Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်များ၏မှန်ခေါင်းတလားများဖြင့် ရှေးဘုန်းကြီးကျောင်းဘုရားခန်းကိုအမှတ်တရပြုလုပ်ထား

$
0
0
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက်တွင်ကျဆုံးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာ နည်ပုဂ္ဂိုလ်ကြီးများ၏ နိုင်ငံတော် အခမ်းအနားတွင် ရုပ်ကလာပ်များ ထည့်သွင်းထားခဲ့သော ခေါင်းတ လားများ မှ မှန်ချပ်များကို ရှေး ဟောင်းဘုန်းကြီးကျောင်းတစ် ကျောင်း၏ ဘုရားခန်းပြုလုပ်ရာ တွင် ထည့်သွင်းအသုံးပြုထား ကြောင်း ရန်ကုန်တိုင်းမ်နေ့စဉ်မှ စုံစမ်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး တွံ တေးမြို့နယ် မငေး အလယ်ကျေး ရွာတွင် နှစ်ပေါင်း ၁ရဝနီးပါးသက် တမ်းရှိ မငေးအလယ်ရွာကျောင်းတိုက်ရှိ ရှေးဟောင်းဘုရားပစ္စည်း များထားရှိသည့် ဘုရားခန်း၏ရှေ့မျက်နှာစာ အကာအရံနေရာ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာ ဇာနည် ပုဂ္ဂိုလ်များ ၏ ဈာပနအ ခမ်းအနားတွင်အသုံးပြုခဲ့သော ရုပ်ကလာပ်များ ထည့်သွင်းခဲ့သည့် မှန်ခေါင်းတလားများမှ မှန်ချပ် များကို ဒေါင်လိုက်အနေအထား ဖြင့် ကာရံအသုံးပြုထားခြင်းဖြစ်ကြောင်း တွေ့ရသည်။

''ဈာပနအခမ်းအနားပြီးတာနဲ့လာလှူဒါန်း သွားတာ။ အခေါင်းခုနစ်လုံးစာပဲလို့ပြောခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းအလောင်းတင်တဲ့ ခုတင် တစ်လုံးလဲ လှူသွားတယ်။ ဘုန်းကြီးရဲ့ အရင်က ကျောင်းထိုင်ဆရာတော်ကြီးလက်ထက်မှာ လာလှူ ဒါန်းသွားတာပါ။ အဲဒီတုန်းက ဘုန်းကြီးက ဦးပဉ္ဇင်း ပေါ့''ဟု သက်တော် ၈၃နှစ်ရှိပြီဖြစ်သည့် မငေး အလယ်ရွာကျောင်းတိုက်ဆရာတော်ကြီးဦးသုန္ဒရ ကမိန့်သည်။ အဆိုပါ ခေါင်းတလားမှန်ချပ်များကို လှူဒါန်း ခဲ့သူ သည် ဗိုလ်ချုပ်အောင်ဆန်းတို့၏ နိုင်ငံတော် ဈာပနအခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌဌ အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပြီး ထိုအချိန်က အရိုး ကုန်း(ယခုအခေါ်မလွှကုန်း)တွင်နေခဲ့သည့် အတွင်း ဝန်ဦးသန်းစိန်ဆိုသည့် ဒကာဖြစ် ပြီး ယင်းအတွင်း ဝန်၏ဇနီးမှာ မငေးရွာသူဖြစ်သည့်အတွက် ယခု ကဲ့သို့ရရှိခဲ့ခြင်းဖြစ်ကြောင်း ကျောင်းထိုင်ဆရာ တော်ကြီး၏မိန့်ကြားမှုများအရ သိရသည်။

