
ဆရာတော် အရှင် ဆန္ဒာဓိက ( ရွှေပါရမီတောရ ) မှ လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် မတရား ရယူ သွားသောဗိုလ်ချုပ်အောင်ဆန်းလက်ရေးစာမူစာအုပ်အား မူရင်းပိုင်ရှင် ရေနံချောင်းမြို့အားပြန်လည်ပေးအပ်ရန်နှင့်…ပေးအပ်ခြင်းမရှိပါက ဆရာ တော်မှ…ဆန္ဒပြထုတ်ဖော်သင့်ကြောင်းပြောဆိုခဲ့သည်။
ရေနံချောင်းဒေသခံများအနေဖြင့် ယခုစာအုပ်အား ပြန်လည်ရယူရန်ကြိုးစား အားထုတ်ခြင်း မပြုပါက…ဆရာတော်အနေဖြင့်ဇာတိ ရေနံချောင်းမြေကိုဘယ်သောအခါမှ ခြေချမည်မဟုတ်ဆိုတာကိုလည်း မိန့်ကြားခဲ့ပါသည်…ဆရာတော်မှ ဗိုလ်ချုပ်လက်ရေးစာမူ ကိစ္စနဲ့ ပတ်သက်ပြီး….ဒေါ်လာ သန်းတစ်ထောင်ပေးမည်ဆိုရင်တောင်မှ မလဲနိုင်ဟု ပြတ်ပြတ်သား သား မိန့်တော်မူခဲ့ပါသည်။
Credit – YNG Obo
အသံဖိုင်..Maung Maung Wann