Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပိုင်ဆိုင်မှုတင်ပြရမည့်အချက်အားပယ်ဖျက်ပေးရန် နိုင်ငံတော်သမ္မတမှတ်ချက်ပြုသည်ကို ပြည်ထောင်စုလွှတ်တော်ငြင်းဆို

$
0
0
လာဘ်ပေး၊လာဘ်ယူ ပပျောက်ရေးဥပဒေအရ ဖွဲ့စည်းမည့် ကော်မရှင်အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုတင်ပြရမည့်အချက်ကို ပယ်ဖျက်ပေးရန် နိုင်ငံတော်သမ္မတ မှတ်ချက်ပြုသည် ကို ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဇူလိုင်လ ၈ ရက် တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ငြင်းဆိုခဲ့ကြောင်း သိရှိရသည်။

လာဘ်ပေး၊လာဘ်ယူပပျောက်ရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီး နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့ ရာတွင် နိုင်ငံတော်သမ္မတမှ “ကော်မရှင်အဖွဲ့ဝင်များသည် ကော်မရှင်တွင် တာဝန်ပေးအပ်ခြင်းခံရသည့် အခါတွင် မိမိတို့ဦးစီး သည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် ငွေကြေး၊ ပစ္စည်း ပေးရန်တာဝန်နှင့် ရပိုင်ခွင့်များကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်” ဟူသော ဖော်ပြချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်မှုမရှိသဖြင့် နုတ်ပယ်သင့်ပါသည်ဟု မှတ်ချက် ပြုခဲ့သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေတွင် “လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များသည် တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်” ဟူ၍ ပြဋ္ဌာန်းထားကြောင်း၊ ယခုကော်မရှင်နှင့်အဖွဲ့ဝင်များသည် ယခုဥပဒေအရ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ရွေးချယ်ထားသော အဖွဲ့ဝင် ၁၅ ဦး ၏ အမည်များကို နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော် သို့တင်သွင်းပြီး သဘောတူညီချက်ရယူ၍ ကော်မရှင်ကို ဖွဲ့စည်းရသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအရ “လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များ ဖြစ်သည်” ဟုမှတ်ယူရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ဝင်များသည် မှုလပိုင်ဆိုင်မှုစာရင်း များကို ပြုစု၍ နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်းမရှိကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ထို့ပြင်ကော်မတီနှင့် ကော်မရှင်အဖွဲ့ဝင်များသည် နိုင်ငံတော်တစ်ဝန်းလုံး အတွက်လည်းကောင်း၊ တစ်မျိုးသားလုံး၏ အကျိုးစီးပွားအတွက် လည်းကောင်း၊ လာဘ်ပေး၊လာဘ်ယူ ပပျောက်စေရန် ဆောင်ရွက်ရမည့်သူများ ဖြစ်ကြောင်း၊ ထို့ကြောင့် လာဘ်ပေး၊လာဘ်ယူမှုပပျောက်စေရန် တာဝန်ပေးအပ်ခြင်းခံရသူများသည် ပွင့်လင်း မြင်သာရှိပြီး နိုင်ငံတော်သမ္မတ၏ အုပ်ချုပ်ရေး အာဏာ ဆောင်ရွက်ရာတွင် အထောက်အပံ့ရရန်လိုကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရသည်။

yangonchronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...