Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာ့တပ်မတော် တပ်ချုပ်ကြီး မင်းအောင်လှိုင်ကိုကိုင်ထားနိုင်ရင်အားလုံးပွဲသိမ်းနေပြီ လို့ ထိုင်းလက်ထောက်ကာကွယ်ရေးဝန်ကြီးယွန်ဆက်ကပြော

$
0
0
ဒီရက်ပိုင်း ထိုင်းနိုင်ငံရေးလောကသတင်းတွေထဲမှာတော့ လက်ရှိထိုင်းဝန်ကြီးချုပ်ယင်းလပ်ရဲ့အကို ပြည်ပြေးဖြစ်နေတဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင် နဲ့ လက်ရှိ ထိုင်းလက်ထောက်ကာကွယ်ရေးဝန်ကြီး (အငြိမ်းစားဗိုလ်မှူးချုပ်) ယွန်ဆက်စစီပရာ့ဖာ တို့ ဟောင်ကောင်က ဟိုတယ်ကြီးတစ်ခုမှာ လှို့ဝှက်တွေ့ဆုံစကားပြောကြတဲ့ အသံဖိုင်နဲ့ပတ်သက်တဲ့ သတင်းကထိတ်တန်းကိုရောက်နေပါတယ်။

တစ်စုံတစ်ယောက်က လှို့ဝှက်ဖမ်းယူပြီး ယူကျူ့ပေါ်တင်လိုက်တဲ့ ဒီအသံဖိုင်ဟာ လက်ရှိထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ပြည်တော်ပြန်မရတဲ့ သူ့အကိုက နောက်ကွယ်က ကြိုးဆွဲနေတယ်ဆိုတဲ့စွတ်စွဲချက်တွေဟာ အမှန်ပဲဖြစ်တဲ့အကြောင်း ဂွင်းလုံးချွတ်ချပြလိုက်သလိုဖြစ်သွားစေပါတယ်။

အသံဖိုင်ထဲမှာ သက်ဆင်နဲ့ လက်ထောက်ကာကွယ်ရေးဝန်ကြီး ယွန်ဆက်စစီပရာ့ဖာ တို့ပြောဆိုဆွေးနွေးကြတဲ့ အကြောင်းအရာတွေက စုံနဖာစီပါ၊ ရှေ့ဆက်လုပ်ဆောင်ရမဲ့ကိစ္စရပ်တွေ၊ နိုင်ငံရေးတိုက်ကွက် ဆုတ်ကွက်တွေအပြင် ထိုင်းနိုင်ငံရေးလောကမှာ အထိမခံဖြစ်နေကြတဲ့ တော်ဝင်မိသားစုအကြောင်းလဲပါတယ်၊ စစ်တပ်အကြောင်းလဲပါတယ်၊ အတိုက်အခံအကြောင်းလဲပါတယ်၊ မိတ်ဟောင်းဆွေဟောင်းတွေအကြောင်း၊ ရန်သူဟောင်းတွေ အသစ်တွေအကြောင်း အစုံပါပဲ။

အဲ ..အဲဒီထဲက စိတ်ဝင်စားဖို့ကောင်းတာက မြန်မာ့တပ်မတော် တပ်ချုပ်ကြီး မင်းအောင်လှိုင်အကြောင်းနဲ့ ဦးသိန်းစိန်အစိုးရရဲ့ အားကစားဝန်ကြီး ဦးတင့်ဆန်းအကြောင်း ပါ သူတို့ဆွေးနွေးတဲ့အထဲမှာ ပါလာတာပဲ။
တပ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ လက်ရှိမြန်မာ့နိင်ငံရေးရဲ့အဓိကပလေယာကြီးပဲလို့ ယွန်ဆက်နဲ့ သက်ဆင်က သုံးသပ်တယ်။ အသံဖိုင်ထဲမှာ မင်းအောင်လှိုင်ကို ယွန်ဆက်က ထိုင်းဘာသာစကားနဲ့ (တွယ်နိ) လို့ ၂ကြိမ်တိတိ သုံးထားတာတွေ့ရတယ်။ တွယ်နိဆိုတဲ့အဓိပ္ပါယ်က ဒီကောင်လို့ တိုက်ရိုက်ဘာသာပြန်လို့ရတယ်။

ဒီကောင်က ဦးသိန်းစိန်ရဲ့ အဓိက ကျောထောက်နောက်ခံပဲ၊ သူက ကာကွယ်ရေးဝန်ကြီးအပြင် နောက်ထပ်ဝန်ကြီးနေရာတွေကို ခန့်တဲ့အာဏာကိုပိုင်ထားတဲ့ကောင်၊ ဒီတော့ ဘယ်လောက်အာဏာရှိသလဲ တွေးကြည့်တော့၊ သူ့ကိုကိုင်ထားနိုင်ရင် အားလုံးပွဲသိမ်းနေပြီ လို့ ယွန်ဆက်က ပြောတော့ တက်ဆင်က ထားဝယ်ပရောဂျက်အတွက် သူ့ကိုပိုင်အောင်ထိမ်းထားချည်ထားဖို့ အရေးကြီးတယ်လို့ပြောတယ်။ ယွန်ဆက်က အဆင်ပြေပါတယ် ထိမ်းထားနိင်ပြီလို့ခပ်ကြွားကြွား ပြန်ဖြေတယ်။
ပြီးတော့ ယွန်ဆက်က ဦးသိန်းစိန်အစိုးရထဲက အရေးကြီးတဲ့ ဝန်ကြီးတစ်ပါးအကြောင်းလဲ ထပ်ပြောတယ်၊ အဲတစ်ယောက်က အားကစားဝန်ကြီး ဦးတင့်ဆန်းပဲ။ ဦးတင့်ဆန်းကိုတော့ ယွန်ဆက်က (မန်း) လို့သုံးသွားတယ်၊ မန်းဆိုတာ အရပ်စကား သူ လို့အဓိပ္ပါယ်ယူရမယ်ထင်တယ်၊ ဒါပေမဲ့ လေးလေးစားစားနဲ့ သူလို့ပြောတာမျိုးထက် ပေါ့ပေါ့ပါးပါး ငနဲက ဒါမှမဟုတ် ငတိက အဲသလို ဖြစ်မှာပေါ့။

