ဗဟုသုတခေါင်းပါးတယ် ပြောချင်လည်း ပြောကြဗျို့....
ဆိုတေးဆိုတာ အဆိုတော်တစ်ယောက်နာမည်လို့ မသိသလို
ဆိုတေးရဲ့ တေးသီချင်း တစ်ပုဒ်ကိုမှလည်း နားမထောင်ဘူးပါ၊ ဒါ့အပြင် ဆိုတေး ဖြူသလား၊ မဲသလား၊ ဘာသာခြားလား ..ဘာသာတူလားဆိုတာလည်း ဒီနေ့သတင်းတွေဖတ်မှ သိရတာပါ..
ဒါပေမဲ့ မြန်မာပြည်ရဲ့ ခေတ်မမီ၊ အဆင့်မမီတဲ့ လမ်းတံတားစနစ်၏ သားကောင်ဖြစ်ခဲ့ရသူ ဆိုတေးနှင့်အဖွဲအတွက် ဗြဟ္မစိုရ်တေးတစ်ပုဒ်ကို စာနဲ့ရေးထုတ်ပီး သီဆိုပေးလိုက်ချင်စိတ်ပေါ်လာပါတယ်..
ဒီကနေ့က တနင်္ဂနွေနေ့ဖြစ်တာကြောင့် ကျောင်းသွားစရာမရှိသလို ကျမ်းရေးတာလဲ အတော်လေးခရီးရောက်နေပီမို့ နားနားနေနေနေရာက ဒီ ပို့စ်လေးတစ်ခုတော့ရေးတင်ဖို့် စိတ်ကူးလိုက်တာပါ..
မြန်မာပြည်မှာ လတ်တလော အရေးကြီးကိစ္စဖြစ်နေတဲ့ မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပီး တနေ့က..မျိုးစောင့်ဥပဒေ ဘာလဲ ဘယ်လဲဆိုတဲ့ ခေါင်းစဉ်နဲ့ရေးတင်လိုက်ပါတယ်.
.အေးချမ်းမွန်ကလဲ အဲဒီပို့စ်ကို ဦးဇင်းရဲ့ အခုဓာတ်ပုံနဲ့ ပြန်တင်လိုက်တော့ အတော်လေးပြန့်သွားတယ်ထင်တယ်..လိုက်ခ်က ..၄၅၀ ကျော်တယ်..ပြန်ရှယ်တာက အေးချမ်းမွန်ပေ့ခ်ျက ၁၅၅ ကျော်. .ဦးဇင်းပေ့ခ်ျက ၁၈၀ ကျော်တာတွေ့ရတယ်..အခြား ဂရုတွေမှာလဲ ပြန်ရှယ်ကြတာတွေ့ရတယ်..
သဘောထားမှတ်ချက်တွေကတော့ အမြင်တူသူတွေစီကရော မတူသူတွေစီကပါ ကွန်မန့်တွေအများကြီးတက်လာတယ်...
စိတ်ထဲမှာ တို့မြန်မာနိုင်ငံသားတွေ ဒီကိစ္စနဲ့ပတ်သက်ပီး အတော်လေး စိတ်ဝင်တစားရှိနေကြတာပဲဆိုတာ တွေ့လိုက်ရသလို..ဂလိုဘယ်လိုက်ဇေးရှင်ခေတ်မှာ အင်တာနက်မီဒီယာရဲ့ ထိရောက်မှုကို အတော် အလေးထားလာကြပီဆိုတာ ကိုလည်း တွေ့လိုက်ရလို့ ၀မ်းသာအားရဖြစ်မိပါတယ်..
တကယ်တမ်းတော့ မြန်မာပြည်အင်တာနက်တွင်ကျယ်လာတာဟာ ကမ္ဘာနဲ့ချီပြောမယ်ဆိုရင် အလွန်နောက်ကျခဲ့ပါတယ်...ခုထိလဲ လိုင်းတွေက သန်းကောင်းကျော်မှ ကောင်းလို့ ဦးဇင်းက သန်းကောင်နက်လို့တောင် နာမည်ပေးထားပါသေးတယ်..ကဲကဲ ဒါတွေပြောရင် ဒေါတွေပါလာမှာမို့ အခုရေးမဲ့အကြောင်းရာကိုပဲ ဆက်ရေးပါမယ်..
ဒီကနေ့ ဘာရေးရင်ကောင်းမလဲလို့ သတင်းတွေလိုက်ဖတ်ကြည့်တဲ့အခါ အဆိုတော် ဆိုတေးကိစ္စက အင်တာနက်မှာ အကျော်ကြားဆုံးဖြစ်နေတာတွေ့ရတယ်..
အဲဒီအတွက် ..အထက်ကပြောခဲ့သလို စိတ်ကူးပေါက်ကာ ဆိုတေးအတွက် တေးဆိုခြင်းဆိုတဲ့ခေါင်းစဉ်ကိုရွေးဖြစ်သွားတာပါ.