''ဗိုလ်ချုပ်အောင်ဆန်းတို့အလောင်းတွေကို အာဇာနည်ကုန်းမှာမြုပ်နှံတော့ ဒီမှန်ခေါင်းတွေက ထည့်မပေးလိုက်ရဘူးလို့ သိရတယ်။ အာဇာနည် ကုန်းမှာက အဆင်သင့်ပြင်ဆင်ပြီးသားလို့ သိရ တယ်။ အဲဒါကြောင့် ဒီရွာသူဖြစ်တဲ့ဒကာမက မှန် ရှားနေတဲ့အတွက်လဲ ပါပါလိမ့်မယ်။ ကျောင်းထိုင် ဘုန်းကြီးကိုလှူဒါန်းတော့ ဘုန်းကြီးက မငြင်းဘဲ လက်ခံလိုက်တယ်။ ကျောင်းထိုင်ဘုန်းကြီးကလဲ ဘုရားခန်းပြုပြင်နေချိန်၊ အာဇာနည်ပုဂ္ဂိုလ်တွေရဲ့ အလောင်း ထည့်တဲ့အခေါင်းတွေလဲဖြစ်တဲ့အတွက် အမှတ်တရအနေနဲ့ ဘုရားခန်းမှာအသုံးပြုဖို့လက်ခံခဲ့တယ်။ မှန်ခေါင်းတွေကို အချပ်လိုက်ခွာ ပြီး လှေနဲ့ယူလာတာ'' ဟုကျောင်းထိုင်ဆရာတော် ကြီးက မိန့်သည်။ အဆိုပါဘုရား ခန်းတွင် မှန်ချပ် ၂၆ချပ်ကို အသုံးပြုကာရံထားသည်ကိုတွေ့ရပြီး ဗိုလ်ချုပ်အောင် ဆန်း၏အခေါင်းကိုတင်သည့် အလောင်းတင်ခု တင်ဆိုသည့် ၆ပေ ၃ပေအကျယ်ရှိ ကျွန်းခုတင်တစ် လုံးကိုမူ သီးသန့်အခန်းတစ်ခုတွင် သီးခြား သိမ်း ဆည်းထားသည်ကို တွေ့ရသည်။

''အခေါင်းထိပ်ပိတ်တွေကို ဘုရားခန်းမှာ ထည့် မကပ်ခဲ့ဘူး။ ခြောက်ပေအရှည်ရှိတဲ့မှန်တွေကိုပဲ သုံးထားတာ။ လိုတဲ့နေရာမှာတော့ အခြားမှန်တွေ ကိုထပ်ဖြည့် ခဲ့ရတယ်''ဟု ဆရာ တော်က မိန့်သည်။ယင်းတွံတေးမြို့နယ် မငေးအလယ်ရွာကျောင်း တိုက်မှလှမ်းကြည့်ပါက ရန်ကုန်ရှိ ရွှေတိဂုံစေတီကို မြင်နေရသော်လည်း ယင်းကျေးရွာကိုသွားလာရန် အတွက် အခက်အခဲများရှိနေပြီး မြစ်ရေတက်ချိန် ကို စောင့်ဆိုင်း သွားရကြောင်းနှင့် မိုးအခါတွင် ကုန်း လမ်းများသည်အသုံးပြု၍မရကြောင်း ရွာသားများ ထံမှ သိရသည်။ ယင်းကျောင်းတိုက်တွင် လက်ရှိအချိန်အထိ ကျောင်းထိုင်ဆရာတော်ငါးပါး ဆက် ကျောင်းထိုင် ခဲ့ပြီး ယခုကျောင်း ထိုင်ဆရာတော်ကြီး၏ရှေ့မှ ဆရာတော်ကြီးသည် သူ့ခေတ်သူ့အခါက သုံးဘဝ ဆရာတော်အဖြစ် ယင်းနယ်တွင် နာမည်ထင်ရှား သူဖြစ်ကြောင်း သိရသည်။ ယင်းကျောင်းတိုက်အတွင်း ဗိုလ်ချုပ်အောင် ဆန်းခေါင်းပုံပါကြေးဝါပြား၊ မင်းတုန်းမင်း ဘုရင် ၏သာသနာတော်ဆိုင်ရာချီးမြှင့်သည့် ပေစာဘွဲ့လက်မှတ်များ၊ နှစ်ပေါင်း ၃ဝဝကျော်ရှိဘုရားများ၊ အခြားရှေးပေစာရွက်များ၊ ဂျပန်ခေတ်ကထွင်းခုတ် ခဲ့သည့် ရိုးရာလောင်းလှေများနှင့် ရှေးနာရီအချို့ကိုကျောင်းကြီး အတွင်း ထိန်းသိမ်းထားကြောင်း တွေ့ရသည်။

