၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါအချက်များ၌ တိုင်းရင်းသားများ၏ အခွင့်အရေး ရပိုင်ခွင့်များနှင့် ပတ်သက်၍ အပြည့်အ၀ပါဝင်သည်ဟုဆိုနေ သော်လည်း ယင်းအဖွဲ့စည်းပုံ အခြေခံဥပဒေမှပေးသော အခွင့် အရေးများသည်တိုင်းရင်းသားများ တောင်းဆိုသော ဖယ်ဒရယ်နှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိကြောင်း ရှမ်းတိုင်းရင်းသားခေါင်းဆောင် တစ်ဦးနှင့် SNLD တာဝန်ရှိသူတစ် ဦးဖြစ်သူဦးစိုင်းညွန့်လွင်ကဆိုသည်။
“၂၀၀၈ ဖွဲ့စည်းပုံမှာ ကျွန်တော် တို့တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် တွေ၊ပြီးတော့ ဖယ်ဒရယ်ဆိုတာနဲ့ ပတ်သက်ပြီးလုံးဝမပါပါဘူး။ ပွင့် ပွင့်လင်းလင်းပြောရရင် ၂၀၀၈ အခြေခံဥပဒေကဖယ်ဒရယ်နဲ့ ဘာမှမဆိုင်ပါဘူး။ ၂၀၀၈ ဖွဲ့စည်း ပုံမှာဖယ်ဒရယ်ပါတယ်လို့ပြောရင် လည်း လုံးဝလက်မခံပါဘူး။ ကျွန်တော်တို့ရဲ့ဖယ်ဒရယ်က အဓိကပင်လုံစိတ်ဓာတ်၊ ပင်လုံစာ ချုပ်ကလာတဲ့ ပင်လုံစိတ်ဓာတ်ကို ဆိုလိုတာပါ။ ပင်လုံစိတ်ဓာတ်လို့ ဘာလို့ပြောသလဲဆိုတော့ ပင်လုံ စာချုပ်ချုပ်စဉ်မှာပါတာတွေကို မမေ့ဖို့လိုတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုတော့ မဝေဖန် လိုပါဘူး။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့တိုင်းရင်း သားတွေအတွက်ဖယ်ဒရယ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံမှာမပါတာတော့ အသေအချာပါပဲ။ ခြုံပြီးပြောရရင် တန်းတူညီတူပြဋ္ဌာန်းခွင့်လိုပြော ချင်တာ ဒီလောက်ပါဘဲ။”
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား တပ်မတော်အစိုးရ လက်ထက်၌ စတင်ရေးဆွဲခဲ့ပြီး ထိုသို့ဖွဲ့စည်းပုံအခြေခံဥပဒေရေး ဆွဲရာ၌ပါဝင်ခဲ့သူများနှင့် ယခင် တပ်မတော်အစိုးရရလက်ထက် တာဝန်ရှိသူများဖြစ်ပြီး ယခုအစိုးရ သစ်လက်ထက်၌ သတ်မှတ်မဲ ဆန္ဒနယ်များမှ လွှတ်တော်ကိုယ် စားလှယ်များအဖြစ်ရွေးချယ်တင် မြှောက်ခြင်းခံထားရသူအချို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည်ပြီးပြည့်စုံသော မိခင်ဥပဒေ ကြီးတစ်ခုဖြစ်သည်နှင့် အညီ တိုင်းရင်းသားများတောင်းဆိုသော ဖယ်ဒရယ်အချက်အလက်များနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးသော ရပိုင်ခွင့်များမှာကွာခြား မှုမရှိဟုဆိုကြပါသော်လည်း လက်ရှိတိုင်းရင်းသားပါတီကြီးတစ် ခု၏ခေါင်းဆောင်တစ်ဦးဖြစ်သူက မူယင်းနှင့် ပတ်သက်၍ပြန်လည် ချေပပြောဆိုလိုက်ခြင်းဖြစ်သည်။
ခန့်ခန့်(ဒဿနိက)
The hot news weekly