မြန်မာပြည်မှာ ကားအက်ဆီးဒင့်က မကြာခဏဖြစ်နေတဲ့အတွက် ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး၊ အထူးသဖြင့် ရန်ကုန် မန္တလေး အဝေးပြေးလမ်းမှာ ဘယ်နေ့၊ ဘယ်သူတွေဖြစ်အုံးမလဲလို့ ရင်တမမနဲ့ သတင်းစောင့်ဖတ်နေရတဲ့ အဖြစ်ပါ တလောကလဲ ဆရာဝန်များအဖွဲ့ ကားအက်ဆီးဒင့်ဖြစ်တဲ့ သတင်းဖတ်လိုက်ရပါတယ်..အတော်လေးစိတ်မကောင်းဖြစ်မိပါတယ်...
ဒီနေ့မနက် အင်တာနက်ဝင်လိုက်တာနဲ့ အဆိုတော် ဆိုတေးနှင့်အဖွဲ့ အဝေပြေးလမ်းမှာ ကားတိမ်မှောက်မှုသတင်း ဖတ်ရပြန်တော့ အော် နောက်ထပ် အမြန်လမ်းရဲ့ သားကောင်များပေါ်လာပြန်ပါပကောလို့ စိတ်ထဲမှာ ပြောမိလိုက်ပါတယ်...
သတင်းစာမျက်နှာတွေမှာ ဆိုတေးနဲ့ပတ်သက်ပီး လိုက်ဖတ်ကြည့်ရာ အရင် ပုဂံမှာ တေးစီးတီးအတွက် ဗွီဒီယိုရိုက်တဲ့ကိစ္စ..နောက်ပီး ဆိုတေးက ဘာသာခြားဆိုတဲ့ အမြင်တွေနဲ့ အတော်လေးဝေဘန်လာတာ တွေ့ရပါတယ်... တစ်ချို့ကဆို မြန်မြန်သေးသွားရင် အေးတာပဲလို့ ကွန်မန့်ရေးထားတာတောင် တွေ့ရပါတယ်..
အော် အော် တို့မြန်မာတချို့မှာ ဘာသာရေးပဋိပက္ခတွေဖြစ်လာပီးနောက် အတော်ကို အဆိုးမြင်စိတ်တွေလွှမ်းမိုးခံလာရပါလား... မေတ္တာဓာတ်တွေ အတော်လေး ခမ်းခြောက်လာနေကြပါလားလို့ အတွေးဝင်မိလိုက်ပါတယ်...
အခုလို သနားကြင်နာမဲ့စကားတွေ ပြောကြဆိုကြတာဟာ
ဘယ်သူတွေ၊ ဘယ်ဘာသာဝင်တွေဆိုတာတော့ မသိပါဘူး...သေခြာတာကတော့ မြန်မာပြည်သားတွေဆိုတာပါပဲ..
ဒါနဲ့ပတ်သက်ပီး တခြားဘာသာဝင်တွေကိုတော့ ပြောစရာမရှိပါဘူး...ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေကိုတော့ မြတ်စွာဘုရားဟောခဲ့တဲ့ ဗြဟ္မစိုရ်တရား ( ၄ )ပါးထဲက မေတ္တာ ကရုဏာ၊ မုဒိတာ သဘောကို အနည်းငယ်ရှင်းပြလိုပါတယ်..မေတ္တာ ကရုဏာ မုဒိတာရဲ့သဘောဟာ မိတ်ဆွေ ၊ ရန်သူ မခွဲခြားသလို သူ့ဘာသာဝင် ငါ့ဘာသာဝင်စသဖြင့် ခွဲခြားပီးဆက်ဆံတဲ့ သဘောမရှိပါဘူး...
မေတ္တာဆိုတာ လူမျိုးဘာသာမရွေး ၊ လူသားနဲ့တိရစ္ဆာန်မခွဲခြားပဲ သတ္တ၀ါမှန်သမျှအပေါ်မှာ အညီအမျှ ကောင်းစေလိုတဲ့ စိတ်သဘောထားနဲ့ ပွားများရတာပ
ကလေနှစ်ယောက်ရန်ဖြစ်ရာမှာ ကိုယ့်ကလေးခေါင်းကိုပွတ်ကာ ဖွဖွ ငါ့သားလေးဘယ်နား နာသွားလဲပြောပီး ကခြားကလေးကို ခေါင်းခေါက်တာ၊ ကန်ကျောက်တာမျိုးက မေတ္တာစစ်မဟုတ်ပါဘူး...တဏှာပေမ အတ္တ အရင်းခံတဲ့ မကောင်းစိတ်ပါ.. .မြတ်စွာဘုရားက သူ့ကို တိုက်ခိုက်ဖို့အပြေးလားတဲ့ နာလာဂီရိဆင်ပြောင်ကြီးကို မေတ္တာပွားပီး ဒေါသကိုပြေစေခဲ့ကာ အနိုင်ယူခဲ့တာ သာဓကယူကြည့်ပါ..