ယွန်ဆက်က အဲဒီတင့်ဆန်းဆိုတဲ့ ငနဲက ငထောကြီး တော်တော့ကိုထောတာ နေပြည်တော်က ဆောက်လုပ်ရေးလုပ်ငန်းကြီးအတော်များများ ဒီငနဲဆောက်သွားတာချည်းပဲ၊ အစိုးရက သူ့ကိုပေးရမဲ့အကြွေးတွေအများကြီး တော်တော်များတယ်၊ အခု ဆီးဂိမ်းအတွက် ဆောက်လုပ်ရေးမှာလည်း သူက အဓိကပဲ၊ ဆီးဂိမ်းအောင်မြင်ရေးအတွက် ဦးသိန်းစိန်က သူ့မျက်နှာတောင်အညိုမခံရဲလောက်အောင်ပဲ။ ကိစ္စရှိလို့ သမ္မတကြီးနဲ့တွေ့ချင်တယ်ဆိုရင် နိုင်ငံခြားရေးတို့ဘာတို့ကနေ ပရိုတိုကောအတိုင်း လိုက်လုပ်မနေနဲ့ သူ့ကိုသာပြော ဒီနေ့တွေ့ချင်ရင် ဒီနေ့စီစဉ်ပေးနိုင်တယ် လို့ ဦးတင့်ဆန်းက သူ့ကိုပြောတဲ့အကြောင်း ယွန်ဆက်က တက်ဆင်ကိုပြောပြတယ်။

အကြွားထူပြီး လေလုံးကြီးကြီးနဲ့ လေပေါတတ်တဲ့ ထိုင်းတွေရဲ့ စိတ်နေစိတ်ထားကို နဂိုကတည်းက သိပေမဲ့ ဒီလိုထိတ်တန်းခေါင်းဆောင်တွေ ဒီလိုပြောလိမ့်မယ်လို့ ထင်ကိုထင်မထားဘူး။ ဒါကြောင့်လည်း ထိုင်းတွေလည်တယ် လည်တယ်နဲ့ တကယ်တန်း မြန်မာလူလည်နဲ့တွေ့ရင် အချီကြီးအလိမ်ခံရတာပဲဖြစ်မယ်။ ယွန်းဆက်က ထိုင်းအိုလံပစ်ကော်မတီ ဥက္ကဌဆိုတော့ မြန်မာပြည်က အားကစားဝန်ကြီး ဦးတင့်ဆန်းနဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိပုံပဲ၊ ဒီကနေ ဦးတင့်ဆန်းက ဦးသိန်းစိန်ကို သူဘယ်လိုပိုင်ကြောင်း ကြွားလုံးတွေပစ်ထားပုံရတယ်။ (ဒါပေမဲ့ ဦးတင့်ဆန်းကိုပေးရမဲ့ အစိုးရအကြွေးတွေ ကိစ္စက အမှန်ပဲ)။

တပ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ ပတ်သက်လို့ ဒီတပ်ချုပ်ကြီးက ထိုင်းရဲ့အကိုင်ကိုခံပါ့မလား ဖြစ်နိုင်ချေနည်းတယ်လို့ မြင်မိတာပဲ။ ဒါပေမဲ့ ယွန်ဆက်က မင်းအောင်လှိုင်လည်း တော်တော်ကြွယ်ဝတဲ့သူပဲလို့ ပြောသွားတာရှိတော့ တွေးစရာလေးတွေ ရှိသွားပြန်ရော။

ဒီအသံဖိုင်နဲ့ပတ်သက်လို့ ကာယကံရှင်ယွန်ဆက်ကတော့ ဒါဟာ အမှန်တကယ်မဟုတ်ပဲ တစ်စုံတစ်ယောက်က သူ့ကို သက်သက်မဲ့ နိုင်ငံရေးအရလုပ်ကြံတာ၊ လက်ရှိအစိုးရနဲ့ စစ်တပ်ကိုရန်တိုက်ပေးတာ စသဖြင့် ငြင်းဆန်ပြီး ဒါနဲ့ပတ်သက်ပြီး လက်ရှိယင်လပ်အစိုးရ ထိခိုက်မှုရှိသွားတယ်ဆိုရင် သူရာထူးကနေ နုတ်ထွက်ပေးဖို့ အသင့်ပဲလို့ ပြောပေမဲ့ ယင်လပ်ကတော့ ဒီလိုလုပ်ဖို့မလိုအပ်ဘူးလို့ ဆိုပါတယ်။
ဆက်စပ်သတင်းဖတ်ရန် -
http://www.bangkokpost.com/news/security/357859/yuthasak-blames-anti-dialogue-rebels-for-flurry-of-violence

Aung Zin Latt

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...