၁၉၄ရခုနှစ် ဇူလိုင် ၁၉ရက် နံနက် ၁ဝနာရီခွဲ ဝန်းကျင်တွင် အတွင်းဝန်ရုံးအတွင်း လုပ်ကြံမှုတွင် ကျဆုံးခဲ့သည့်အာဇာနည်များသည် ဗိုလ်ချုပ်အောင် ဆန်းအပါအဝင်ကိုးဦးဖြစ်သော်လည်း အခေါင်းခုနစ် လုံးဖြစ်နေရခြင်းမှာ ထိုအချိန်က ကျင်းပသည့် နိုင်ငံ တော်ဈာပနတွင် အစ္စလာမ်လူမျိုးများဖြစ်သည့် ဦး အဗ္ဗဒူရာဇတ်(ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး)နှင့် ယင်း၏သက်တော်စောင့် ရဲဘော်မောင်ထွေး တို့က ယင်းတို့၏ ဘာသာရေး ဓလေ့ထုံး တမ်းအရ ဇူလိုင် ၂၁ရက်၌ပင် တာမွေရှိမူဆလင်သင်္ချိုင်းတွင် မြေမြှုပ်ခဲ့သည့်အတွက်ကြောင့် ဂျုဗလီဟော (ယခု တပ်မတော်ပြတိုက်)တွင် ကိုးလကျော်ကျင်းပခဲ့သည့် နိုင်ငံတော်ဈာပနတွင် အလောင်း ခုနစ်ခုဖြစ် နေ ခြင်းဖြစ်ကြောင်း ဘုန်းတော်ကြီးပြောကြားမှုများနှင့် ဗိုလ်ချုပ်အတ္ထုပ္ပတ္တိစာအုပ်များ၏ဖော်ပြမှုများအရသိရသည်။ အဆိုပါခုနစ်ဦးကို အာဇာနည်ကုန်းတွင် ဂူသွင်း မြုပ်နှံခဲ့ရာတွင် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းဂူ တွင် ရုပ်အလောင်း မရှိဘဲ ပြာအိုးသာရှိကြောင်း သိရသည်။ အဘယ့်ကြောင့်ဆိုသော် ၁၉၄၈ခုနှစ် မတ် ၄ရက်ကတည်းက ယင်းစော်ဘွားကြီး၏သားဖြစ် သူက သူ၏ဇာတိမြို့သို့သယ်ယူ မီးသဂြိုလ်င်္်ခဲ့ပြီး မိုင်းပွန်မြို့တွင် အာဇာနည်ပြ တိုက်ပြုလုပ်ခဲ့ကာ ၁၉၄၈ခုနှစ် ဧပြီ ၈ရက် အာဇာနည်များကို မြေမမြုပ် မီသုံးရက်အလိုကျမှ အရိုးပြာတစ်ဝက်ကို ရန်ကုန်သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှတ် တမ်းများအရ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ကြီးများ၏ရုပ်ကလာပ်များကို အာဇာနည်ဗိမာန်တွင် ၁၉၄၈ခုနှစ် ဧပြီ ၁၁ရက်နေ့က ဂူသွင်းမြုပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ''အခုဆိုရင် ဒီကျောင်းကို ဒီမှန်တွေရောက်နေ ခဲ့တာ အာဇာနည်နေ့ သက်တမ်း ၆၆နှစ်နဲ့ အတူတူ ပါပဲ''ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

ကျော်ဇေယျ
The yangon times

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...