ကရုဏာဆိုတာ ကိုယ့်အောက် နိမ့်ကျတဲ့သူ သနားစရာအခြေနေတွေ့ရင် ကိုယ့်ရန်သူပင်ဖြစ်စေ သနားကြင်နာမှုသဘောပြတာကို ဆိုတာပါ..မြတ်စွာဘုရားကိုယ်တော်တိုင် သူ့နဲ့ အယူဝါဒဆန့်ကျင်ပီး ပရိတ်သတ်အလယ်မှာ အရှက်လာခွဲတဲ့ အမ္ဗတ္ထလုလင်ကို သနားကရုဏာသက်ပီး မိမိအလိုကိုလိုက်လာအောင် တရားနည်းနဲ့လမ်းနဲ့ ဆောင်ရွက်ခဲ့တာပါ..
မုဒိတာဆိုတာလဲ သဘောသွား အတူတူပါပဲ..ကိုယ့်ထက်သာလို့ .၀မ်းမြောက်စရာရှိရင် ရန်သူကပဲသာသာ မိတ်ဆွေပဲသာသာ ၀မ်းမြောက်ဝမ်းသာဖြစ်တာကို ပြောတာပါ..
အခု အဆိုတော် ဆိုးတေးကိစ္စနဲ့ပတ်သက်ပီး သေလုမြောပါးဖြစ်နေတဲ့ သူတစ်ယောက်အပေါ်မှာ ဘာသာခြားမို့ဆိုတဲ့အမြင်နဲ့ ကရုဏာမသက်တဲ့အပြင် အမြန်သေးသွား အေးတာပဲဆိုတဲ့ သဘောထားတွေဟာ အတော်ကို အကြီးတန် အရုပ်ဆိုးလွန်းပါတယ်...
ကိုယ်က ကရုဏာမထားနိုင်လျင်တောင်မှ ဘာသာခြားမို့ ဒေါသ အာဃာတနဲ့ ပြောတာဆိုတာမျိုး မလုပ်သင့်ပါဘူး....လူတစ်ယောက်ရဲ့ စိတ်ဓာတ်အခြေနေ ဘယ်လောက်အဆင့်တန်းမြင့်တယ်..အဆင့်တန်းနိမ့်တယ်ဆိုတာ သူ့ရဲ့ အပြောအဆိုက ဖော်ပြတယ်....အင်တာနက်မှပဲ ငါ့ကို ဘယ်သူသိတာမှတ်လို့ ဆိုပီး စိတ်ရှိတိုင်း ကော်တုတ်ဆဲဆို ပြစ်တင်ကြိမ်းမောင်းလေ့ရှိသူတိုင်း သတိထားသင့်ပါတယ်..
အမိယုတ်တော့ နှုတ်ကြမ်း၊ အဖယုတ်တော့ ကိုယ်ကြမ်းဆိုတဲ့စကားရှိပါတယ်..ဒီလို့ ဆဲရေးကြိမ်းမောင်းခြင်းဖြင့် ကိုယ့်ရဲ့ ယုတ်ညံ့တဲ့ စိတ်ဓာတ်နဲ့ မကောင်းတဲ့ ဗီဇအခြေနေကို တစ်ကမ္ဘာလုံးသိအောင် ကိုယ်တိုင် ကြော်ငြာပေးလိုက်သလိုဖြစ်သွားပါတယ်..အထူးသတိထားပီး ရှောင်ကြဉ်သင့်ပါတယ်.
အင်း ပေရှည်တတ်တဲ့ ထုံးစံအတိုင်း စာနဲနဲရှည်သွားပီ...ဒီလောက်နဲ့ပဲ ဆိုတေးအတွက် တေးတစ်ပုဒ်ဆိုတဲ့ ဒီပို့စ်ကို နိဂုံချုပ်ပါတော့မယ်..
လူမျိုးတူတာ မတူတာ၊ ဘာသာတူတာ မတူတာတွေကို ခဏမေ့ထားပီး ဘုရားသားတော် ရဟန်းတစ်ပါးဖြစ်သည်နှင့်အညီ ဗုဒ္ဓရဲ့လမ်းစဉ်အတိုင်း ကိုယ်တတ်နိုင်တဲ့ဘက်က ဆုတောင်းမေတ္တာပို့ပေးပါတယ်ဆိုတဲ့အကြောင်းနဲ့
ယနေ့ ကားအက်ဆီးဒင့်မှာ ဒုက္ခရောက်ခဲ့တဲ့ အဆိုတော် ကိုဆိုတေး အမြန်ဆုံး သက်သာပြောက်ကင်းပါစေ၊ ကွယ်လွန်သွားတဲ့ ၄င်း၏ဇနီးလည်း ကောင်းရာသုဂတိ
ရောက်ပါစေလို့ မေတ္တာ ကရုဏာ ဗြဟ္မစိုရ်တေးစိုရ်တေးတစ်ပုဒ် ရေးထုတ်တင်ပြလိုက်တယ်...
သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု......
Ashin Kumuda