( Bangkok Post မှ 13 July 2013 ရက်စွဲပါ “Tanasak Says Audio clip will not damage Myanmar ties “ သတင်း ကို ဘာသာပြန်ဆိုသည်)
ထားဝယ်စီမံကိန်းကို အမြတ်ထုတ်မည့် အစီအစဉ်တွင် ထည့်သွင်းပြောဆိုခံရသော အသံဖိုင်ကြောင့် မြန်မာစစ်တပ် အကြီးအကဲသည် စိတ်အနှောက်အယှက် ဖြစ်နေခြင်းမရှိကြောင်း ထိုင်းစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တာနာဆပ်ပါတီ မာပရာဂွန် က မနေ့က ပြောကြားသည်။
တနင်္လာနေ့က တွေ့ဆုံကြစဉ် ဗိုလ်ချုပ်ကြီးမင်းအောင်းလှိုင်( မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီးဟု ခေါ်ဝေါ်)သည်။ ထိုအသံဖိုင်ကြောင့် စိတ်ရှုတ်နေပုံမရကြောင်း ဗိုလ်ချုပ်ကြီး တာနာဆပ် က ပြောကြားပါသည်။
မနက်ဖြန် တပ်မတော်ချင်း ချစ်ကြည်ရေး ဘောလုံးပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု ၄င်းကဆိုသည်။
“ကျွန်တော်တို့ ဇူလိုင် ၈ ရက်နေ့ တွေ့ကြတုန်းက သူဘာမှ ပြောမသွားပါဘူး။ အရင်လိုခင်ခင်မင်မင်ပါပဲ။ သူ့ဘက် က နားလည်မှုရှိတယ်လို့ ကျွန်တော်သေချာပေါက် ပြောနိုင်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး တာနာဆပ် ကပြောကြားသည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ဒုတိယကာကွယ်ရေး ဝန်ကြီး ယူသာဆတ်တို့ ဆွေးနွေးပြောဆိုခဲ့ကြသော စကားများဟု ယုံကြည်ရသည့် မိနစ် ၃၀ စာ အသံဖိုင်သည် ပြီးခဲ့သော စနေနေ့က လူမှုကွန်ယက် မီဒီယာမှ တဆင့် ပျံ့နှံ့သွားခဲ့ သည်။
၎င်းအသံဖိုင်နှင့် ပတ်သက်၍ သတင်းဖော်ပြရာတွင် နှစ်နိုင်ငံ နားလည်မှု အလွဲများဖြစ်မသွားစေရန် ရှောင်ရှားကြ ဖို့ ဗိုလ်ချုပ်ကြီး တာနာဆပ်က မီဒီယာများကို တောင်းဆိုထားသည်။
ဗိုလ်ချုပ်ကြီးပရာဆပ် က ၄င်းအနေဖြင့် ထိုအသံဖိုင်ကို အထူးအလည် စိတ်ဝင်စားခြင်းမရှိကြောင်း ၊ အချိန်အကြာ ကြီး သိကျွမ်းခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ယူသာဆတ်အကြောင်းကို ကောင်းစွာသိထားကြောင်း၊ ဤကိစ္စကို လူကိုယ်တိုင် ပြောကြားသည်ဖြစ်စေ၊ ပထမဆုံးအသိပေးသည်ဖြစ်စေ မိမိစိတ်ဆိုးမည် မဟုတ်ကြောင်း၊ ဂရုလည်းမစိုက်ကြောင်း၊ ဝေဖန်မှု တွေကို အာရုံစိုက်နေပါက အလုပ်ကို ကောင်းစွာ လုပ်နိုင်မည် မဟုတ်ကြောင်း၊ ၄င်းအသံ ဖိုင်ကြောင့် ဒုတိယကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း ယူသာဆတ်နှင့် စစ်တပ်ခေါင်းဆောင်များအကြား တစုံတရာ ပြဿနာ မရှိကြောင်း ရှင်းလင်း ပြောကြားပါသည်။
“စစ်တပ်ဟာ သူတာဝန်ကို သူထမ်းဆောင်မယ်။ ဥပဒေကို လိုက်နာမယ်။ ကြည်းရေလေ တပ်ဖွဲ့ ခေါင်းဆောင်တွေ ကလည်း ဒီအတိုင်းပဲ ပြောကြမှာပါ” ဟု ထိုင်းစစ်တပ် အကြီးအကဲက ဆက်လက်ပြောကြားသည်။
ပေါက်ကြားပျံ့နှံ့သွားသော အသံဖိုင်တွင် ထားဝယ်စီမံကိန်းနှင့် ပတ်သက်၍ မြန်မာခေါင်းဆောင်များအပေါ် သြဇာ ညောင်းအောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အသုံးချရေး၊သက်ဆင်ပြန်လာခွင့်ရမည့် လွတ်ငြိမ်းချမ်းသာခွင့် အတွက် ထိုင်းစစ်တပ်က ပါဝင်တွန်းအားပေးရေး တို့အပါအဝင် ထိုင်းစစ်တပ်နှစ်စဉ် ရာထူးနေရာ အရွှေ့အပြောင်း ကိစ္စများကို ဆွေးနွေးထားသည်။
သက်ဆင် အိမ်ပြန်လာခိုင်းစေမည့် လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်၌ ထိုင်းစစ်တပ် ပါဝင်နေသည်ဟူသော စွပ်စွဲမှု များကို ဗိုလ်ချုပ်ကြီး တာနာဆပ်က ငြင်းဆိုသည်။
“ကျွန်တော်တို့က တရားရေးဒါနလည်း မဟုတ်ဘူး။ရဲတပ်ဖွဲ့လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘာလုပ်ရမယ် ဆိုတာ ကို ပြဌာန်းထားတဲ့ ဥပဒေရှိပြီးသားပါ” ဟု ထိုင်းစစ်တပ်အကြီးအကဲက ပြောကြားသွား ပါသည်။
yangon chronicle