရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးလွန်ခဲ့သော မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် ထွက်ပြေးတိမ်းရှောင်နေသူ တရားခံပြေး နဂါးလေး(ခ)အောင်နိုင်မြင့်၊ (၃၇)နှစ်အား ဖမ်းဆီးရမိရေးအတွက် တိုင်း/ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း လိုက်လံဖမ်းဆီးရာ ထွက်ပြေး တိမ်းရှောင် လွတ်မြောက်သွားခဲ့သဖြင့် ထပ်ချပ်မကွာ လိုက်လံစုံစမ်းဖမ်းဆီး
ခဲ့ရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ဖမ်းဆီးရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် ထွက်ပြေးတိမ်းရှောင်နေသော နဂါးလေး(ခ)အောင်နိုင်မြင့်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဥဿဘုရားလမ်းဆုံ အနီးရှိ ကားဝပ်ရှော့သို့ ရောက်ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးစဉ် အဖမ်းမခံဘဲ ကားဖြင့်တိုက်၍ထွက်ပြေးသွားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး လိုက်လံရှာဖွေရာ ၎င်းမောင်းနှင် ထွက်ပြေးခဲ့သည့် X-Trail အမျိုးအစားမော်တော်ယာဉ်ကို ဒဂုံမြိ့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ကျည်စုအနောက်ကွင်းရှိ လယ်ကွင်းအလယ်မြေသား လမ်းပေါ်တွင်တွေ့ရှိပြီး နဂါးလေး(ခ)အောင်နိုင်မြင့်မှာ ထွက်ပြေးလွတ်မြောက်သွား ခဲ့ပါသည်။

ထွက်ပြေးလွတ်မြောက်သွားသူ တရားခံပြေး နဂါးလေး(ခ)အောင်နိုင်မြင့်အား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနမှ ဒုရဲမှူး ညိုပု ဦးစီးတပ်ဖွဲ့ဝင်များက ၎င်းတိမ်းရှောင်သွားနိုင်သည့်နေရာများသို့စုံစမ်းပြီး လိုက်လံဖမ်းဆီးခဲ့ရာ နဂါးလေး(ခ)အောင်နိုင်မြင့်မှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မကျီးချောင်း ၄ ရပ်ကွက်ရှိ ၎င်း၏အဒေါ်တော်စပ်သူ ဒေါ်ချိုပြုံး၏နေအိမ်သို့ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မင်းဘူးခရိုင်၊ မှုခင်းနှိမ်နင်းရေးဌာနမှရဲတပ်ဖွဲ့ဝင်များအားခေါ်ဆောင်၍ ဖမ်းဆီးခဲ့ရာ ဖေဖော်ဝါရီလ၂၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် နဂါးလေး(ခ)အောင်နိုင်မြင့်အား Honda Fit မော်တော်ယာဉ်နှင့်အတူ လက်ရဖမ်းဆီးရမိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရမိသော တရားခံပြေး နဂါးလေး(ခ)အောင်နိုင်မြင့်အား ကျူးလွန်ခဲ့ သောအမှုများဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>